Saturday 31 July 2010

အချစ်ဖြင့် စီရင်...သော..




(ကိုလင်း) မေသက် နင်တစ်ကယ်ဆုံးဖြတ်ပြီးပြီလား.

(မေသက်)အင်း..

(ကိုလင်း)နင် ငါ့ကိုတစ်ကယ်မချစ်ခဲ့ဘူးလား..

(မေသက်) ထင်တာပဲလေ အဲလိုပဲ..

(ကိုလင်း) ဘာလဲ နင်ချိန်းတာ မနေ့ကမလာတာနဲ့ ပဲ ငါတို့ချစ်တာ နှစ် နှစ်ကျော်ကျော်က ပြီးရောလား

(မေသက်) ငါပြောပြီးသားပဲ နင်မနေ့ကမလာလို့ ပြတ်မယ်လို့ပြောနေတာ မဟုတ်ဘူး ငါ့ကိုအလေးမ ထားလို့ အလေးအနက် ထားရကောင်းမှန်း မသိလို့ ပြတ်တာ..ငါနင့်ကို ဘာပြောလိုက်လဲ လာဖြစ်အောင်လာနော်.. နင် မလာရင်ငါသည်းခံမှာ မဟုတ်ဘူး လို့ ငါပြောလိုက်လား မပြောလိုက်ဘူးလား..ပြောလေ..

(ကိုလင်း) ကျွတ် မေသက်ရာ ငါတော့ ချစ်မိတဲ့ မိန်းမက မှားပြီနဲ့ တူတယ်ဟ

(မေသက်) အေး မှားမှန်းသိလဲ နောက်ဆုတ်လိုက် နင်က ထားခဲ့ပါပြီ တာ့တာ လို့ပြောရင်တောင် ငါက၀မ်းသာနေအုန်းမှာ ခု တော့ဟာ ဘာမှန်းကိုမသိဘူး ချစ်နေတာလား အပျော်တွဲနေတာလားလဲမသိဘူးနင် ငါ့ကိုတစ်ကယ် မချစ်ပဲနဲ့ ဘာလုပ်နေတာလဲ ငါမေးနေတယ် ဘာလုပ်နေတာလဲလို့ ငါမေးနေတယ်..

