Tuesday 8 December 2009

ဒီလိုပါပဲ

တိတ်ဆိတ်နေတဲ့ အခန်းငယ်ထဲမှာ
အိပ်ပျော်နိုင်အောင် ငါကြိုးစားရင်း
တွေးစရာမလိုအောင် ငါ့ရင်ထဲရောက်
လာတဲ့မင်းအကြောင်းရယ်...
မခေါ်ပါပဲ ရောက်လာတဲ့
တမ်းတမှုတွေနဲ့ လွမ်းချင်းတွေရယ်..
ပြီးတော့ မင်းပြောခဲ့သလို
မငိုတတ်တဲ့ မိန်းမတစ်ယောက်ရဲ့
ကျလာတဲ့ မျက်ရည်တွေရယ်...
ဒီလိုပါပဲ.........
မင်းနဲ့ တစ်ကယ်ဝေးရပြီ
ဆိုမှတော့.........ဘ၀မှာ
ဆွေးရိပ်ရယ် ...လွမ်းရယ်..
ကဗျာရယ် ဒါပဲ ငါ့မှာ ရှိနေတော့တယ်.......။

Tuesday 1 December 2009

ဒီဇင်ဘာ

ရောက်ခဲ့ပြန်ပြီး ဒီဇင်ဘာရယ်
မင်းကတော့ ဒီလိုပဲ
နှစ်တစ်နှစ်တိုးလိုက်
တစ်နှစ်ဆိုတာကြီး
ဖြစ်လာလိုက်ပဲ.
ဒါပေမယ့် မင်းရဲ့
ဒီဇင်ဘာဆိုတဲ့ ပညတ်ချက်ကို
မင်းမပြောင်းဘူး
မင်းဟာ ဒီဇင်ဘာပဲ
ဒီဇင်ဘာပဲ...
တစ်ချို့ကတော့
ပညတ်ချက်တွေတင်
ဘယ်ဟုတ်မလဲ
အဓိပ္ပါယ်တွေပါ ပြောင်းကုန်တယ်
ငါတစ်ယောက်အပါအ၀င်ပေါ့လေ..
အချစ်ဆိုတာကြီးက
ဘ၀မဟုတ်တော့ဘူးတဲ့
အချစ်ထက် အရေးကြီး
တာတွေ ရှိသေးတယ်တဲ့။
ကဲ..ဟုတ်လားလို့ ငါမေးမယ်
ဖြေလိုက်တယ် အာမခံရဲရဲကြီးပဲ
ဟုတ်တယ်တဲ့ .
ဖြေတဲ့သူကိုကြည့်လိုက်တော့
အထီးကျန်မှုတွေပြည့်နေတဲ့
ဒီဇင်ဘာမှာစခဲ့တဲ့
ဒီဇင်ဘာ...အလွမ်းကိုး.....။