အထက်လူကြီးတွေ
မိုက်လိုက်တာ
ကောင်းကင်ကျနို့ရည်တွေ
လူတန်းစားလဲမခွဲဘူး
လမ်းမှားအောင်လဲ မလုပ်ဘူး
ကျုပ်ချိုတာ လူတိုင်းသိတယ်
ပင်စည်မြင့်ပေမယ့် ဘ၀င်မမြင့်ပါဘူး
ခုတော့ ငါ့ကြောင့်တဲ့
လူအုပ်တစ်စု လာတယ် အတူတူ
ဟော..ပြန်သွားတယ် တစ်ကွဲစီ
သဘာဝကို သစ်ခေါက်ရောတယ်
အိုးထဲကို တစ်ညသိပ်တယ်
အိပ်ယာကလဲ နိုးရော
အဖြူရောင်ခေါင်းပေါင်းစကြီးနဲ့
စားကြည့်တော့ခါးခါးကျိကျိ
ကျုပ်နို့ရည် ပင်ကိုယ်ချိုကို
အသွင်အို အရမ်းခါးရတာ
ထန်းသမားတွေပေါ့
မိုက်လိုက်တာ
ကောင်းကင်ကျနို့ရည်တွေ
လူတန်းစားလဲမခွဲဘူး
လမ်းမှားအောင်လဲ မလုပ်ဘူး
ကျုပ်ချိုတာ လူတိုင်းသိတယ်
ပင်စည်မြင့်ပေမယ့် ဘ၀င်မမြင့်ပါဘူး
ခုတော့ ငါ့ကြောင့်တဲ့
လူအုပ်တစ်စု လာတယ် အတူတူ
ဟော..ပြန်သွားတယ် တစ်ကွဲစီ
သဘာဝကို သစ်ခေါက်ရောတယ်
အိုးထဲကို တစ်ညသိပ်တယ်
အိပ်ယာကလဲ နိုးရော
အဖြူရောင်ခေါင်းပေါင်းစကြီးနဲ့
စားကြည့်တော့ခါးခါးကျိကျိ
ကျုပ်နို့ရည် ပင်ကိုယ်ချိုကို
အသွင်အို အရမ်းခါးရတာ
ထန်းသမားတွေပေါ့
ထန်းပင်ရဲ့ သဘာဝကို သေသေချာချာ သိနှင့်နေခဲ့သူဘဲ
ReplyDeleteကဗျာလေး ကောင်းလိုက်တာ
ထန်းရည်တော့ ဒီကလည်းကြိုက်တယ်.း)
ဘဝဆိုတာ
ReplyDeleteတစ်ခါတစ်ခါ ..သစ်ခေါက်ရောပြီး
ညသိပ်ထားသလိုပဲဗျာ ..
ခါးလိုက်တာ