ပြောနေရင်း သူမတော်တော်လေးကို စိတ်ဆိုးလာပုံရသည် အသံကို ခပ်မာမာပြောမိသွားသည်။

(မေသက်) ဒီမှာကိုလင်း နင်ချမ်းသာတယ် နင့်မိဘကတတ်နိုင်လို့ နင်ရုပ်ချောတယ် ဒါလဲနင့်ရဲ့ ကုသို
လ်ကံပဲ အရာအားလုံး နင်ခုလောလောဆယ်လုပ်နေတာတွေအားလုံးက နင့်ဘ၀ နင့်အကြောင်း
ငါနဲ့မဆိုင်ဘူး အေး ငါနဲ့ဆိုင်နေတာက နင်ငါ့ကို ချစ်ပါတယ်လို့ပြောလာတုန်းက ငါနင့်ကို ငြင်းခဲ့တယ်
နော် အပြင်းအထန်ကိုငြင်းခဲ့တာ ဒါပေမယ့် နင်ဘာပြောခဲ့လဲ နင်ငါ့ကိုချစ်တဲ့ အချစ်တွေနဲ့ ပြောင်းလဲ
ပါ့မယ်ဆို။ ခုနင်လုပ်နေတာတွေက ပြောင်းလဲထားတဲ့နင်လား ကိုလင်းရာ ဟင် ငါ့ကိုပြောစမ်းပါ။
ခုလောလောဆယ်ဖြစ်နေတာတွေက နင်ဂတိပေးခဲ့တဲ့ ပြောင်းလဲချင်းတွေလား. ငါအဲဒီတုန်းက ငါဘာ
လို့ငြင်းခဲ့လဲ သိလား တစ်ကယ်တော့ ငါငယ်ငယ်လေးထဲကနင့်ကိုချစ်တာ နင်ဖွင့်မပြောခင်ထဲက နင့်
ကိုချစ်တာ နင့်ရဲ့ စိတ်ကိုနားလည်တာ ငါ့ဘ၀က ကြိုးစားမှအရာထင်မဲ့အခြေအနေ ငါကနင့်ကို တန်
ဖိုးရှိတဲ့ ယောက်ကျားတစ်ယောက်ဖြစ်စေချင်တာ နင်ကိုယ်ဘာသာကိုယ် ကိုယ့်ခြေထောက်ပေါ်ရပ်
တည်နိုင်တဲ့ ဆိုတဲ့ယောက်ကျားမျိုးဖြစ်စေချင်တာ ခုနင်ဖြစ်နေတာက နင်ပိုက်ဆံရှိနေတဲ့ပေါ်မှာ နင်
သာယာနေတယ် ဒါပေမယ့် အဲဒါတွေ နင်ပိုင်တာမှမဟုတ်တာ နင်ရုပ်ကလေးချောတဲ့ပေါ်မှာ နင်မာန်
တက်နေတယ် ရုပ်ချောတာ ထမင်းစားလို့မရဘူး ကိုလင်း နင့်ဘေးနားမှာငါ့ထက်သာတဲ့ ချောတဲ့ မိန်း
မတွေရှိနေတာ ငါသိတယ်။ နင်ကြိုက်သလိုရွေးချယ်သွားလို့ရတယ် ။ ဒါပေမယ့် ငါ့ကိုတော့ လွတ်လပ်
ခွင့်ပေးလိုက်ပါဟာ ငါ့ကိုတော့လွှတ်လိုက်ပါတော့ ငါတောင်းပန်ပါတယ်။ ဒီလိုမျိုးတွေ ဖြစ်လာမှာစိုးလို့
ငါနင့်ကို စထဲက ငြင်းခဲ့တာ ဒါပေမယ့် ငါကိုယ့်စိတ်ကိုယ်မနိုင်ဘူး။ ကိုယ်တစ်ကယ်ချစ်ရတဲ့သူက ချစ်
တယ်လို့ ပြောလာတဲ့အချိန်မှာ ငါကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်ခဲ့ဘူး ဒါပေမယ့် နင်ကလဲပြုပြင်ပါ
မယ်လို့ ပြောခဲ့တယ် ခုတော့ငါနားလည်သွားပြီး လူတစ်ယောက်ရဲ့ ဗီဇနဲ့ အကျင့်ဆိုတဲ့ဟာ ကိုဘယ်
အရာနဲ့မှ ပြောင်းလဲပစ်လို့မရဘူးဆိုတာ ငါနားလည်သွားပြီ။ ငါနင့်ကိုချစ်ရတာ အရမ်းပင်းပန်းတယ်။
ငါအချစ်ဆိုတာကို ပွေ့ပိုက်ထားချင်စိတ်မရှိတော့ဘူး ငါချစ်နေရတာကိုပဲ ကျေနပ်နေချင်တော့တယ်။

နင့်ကိုအထင်ကြီးတဲ့ နင်မက်မောတဲ့အလှတွေရှိတဲ့ မိန်းမတွေကိုပဲ နင်ရွေးချယ်လိုက်ပါ။ ငါတို့နှစ်
ယောက်ရဲ့ ဇာတ်လမ်းကတော့ ဒီမှာတင်ပဲ ရပ်လိုက်ပါတော့။ နင့်လိုချစ်သူမျိုးကို ရထားတဲ့ မိန်းမ
တစ်ယောက်အနေနဲ့ အချစ်နဲ့ဘ၀ ဘယ်အရာကိုရွေးမလဲဆိုရင် ငါဘ၀ ကိုပဲရွေးမယ်။
နင် ငါ့ကိုထပ်ပြီး ဆက်သွယ်ဖို့ ပြန်ဆက်ဖို့ မကြိုစားနဲ့တော့ ငါအကြိမ်ကြိမ်နင့်ကို ယုံကြည်ခဲ့ပြီးပြီ
ငါနင့်ကိုလမ်းခွဲမယ်လို့ပြောခဲ့တာ ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်လဲမဟုတ်တော့ဘူး ဒုတိယအကြိမ်
လဲ မကတော့ဘူး။ အကြိမ်ကြိမ်ပဲ နင် ငါမျှော်လင့်ချက်တွေ ငါယုံကြည်ချက်တွေကို ရိုက်ချိုးတယ်။
ငါပိုက်ဆံတော့မချမ်းသာဘူး။ဒါပေမယ့် မာနတော့ချမ်းသာတယ်။ ငါ့ရုပ်ငါ့ရည် ငါ့အဆင့်အတန်းနဲ့ နင့်လိုပိုက်ဆံရှိ ရုပ်ချောတဲ့
ယောက်ကျားတစ်ယောက်ကို နောက်တစ်ခါ ချစ်သူအဖြစ်ရဖို့ဆိုတာ မဖြစ်နိုင်တော့ ဘူးဆိုတာကို ငါနားလည်တယ်။ ဒါပေမယ့်
ငါကလဲအသက်ပေးပြီးချစ်နေရပါစေ ကိုယ်ကနားလည်ပြီး ချစ်ပေးခဲ့တာတောင် ကိုယ့်အပေါ်မှာ တစ်ကယ့်အချစ်စစ်နဲ့
ပြန်မချစ်ပေးနိုင်တဲ့ သူမျိုးကို “ရှင့်ကိုမရ ရင်ဖြင့် ကျွန်မသေရပါတော့မယ်” ဆိုရင်တောင် ငါအသေခံလိုက်မယ် နင်လို
ယောက်ကျားမျိုး ငါဘယ်တော့မှ မယူဘူး ကိုလင်း နင်အဲဒါကို မြဲမြဲမှတ်ထားလိုက်။ ပြီးတော့ထပ်
ပြောခဲ့မယ် ငါအခုနင်နဲ့လမ်းခွဲလိုက်ရလို့ မျက်ရည်တစ်စက်တောင်ကျမှာ မဟုတ်ဘူးဆိုတာ
နင်မှတ်ထားလိုက် ငါပြောချင်တာဒါပဲ ငါသွားပြီ။

