Friday, 3 September 2010

အမေ့အရိပ်



အမေ့သွေး အမေ့ချွေးတွေနဲ့
လူဖြစ်ခဲ့တဲ့ငါ
လောကဓံကိုမမှုခဲ့ဘူး
အပြုံနဲ့ပဲ ဘ၀ကိုစခဲ့တယ်။
အမေ့သွေး အမေ့ချွေးတွေနဲ့
ကြီးပြင်းခဲ့တဲ့ငါ
ဘာအပူပင်မှ မရှိခဲ့ဘူး
အမေ့ရင်ခွင်မှာ နားခိုးရင်း
အမေ့ကိုယ်သင်းနံ့ကိုရှူရှိုက်လို့
ဆက်လက်ရှင်သန်ခဲ့တယ်။
အမေနဲ့ဝေး
ငါ့သွေး ငါ့ချွေးတွေနဲ့
ငါ့ဘ၀ကို ငါရေးတဲ့အခါ
အမေ့သွေး အမေ့ချွေးတွေ
ငါ့အတွက်
လိုအပ်နေသေးတယ်ဆိုတာ
ခုမှပိုသိလာခဲ့တယ်။
(အဖေ့ကိုလည်းရည်ရွယ်လျှက်)

5 comments:

  1. မိဘရဲ့ ရင်ခွင်နဲ့ဝေးပြီးနေရတာ ဘယ်မှာနေနေ နေလို့ မပြည့်စုံဘူးလို့ ခံစားရတယ်..
    လုံခြုံမှု မရှိသလိုလို နွေးထွေးမှု မရှိသလိုလိုနဲ့ ဘာတွေ လိုနေမှန်း မသိဘူး

    ReplyDelete
  2. အင်း.. အမေကပေးတဲ့ အားအင်တွေဟာ ဘ၀မှာ ရှင်သန်လှုပ်ရှားဖို့ အဓိကခွန်အားတွေပဲဗျာ.... တင်ပြပုံလေး ကောင်းတယ်ဗျာ.. ပထမဆုံးအကြိမ်ရောက်ရှိခြင်းပါ.... လင့်ခွင့်ပြုပါ...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. အတူနေချိန်မှာ မိဘမေတ္တာကို သိပ်မသိသာပေမဲ့
    ဝေးနေချိန်မှာတော့ ပိုပြီးသိလာတယ်..
    မိဘတွေ စိတ်ချမ်းသာအောင် ထားကြစို့

    ReplyDelete
  4. "..ငါ့သွေး ငါ့ချွေးတွေနဲ့
    ငါ့ဘ၀ကို ငါရေးတဲ့အခါ
    အမေ့သွေး အမေ့ချွေးတွေ
    ငါ့အတွက်
    လိုအပ်နေသေးတယ်ဆိုတာ
    ခုမှပိုသိလာခဲ့တယ် .."

    ကောင်းလိုက်တဲ့စာသားဗျာ
    တစ်ခါတစ်လေ သူများကဗျာတွေ ဖတ်ရတာ တယ်အရသာရှိပါလားဗျာ

    ReplyDelete
  5. လေးမွန်ရေ...
    မြင်ရဘူး..စာလုံးတွေကို...
    အဖြူရောင် ပြန်ပြောင်းပေးးးးးးးးးးးး

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......