Thursday 5 September 2013

ပေးတတ်သူနှင့် ယူတတ်သူ





သင်.. နင်းနိုင်သမျှ နင်းသွားပါ
ကျွန်ုပ်၏ ရင်ဘတ်ထဲမှာ
ကျကွဲစရာ တစ်ခုမျှ
ရှိမနေတော့ပါ။  ။

သင်..ပါးပါးလှီးနိုင်သမျှ လှီးသွားပါ
ကျွန်ုပ်တွင် နာကြင်စေတတ်သော
စိတ်စေစားမှုများ
ထုံ ပေပေဖြစ်နေပြီ ဖြစ်သည်။  ။

သင်.. လိုရာကိုသာယူသွားပါ
ကျွန်ုပ်သည် ပေးကမ်းခြင်းတွင်
တစ်ဖက်ကမ်းခတ် တတ်မြောက်မှုကြာင့်
ယူ ငင်တတ်ခြင်း
မရှိတော့ပါ။  ။

သင်..ဖြစ်ချင်ရာကိုသာ လုပ်သွားပါ
ကျွန်ုပ်၏ ဖြစ်ချင်ရာများထက်
ဖြစ်သင့်တာများကို..
ပို..လုပ်ပေးခဲ့ ပြီဖြစ်သည်။  ။

သင်..ပျော်ရာကိုသာ သွားပါ
ကျွန်ုပ်တွင် ပျော်ခြင်း ရွှင်ခြင်း
ပျောက်ဆုံးသွားသည်မှာ
ရာစုနှစ်တော်တော် များများ
ကျန်ခဲ့ပြီ ဖြစ်သည်။  ။

သင်..ဟက်ဟက် ပက်ပက်ရယ်မောပါ
ကျွန်ုပ်တွင် အံကိုကြိတ်၍
သက်ပြင်းရှိုက်တတ်သော
ဓလေ့များ ပြုစုခဲ့သည်မှာ
အောင်မြင်ခဲ့ပြီ ..ဖြစ်သည်။  ။