ပြောပြောဆိုဆို သူမသည် အိတ်ကိုကောက်လွယ်ကာ ဆိုင်ထဲမှထွက်သွားလေပြီ။
သူဖြေရှင်းခွင့်လေးတောင်မရလိုက် အဲဒီမိန်းမ ပြောချင်တာပြောပြီး ထွက်သွားလေပြီ တစ်ကယ်ဆို သူ့
ဘ၀မှာ မေသက် က မရှိမဖြစ်လိုအပ်တာ ဒါပေမယ့် သူမသည် သူ့ကိုနဲနဲလေးမှ အထင်မကြီး တစ်
ကယ်ဆိုလျှင် မေသက် သူ့ကိုအားပေးသင့်သည် ဒီလိုမျိုးစကားတွေနှင့် သူ့မာနကိုမစွပေးသင့်
မေသက်၏ ဒီလိုအပြောတွေကြောင့် သူမေသက်နားမှာ နေရတာမပျော် မေသက်ကို မတွေ့ရလျှင်လဲ
သူမနေနိုင် ပြီးတော့ မေသက်ပြောတော့ သူ့ကိုတစ်ကယ်ချစ်တာတဲ့ ဒါပေမယ့် ခုလောလောဆယ်
သူမပြောသွားတာတွေက တော့ ချစ်သူနဲ့ လွမ်းခွဲလိုက်ရလို့ စိတ်ညစ်နေတဲ့ပုံမပေါက် ထမင်းစား ရေ
သောက် အဆာပြေလုပ်သွားသလိုမျိုး.. မတတ်နိုင် သက်ပြင်းရှည်ရှည် တစ်ခုသာ သူမှုတ်ထုတ်လိုက်
သည်။

(ကိုလင်း) ဟူး………………………

ဒီတစ်ခါ ပြန်ချော့လို့ရနိုင်ပါတော့မလား.မသေချာတော့ အကြိမ်တွေများနေခဲ့ပြီ..

(သက်အောင်) ဟားဟား ဒီတစ်ခါတော့ အချစ်ဆရာကြီး သက်ပြင်း ခပ်လေးလေးကို အရှည်ကြီးချနေ
ပါလားဟေ့

သူ့သူငယ်ချင်း သက်အောင် လက်ဘက်ရည်စားပွဲမှာ ၀င်ထိုင်လိုက်ရင်း ပြောလိုက်ချင်းဖြစ်သည်။

(သက်အောင်) ထင်လင်း..ထင်လင်း ငါပြောပါတယ် မင်းအပွဲပွဲ နွှဲလာသမျှ မေသက်ခိုင် နဲ့တွေ့မှပဲ
မင်းလဲ အကျွတ်တရားရတော့တယ် ငါပြောတယ် သွားမလုပ်ပါနဲ့ သူငယ်ချင်းဘ၀လေးပဲ ကောင်းပါ
တယ်လို့ ငါမပြောခဲ့ဘူးလား.. မတူဘူးကွ မေသက်ခိုင်လို မိန်းကလေးမျိုးက မင်းအတည်စဉ်းစားမှ
ချစ်သင့်တဲ့ မိန်းမမျိုး. အင်းခုတော့ မင်း လည်လွန်းတဲ့ ဘီး ချီးသင့်ပြီပေါ့ကွာ..မေသက်ခိုင်က
အရင် မင်းတွဲခဲ့တဲ့ ကောင်မလေးတွေနဲ့ မတူဘူးကွ. မင်းသူ့ကိုတစ်ကယ်ချစ်လို့ မင်းပြင်ဆင်ခဲ့
တာတွေတော့ ဟုတ်ပါတယ်. ဒါပေမယ့် မလုံလောက်ဘူးကွ.. မင်းကလှတာလေးတွေကလဲ မက်နေ
သေးတာကိုးကွ တစ်ကယ်တော့ မင်းကိုယ့်ဘာသာကိုယ့် မင်းစိတ်ကဘာကိုလိုချင်နေလဲ မင်းမသိတာကွ။


