Monday 20 September 2010

ကာရံမဲ့ငိုရှိုက်သံ


သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားတဲ့
ပြောခဲ့တဲ့ရှေးစကား ဘယ်သူများထွင်ခဲ့ပ
ငါ့မှာတော့ ဒဏ်ရာတွေဗလပွနဲ့
ငါ့ကိုယ်မှာနား ငါ့အသားကိုစား
ငါ့အဆီကိုထုတ် စားသောက်ဝါးမျို
သူတို့မလိုတော့ ငါ့ကိုကုတ်ခြစ်
မစင်တောင်စွန့်ခဲ့တယ်။ ။
ငါ့မှာတော့သူတို့အတွက် ပေးဆပ်လိုက်ရတာ
လဲယုံမက ပြိုပါကျတော့မယ်
နှလုံးသွေးနဲ့ရင်း အားကိုတင်းလို့
ထောက်ကန်မြဲမြဲ အံကိုခဲပြီး
မြေကြီးကိုခြေကုတ် အားကုန်သုံးနေတာ
စွမ်းအင်တွေတောင်ငိုငြီးလာပေါ့။ ။
ဇာတ်တော်ထဲကလို အလောင်းတော်ဘ၀ပါရမီနုစဉ်

မျောက်ဘ၀ဖြစ်အင် ပြေးမြင်ကာကြည့်မိတယ်
အများအတွက်ရယ်လို့ အသက်ကိုစွန့်
ကျေနပ်စွာပေးဆပ် ကျောခင်းလို့ပေး
နင်းလျှောက်ပါ ဆိုလေသည်အောင်
ညင်သာစွာမလျှောက်ကြဘူး
အမြင့်ကခုန်ချ ကန်ကျောက်တောင်သွားလိုက်သေး။ ။
တစ်ကယ်တော့ ငါ့ဘ၀နာတာ
ဗွေမယူပေမယ့် အတွင်းကြေ
ကြိတ်နေတဲ့ ရင်တွင်းက ဒဏ်ရာကိုဖြင့်
ဘယ်ဆရာ လာလို့မှ မကုနိုင်

ကြိတ်မှိတ်ကာ ငိုခဲ့ရတဲ့မျက်ရည်

ပင်လယ်ရေတောင် ငေးကြည့်ရတယ်။
သူတို့ဘ၀ အမြင်တင့်အောင်
နှလုံးသားကိုသတ် ဒဏ်ရာတွေ
အတွင်းကြေနဲ့ မသေယုံတမယ်
လှိုက်ကာ စားနေတဲ့
ငါ့ဖြစ်အင်..
အကြင်တို့ သိပါလေစ ။ ။

မှတ်ချက်။ ။ညီမလေး ဆွေလေးရဲ့ဘ၀ကို ခဏငှား၍ ငိုပါသည်။မျက်ရည်တွေလည်းသူ့စီက ငှားတာပါ။

ပုံလေးကတော့ internet မှ ညီမလေးရှာပေးတာပါ။

3 comments:

  1. ဘဝမှာ ပေးဆပ်ရတာတွေ များလွန်းတော့လည်း...
    နာကျည်းမိပြန်ရော...

    ReplyDelete
  2. အင်း ...ငှက်ဆိုတာကလည်း .
    သစ်ပင်ကောင်းတယ်၊မကောင်းတယ်
    မရှိပါဘူး ..နားမယ်ဆိုတာချည်းပါပဲဗျာ ..

    ReplyDelete
  3. ပေးဆပ်သူတို့ရဲ့ မျက်ရည်ပေါ့နော်
    တစ်ချိန်ချိန်တော့ ကိုယ်လဲ ရယူသူဖြစ်လာဦးမှာပါ
    အဲဒီချိန်ကို အားခဲပြီး စောင့်ကြတာပေါ့

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......