Friday, 16 September 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း - ၁၀)

ပတ်ဝန်းကျင်တစ်ခုလုံးငြိမ်သက် တိတ်ဆိတ်နေသည်။ တစ်ခါတစ်ရံ သစ်ပင်အိုကြီးပေါ်မှ သစ်ရွက်ခြောက်လေးများ လေအဝှေ့မှာ ကြွေကြသံမှတစ်ပါး မည်သည့် အသံမျှမကြားရ။ ထိုသစ်ပင်အိုကြီး၏ရှေ့ တွင် မြေနီလမ်းလေးရှိသည်။ ထိုမြေနီလမ်း၏ တစ်ဖက်တွင် ငြိမ်သက်နေသော ကန်ရေပြင်ကြီးရှိသည်။ ထို့အပြင် ပင်အိုကြီးအောက်ရှိ ခုံတန်းလေး တွင် ငြိမ်သက်စွာထိုင်နေသော ကောင်မလေးတစ်ယောက်လည်းရှိသည်။ ထိုကောင်မလေး၏ နောက်တွင်လည်း ခပ်တွေတွေနှင့် ငြိမ်သက်စွာ မတ်တပ်ရပ်နေသော ကောင်လေးတစ်ယောက်ရှိသည်။ ကောင်လေး၏ ခြေလှမ်းများသည် ရှေ့ သို့ ပထမတစ်လှမ်း နောက်တစ်လှမ်း ပြီးတော့ သုံးလှမ်းမြောက် ခဏမျှ ငြိမ်သက်သွားပြန်သည်။ ခဏမျှကြာတော့ ကောင်လေးပြန်လှုပ်ရှားလာသည်။ ကောင်လေးကျောခိုင်းလိုက်ဖို့ ကြိုးစားနေသည်။ သို့ ပေမယ့် သူ့ခြေလှမ်းတို့ကနေရာမှ မရွှေ့ ။ ရှေ့သို့သာ ဆက်လှမ်းချင်နေမိသည်။ ကောင်လေး၏ လွန်ဆွဲပွဲအား ကောင်မလေးက တော့ မသိသည့်အလား။ နေရာမှာပင် မလှုပ်မရှပ်။ ကောင်လေး အံကိုတင်းတင်းကြိတ်လိုက်သည် ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်လိုက်ရင်း ခြာကနဲ နောက်သို့ လှည့်ထွက်သွားသည်။
ကောင်လေးကျောခိုင်းပြီးခဏမှာပင် ကောင်မလေးသည်လည်း ရုတ်တရက်ဖျတ်ကနဲ မတ်တပ်ရပ်လိုက်ပြီး ကောင်လေးနှင့် မျက်နှာချင်းဆိုင် အနေအထားသို့ လှည့်လိုက်သည်။ ကောင်မလေး၏ မျက်ဝန်းတွင် မျက်ရည်တို့ ပြည့်လျှံနေ၏။ ပါးပြင်တွင်လည်း မျက်ရည်များဖြင့် ရွဲရွဲစိုနေ၏။ ကောင်မလေး၏ နှုတ်ခမ်းများတစ်ဆတ်ဆတ် တုန်ခါနေ၏။ သို့ပေမယ့် မည်သည့်အသံမျှ ကောင်မလေးထံမှ ထွက်မလာ။ ကောင်လေး၏ ကျောပြင်မှုန်ပြပြသာ ကောင်မလေးမြင်နေရတော့ သည်။
(နုငယ်) ဒီတစ်ခါတော့ တစ်ကယ်ဝေးပြီ မောင်..ရယ်..တစ်ကယ်ဝေးပြီး

နှုတ်မှ တိုးတိုးရေရွတ်ရင်း နေရာမှာတင် ထိုင်ချရင်း ငိုနေမိသည်။ သေသွားတဲ့ ကျွန်မနှလုံးသား ကျွန်မအချစ်အတွက် ဒီလောက်တော့ ငိုလိုက်ပါရစေ။

(ထွန်းသစ်) ငယ်.. မောင် တို့ ကိုယ့် နှလုံးသားကို ကိုယ်တိုင်မညာကြေး ချစ်ကြရအောင်လား။ ရုတ်တရက်ကြားလိုက်ရသော အသံကြောင့် သူမအံ့သြသွားသည်။ မောင် သူမ၏ ဘေးနားမှာ မတ်တပ်ရပ်နေပါလား။ ခုနက မောင်တစ်ကယ်ထွက်သွားပြီးပြီမဟုတ်လား။

(နုငယ်) မောင် ခုနက ထွက်သွားပြီး မဟုတ်လားဟင်.

(ထွန်းသစ်) အင်း..ထွက်သွားပြီးပြီ။ နောင်တမရချင်ဘူး ငယ်။ ငယ် ကိုယ်တိုင်ကရော..

(နုငယ်) ငယ် ..ငယ်လဲ နောင်တမရချင်ပါဘူး မောင်.


သြော်..ခုတော့လည်း လောကကြီးလှသည် ။ ငြိမ်သက်နေသော ကန်ရေပြင်ရှိသည်။ အရိပ်ရသော ပင်အိုကြီးရှိသည်။ မြေကမ္မလာမှာ ဖွေးဖွေးလှုပ်နေသော သစ်ရွက်ဝါတို့ ရှိသည်။ ကွေ့ကောက်နေသော မြေင်္နီလမ်းလေးရှိသည်။ ပြီးတော့ ခုံတန်းလေးပေါ်တွင် အချစ်အကြောင်း တစ်ကယ်နားလည်သွားသော ချစ်သူနှစ်ဦး စကားမဆိုဖြစ်ပဲ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ ဒါပေမယ့် သူတို့၏ မျက်နှာတွင် ပီတိအပြုံးတို့နှင့် ကြည်နူးနေကြသည်။ သြော် ခုတော့ လည်း လောကကြီးလှသည်။

 ********************************************************************
ချစ်စွာသော ဘလော့ မောင်နှမများ ကျန်းမာလို့ ပျော်ရွှင်ကြပါစေနော်။

4 comments:

  1. ချော(အစိမ်းရောင်လွင်ပြင်)16 September 2011 at 20:17

    ပိုစ့်က အစကနေဖတ်ထားတာ နည်းနည်းကြာသွားတော့ မေ့သွားလို့ အစကနေ ပြန်ဖတ်လိုက်ရသေးတယ်။
    နုငယ်နဲ့ထွန်းသစ် ပြေလည်သွားကြတဲ့ အတွက် ဝမ်းသာပါတယ်။
    ဒါနဲ့ အပိုင်း၁၀လို့ဘဲရေးထားတော့ ဇာတ်သိမ်းမဟုတ်သေးဘူးလား။ ဆက်ရန်ရှိသေးတာလား..

    ReplyDelete
  2. ဆွေလေးမွန်16 September 2011 at 21:32

    ဟုတ်တယ် မချောရေ နောက်ထပ်တစ်ပိုင်းကျန်သေးတယ်။ အစကပြန်ဖတ်လိုက်ရတယ်ဆိုလို့ အားနာရတယ်။
    ဇာတ်သိမ်းပိုင်းကို အမြန်ဆုံးပြီးအောင် ကြိုးစားပါ့မယ်လို့

    ReplyDelete
  3. ဇာတ်သိမ်းပိုင်းလေး မြန်မြန်ရေးပါ ပီတိရေ့။။။

    ReplyDelete
  4. ဒီအပိုင်းအတွက် ကွန်မန့်လေးကတော့ ... ဒီအပိုင်းလေးက နည်းနည်းတိုတယ်နော်...

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......