(ကိုလင်း) တော်ပါတော့ သက်အောင်ရာ ငါတောင်းပန်တယ်ကွာ ငါမှားတယ်ပဲထား ခုငါဘာဆက်လုပ်
ရမလဲ

(သက်အောင်) မင်း မေသက် ဖြစ်စေချင်တဲ့ ယောက်ကျားမျိုးဖြစ်အောင် ကြိုးစားပေါ့ ခုတော့ သူသွား
ချင်တာ လွတ်လွတ်လပ်လပ် သွားပါစေတော့ ကွာ လိုက်ဆွဲမနေပါနဲ့တော့
သူလဲ အနဲနဲ့အများတော့ ခံစားရမှာပါကွာ..

(ကိုလင်း) ငါတော့မထင်ဘူးကွ. သူပြောသွားတဲ့ စကားလုံးတွေထဲမှာ ငါနဲ့ လမ်းခွဲရလို့ ၀မ်းနည်းတဲ့ လေသံ တစ်လုံးမှ မပါဘူးကွ ငါကအဲဒါကို ကြေကွဲတာ နောင်တ စကားလေးတစ်ခွန်းတောင် မပါဘူး

(သက်အောင်) မင်းကလဲ ကွာ.လူတစ်ယောက်နဲ့တစ်ယောက် အရှိန်ပြင်းပြင်း ၀င်တိုက်မိတာပဲ ကွာ
မင်းနာကျင်သလောက် မလျှော့တဲ့ နာကျင်မှုတွေနဲ့ သူလဲခံစားရမှာပါကွာ..

ကြာခဲ့ပါပြီး ဒီအဖြစ်အပျက်တို့က လွန်ခဲ့တဲ့ လေးနှစ်လောက်ထဲက။သူမေသက်ကို မရမက ဆက်
သွယ်ခဲ့ သေးသည်။ သူမကတော့ ယောင်လို့တောင် လှည့်မကြည့်ခဲ့တော့ ဒါပေမယ့် သူကတော့
ဒီနေ့ထိ ဒဏ်ရာတွေမကျက်သေး မေသက် ဆိုတဲ့ နာမည်ကြားတာနဲ့တင် ကတုန်ကယင်ဖြစ်တုန်း
ရင်ခုန်သံစည်းချက်တွေ အချိုးမကျဖြစ်တုန်း သူမကတော့ သူ့ကိုတစ်ကယ်မချစ်ခဲ့ဘူးနဲ့ တူပါတယ်
သူငယ်ချင်းသံယောဇဉ်ဆိုတာကိုပဲ အချစ်လို့ထင်ခဲ့လားမသိ ဒီနောက်ပိုင်းတော့ သူပြောင်းလဲခဲ့ပါ
တယ် ဒါပေမယ့် ဘ၀ကြီးက ခြောက်သွေ့လွန်းသည် အမှန်တော့ သူဝဋ်လည်ခဲ့တာပဲဖြစ်သည်.
မေသက်မတိုင်ခင် ကောင်မလေးတွေဆို စိတ်မ၀င်စားတော့ဘူးက တစ်မျိုး မပျော်တော့လို့ကတစ်ဖုံ
ပျင်းစရာကောင်းလို့ ဆိုတာမျိုးတွေနဲ့ သူကကြီး ထားခဲ့သည် အင်း မေသက်ကလဲ အဲဒီအကြောင်း
တွေကို အကုန်သိနေတော့ သူတစ်ကယ်ချစ်ခဲ့တာ မယုံကြည်တော့ တစ်ကယ်တော့ အချစ်ကို
လှည့်စား အသုံးချခဲ့သော သူတို့သည် အချစ်၏ ပြစ်ဒဏ်ပေးချင်းကို ပြန်ခံရစမြဲ. သူဆုတောင်းတာ
တစ်ခုပဲ အပြစ်တွေ မြန်မြန်ကျေပါစေတော့လို့ပဲ. တစ်ကယ်တော့ သူမေသက်ကို တစ်ကယ်မြတ်မြတ်
နိုးနိုးချစ်ခဲ့တာဖြစ်သည်။ ဒါပေမယ့် အဲဒီအချိန်က ကိုယ်ကိုယ်တိုင်ကလဲ နှင်းဆီခိုင်လိုဖြစ်နေတော့
အဲဒီအပေါ်မှာ သူသာယာနေခဲ့တာဖြစ်သည်။ခုတော့ မေသက်ကိုချစ်သည့်နေရာမှာ သူဘယ်သူ့ကို
မှ အစားမထိုးတော့ မေသက်ဖြစ်စေချင်သလို သူပြောင်းလဲ ကြိုးစားခဲ့သည်။ ခုသူမေသက်ဖြစ်စေချင်
သလို သူဖြစ်နေလေပြီ။ မေသက်ကရော ဘယ်မှာနည်း. ဘယ်တွေရောက်နေလဲ မေသက်ရာ
ကို့အနားကို ပြန်လာခဲ့ပါတော့။

(နီလာ)၀င်ခွင့်ပြုပါ ဆရာ.. ဒီမှာဆရာ့အတွက် ပါဆယ်ထုပ်တစ်ခု ရောက်လာပါတယ်။

သူစဉ်းစားနေတုန်း ရုံးစာရေးမလေး နီလာ ၀င်လာပြီး အထုပ်တစ်ခုအားသူ့ ကိုပေးချင်ဖြစ်သည်။ ဘာပါလိမ့် သူ့ကိုဒီလိုပို့မယ့်သူမရှိ သူသိချင်စိတ်နဲ့ အထုပ်ကလေးအားဖောက်ဖို့ပြင်လိုက်ရင်း

(ထင်လင်း) အိုကေ ..နီလာ လုပ်စရာရှိတာသွားလုပ်တော့ .

(နီလာ) ဟုတ်ကဲ့ ဆရာ

သူအထုပ်လေးကို ဖောက်ကြည့်လိုက်တော့ အထဲမှာ စာတစ်စောင်ရယ် ပြီးတော့ ဒိုင်ယာရီစာအုပ်
အဟောင်းလေးတစ်ခုရယ် သူတွေ့လိုက်ရသည်။ ဒါနဲ့ သူစာလေးကို ဖတ်ကြည့်လိုက်တော့

သို့/

ကိုထင်လင်း
ကျွန်မက မေသက်ခိုင် ရဲ့ သူငယ်ချင်းတစ်ယောက်ပါ။ မန္တလေးမှာ မေသက် အလုပ်နဲ့ပြောင်းလာတုန်း
က တစ်ခန်းထဲတူတူနေကြတယ်ဆိုပါတော့။ မေသက် ကစိတ်ထားလဲကောင်းသလို ရိုးသားလွန်းတော့
ကျွန်မသူ့ ကိုတစ်ကယ်ပဲ ညီမအရင်းတစ်ယောက်လို ချစ်သွားမိတယ်။တစ်ကယ်လဲ ကျွန်မတို့ ညီအစ်
မတွေလိုကိုနေခဲ့တာပါ။ ညီအစ်မလဲ တော်ကားနီးပြီးလို့ဆိုရမှာ ဒါပေမယ့် မေသက်ကို တစ်ခါတစ်
လေကျရင် နာကျင်ကြေကွဲနေတဲ့ မိန်းမတစ်ယောက်အဖြင့် တွေ့ရပြန်တယ်။အများအားဖြင့်တော့
သူ့ပုံစံက ပျော်ရွှင်တက်ကြွနေတဲ့ မိန်းမတစ်ယောက်ပါပဲ။ ကျွန်မက ဘာလို့လဲလို့မေးရင်း သူက
ဘာမှမဟုတ်ပါဘူး စိတ်ဒဏ်ရာခပ်ကြီးကြီးရပြီးသားလူတစ်ယောက်အနေနဲ့ အနာကမကျက်လို့
ပြန်ကြွလာတဲ့ အချိန်ကြရင် ဒီလိုပဲ ခံစားရတာပေါ့လို့ပဲ ပြန်ဖြေခဲ့တယ်။ ရှင်းရှင်းပြောရရင်တော့
ကျွန်မအစ်ကိုနဲ့ မေသက်ကို ကျွန်မကပဲ အောင်သွယ်လုပ်ပြီး စပေးခဲ့တယ်ဆိုပါတော့။ ပထမတော့
မေသက်က ရှောင်ပါသေးတယ်။ နောက်တော့ မေသက်ကပြောပါတယ် လူရယ်လို့ဖြစ်လာပြီး ဆိုရင်
တော့ လူတာဝန်တော့ ထမ်းဆောင်ရမှာပေါ့တဲ့။ အဲဒီနောက်ပိုင်း မေသက်က ကျွန်မအစ်ကိုရဲ့ ကမ်း
လှမ်းမှုတွေကို လက်ခံခဲ့တယ်။ ကျွန်မလေ အရမ်းပျော်တာပဲ။ မေသက် ကိုကြည့်လိုက်တော့လဲပျော်
နေသလိုပါပဲ။ ဒါနဲ့ မေသက်နဲ့ ကျွန်မအစ်ကို မင်္ဂလာပွဲကို အားရ၀မ်းသာစွာပဲ ကျွန်မ မိဘတွေဘက်က
လဲ စီစဉ်ပေးကြတယ်။ ဒါပေမယ့် ..
တစ်ခါတစ်လေ ကံကြမ္မာကြီးက အရမ်းရက်စက်တယ်လို့ ကျွန်မထင်မိတယ်။ဒီလိုအဆုံးသတ်နဲ့ လမ်း
ခွဲရမယ်ဆို အစထဲက မဆုံခဲ့မိရင်ကောင်းသားလို့ ကျွန်မတွေးမိတယ်။ လက်ထပ်ပွဲအထိ ကျွန်မတို့
ပျော်လို့ရွှင်လို့မဆုံးဘူး ကိုယ့်အစ်ကိုတစ်ယောက် မိန်းမရကံကောင်းတာကိုလဲ ကျေနပ်မိတယ်။ပြီး
တော့ ကျွန်မသူငယ်ချင်းလို ညီမလိုချစ်ရတဲ့ တစ်ယောက်ကလဲ ခု တစ်ကယ်ညီအစ်မဖြစ်ပြီဆိုတော့
ကျွန်မပျော်နေမိတာ မလွန်လောက်ဘူးလို့ ထင်တာပဲ။
လက်ထပ်ပြီး မေသက်တို့နေမယ့် အိမ်ကိုရောက် တဲ့ အချိန်မှာ ကျွန်မတို့ အပျော်တွေ အဆုံးသတ်ခဲ့တယ်လို့ပြောရမယ်။
မေသက် ရုတ်တရက် မူးလဲ သွားလိုက်တာကစပြီး လုံးဝသတိပြန်လည်မလာတော့ပဲ အသက်ပါ ဆုံးရှုံးသွားတယ်။ဆရာဝန်ဆေးစစ်ချက်အရတော့ heart attack ဖြစ်တာလို့ပြောတယ်။
ကျွန်မကြေကွဲလို့မဆုံးဘူး ဘာလို့များတစ်ကယ် ပျော်ရွှင်ရမယ့် အချိန်ရောက်မှ ဒီလိုမျိုးကံကြမ္မာဂြိုလ်
ဆိုးတွေ ၀င်လာရလဲဆိုတာကိုပဲ။ နောက်မေသက်ဆုံးပြီး တစ်လလောက်ကြာတော့ ကျွန်မမေသက်တို့
အိမ်ကို အလည်သွားဖြင့်ရင်း မေသက်နေခဲ့တဲ့ အခန်းလေးကို အလွမ်းပြေသွားကြည့်မိတယ်။ ကျွန်မ
အစ်ကိုကတော့ အရူးကြီးတစ်ယောက်လိုပါပဲ ခုထိလူကောင်းပကတိ ပြန်မဖြစ်နိုင်သေးဘူး။သူ့စိတ်ထဲ
မှာ မေသက်သူ့အနားမှာရှိတုန်းလို့ ထင်နေတုန်းပဲ။ အဲဒီမေသက် အခန်းထဲမှာမှ ကျွန်မတို့ရဲ့ ဂြိုလ်ဆိုး
ဟာ ရှင်ဖြစ်နေမှန်း ကျွန်မသိလိုက်ရတာပဲ။ အဲဒီလိုဖြစ်ရတာတွေအားလုံးရဲ့ တရားခံက ရှင်ပဲ ကိုထင်
လင်း။ ကျွန်မမေသက် ရေးခဲ့တဲ့ ဒိုင်ယာရီလေးကို ရခဲ့တယ် ဖတ်ဖြစ်ခဲ့တယ်။ ဖတ်ပြီးပြီးချင်းတုန်းက
တော့ ကျွန်မရှင့်ကို သတ်ပစ်ချင်လောက်အောင် မုန်းမိတယ်။ ဒါပေမယ့် သေတဲ့လူသေပြီး ရူးတဲ့လူ
လဲ ရူးနေပြီဆိုတော့ ကျွန်မအနေနဲ့ အာဂတတွေထားနေလို့လဲ မထူးတော့တာမို့ ကျွန်မဘာမှထပ်
မလုပ်ချင်တော့ပါဘူး။ ဒါပေမယ့် ဒီဒိုင်ယာရီအဟောင်းလေးနဲ့ သက်ဆိုင်တဲ့ သူကတော့ လောကကြီးမှာ ရှင်တစ်ယောက်ပဲရှိတော့တာမို့ ကျွန်မပို့ပေးလိုက်တာပါ။
ကျွန်မ မေသက်အစားဆုတောင်းပေးလိုက်ပါတယ်.နောက်နောင်ဘ၀များမှာ မေသက်မှာ ရှင့်လိုချစ်သူ
မျိုးမရှိပါရစေနဲ့လို့


လေးစားစွာဖြင့်
လေးလေးနွယ်


စာလေးကဒီလောက်နဲ့ ဆုံးသွားပြီး သူ့မျက်လုံးရှေ့ကအရာတွေအားလုံးေ၀၀ါးနေကြသည်။ သူပါးပြင်
တစ်ခုလုံးလဲ မျက်ရည်တွေနဲ့ ရွှဲနေပြီ။ ပြီးတော့ တုန်ရီသောလက်တို့ဖြင့် မေသက်ရဲ့ ဒိုင်ယာရီ အ
ဟောင်းလေးကို သူဖွင့်လိုက်သည်။ ပထမဆုံးစာမျက်နှာတွင် သူတွေ့လိုက်ရသည်က.

“ကျွန်မချစ်ခဲ့ရသော မောင်နှင့်ပတ်သတ်မိခဲ့သမျှ”

စာအုပ်ကလေးကို သူနောက်တစ်မျက်နှာ ကျော်လိုက်မိသည်။ တစ်ကယ်တော့ သူ့ကို မောင် လို့သုံးနှုံး
ထားသည့် အရှေ့စာမျက်နှာလေးသည်ပင် သူ့နှလုံးသားတို့အား ဆုပ်နယ်ချေမွပစ်လိုက်သလို ခံစားရ
သည်။
မေသက် ကို နင်နဲ့ငါမသုံးပါနဲ့လို့ ချစ်သူဘ၀ရောက်ပြီး ပြောခဲ့ပေမယ့် မေသက်သည် နင်နဲ့ငါသာ သုံးနှုံးနေခဲ့သည်။ တစ်ကယ်တော့ မေသက်ကသာ မောင်လို့ အဲဒီတုန်းကခေါ်ခဲ့မယ်ဆိုရင် သူလဲ…
စာအုပ်လေးရဲ့ အစမှာတော့ သူနဲ့မေသက် ငယ်ငယ်တုန်းက အဖြစ်အပျက်များ သူ့ကို ကြိတ်ပြီးချစ်ခဲ့
ရသည့် မေသက်ခံစားချက်များသာ ပြီးတော့ သူရည်းစားအသစ်တစ်ယောက်ရတိုင်း မေသက်ကိုပြော
ပြခဲ့တိုင်း မေသက်ရေးထားခဲ့သော ခံစားချက်တွေ။ သူချစ်ရေးဆိုခဲ့စဉ်က မေသက်ရဲ့အပျော်တွေ

သူနဲ့မေသက် လမ်းခွဲတဲ့နေ့တွင်တော့ လက်ရေးများမညီညာစွာဖြင့် မှင်နီဖြင့်ရေးထားသော စာများ

“မောင် ရှင် အရမ်းရက်စက်တာပဲ မောင်ရယ်. ကျွန်မလေ မောင့်ကို လမ်းခွဲစကားတွေ ပြောနေတဲ့အ
ချိန်မှာ ကျွန်မနှလုံးသားထဲကို သံချွန်တွေတစ်ချောင်းပြီးတစ်ချောင်း ရိုက်သွင်းနေသလို ခံစားရတယ်
ကျွန်မသိလိုက်ပါပြီ မောင် ကျွန်မကိုတစ်ကယ်မချစ်ဘူးဆိုတာ။ ငယ်သူငယ်ချင်းဆိုတာနဲ့ အားနာနေရ
မယ့် မောင့် အတွက် ကျွန်မကိုယ်တိုင်ပဲ မောင့် ကိုလွတ်လပ်ခွင့်ပေးလိုက်ပါတော့မယ်မောင်.
အဲဒီနေ့ ကကျွန်မဟန်ဆောင်ခဲ့တာတွေ ပီပြင်ခဲ့တယ်နော် မောင်. မောင် လိုချင်တဲ့ မောင်တက်မက်
တဲ့ ဘ၀မျိုးမှာ ပျော်နေပါစေလို့ ကျွန်မဆုတောင်းခဲ့ပါတယ်မောင်..”

“ဒီနေ့ မောင့် ကိုအရမ်းသတိရတယ် လွမ်းလိုက်တာမောင်ရယ်။ ကျွန်မ မောင်မသိအောင် မောင့်ကို သွားချောင်းကြည့်မိတယ်. ”

“ဘာပဲပြောပြော မောင် ရှိနေတဲ့ မြေပေါ်မှာနေပြီး မောင်နဲ့တူတူသွားခဲ့ဘူးတဲ့ နေရာတွေက ကျွန်မရင်ကို အရမ်းနာကျင်စေတယ်မောင် ကျွန်မကို ဒီနေရာကနေ ခွဲခွာသွားခွင့်ပြုပါတော့မောင်”

“ကျွန်မ မန္တလေး ရောက်တဲ့အချိန်မှာ ကျွန်မအတွက် သူငယ်ချင်းကောင်းလေး တစ်ယောက်ရလာ
တယ် ဘာပဲပြောပြော မောင်နဲ့ပတ်သတ်တဲ့ နာကျင်မှုတွေအတွက် ကျွန်မသူငယ်ချင်းလေးနဲ့ပဲ စိတ်
ရဲ့ ထွက်ပေါက်တွေဖန်တီးခဲ့တယ် အချိန်တွေ ကြာနေပေမယ့် မောင့် ကိုတော့ ကျွန်မ တစ်နေ့မှ မေ့ မရဘူး .လွမ်းတယ် မောင်ရယ် ..မောင်ညာပြောခဲ့တယ် မောင်စိတ်ထဲက မပါခဲ့တဲ့ ချစ်တယ် ဆိုတဲ့
စကားလုံးတွေ ကိုကြားချင်မိနေပြန်တယ်”

“ကျွန်မ ဘယ်လိုလုပ်ရမလဲ မောင်ရယ် တစ်ကယ်တော့ ကျွန်မနှလုံးသားမှာ မောင်က နေရာအပြည့်
ယူထားတာ ဘယ်လိုလုပ်ပြီး အခြားတစ်ယောက်အတွက် နေရာရှိတော့မှာလဲ ဒါပေမယ့် ကျွန်မဘဝ
အတွက်တော့ ကိုမင်းက ရွေးချယ်သင့်တဲ့ လူတစ်ယောက်ပဲ ”

“ကျွန်မရှောင်နေခဲ့ပေမယ့် ကိုမင်းကိုယ်တိုင်က လိုလိုချင်ချင်နဲ့ တောင်းဆိုလာသလို ချစ်သူငယ်ချင်း
လေးကိုလဲ ပျော်စေချင်တယ် ။ မောင့် ကိုတော့ ကျွန်မနှလုံးသားထဲက ထုတ်ပစ်ရတော့မယ်မောင်
ကျွန်မ အဲလို လုပ်နိုင်ပါ့မလား အဲလိုလုပ်လိုက်ရင် ကျွန်မသေသွားနိုင်မလား..”


“ဒီနေ့ ကိုမင်းကို လက်ခံလိုက်တယ်။ မောင်ရေ ကျွန်မတော့ ကိုယ့်နှလုံးသားကို လိမ်ညာတဲ့ ပစ်မှု
ကြီးတစ်ခုကို ကျူးလွန်လိုက်ပြီ အဲဒါကြောင့်မို့လို့လားမသိဘူး ဒီနေ့ ကျွန်မ အသက်ရှုကြပ်နေသလိုပဲ
အရမ်းမောနေတယ်.. ”

“မနက်ဖြန် ကျွန်မနဲ့ ကိုမင်းရဲ့ လက်ထပ်ပွဲ မောင့် ကို ကျွန်မနှလုံးသားထဲကနေ အသေသတ်ပစ်ရ
တော့မယ် မောင်သာ ကျွန်မနှလုံးသားထဲမှာ မရှိတော့ဘူးဆိုရင် ကျွန်မအသက်ရှင်နေနိုင်ပါ့မလား
ဒါပေမယ့် ကျွန်မ မိန်းမကောင်းတစ်ယောက်တော့ဖြစ်ခြင်တယ်မောင် အခြားယောက်ကျားတစ်
ယောက်ရဲ့ ရင်ခွင်ထဲကနေ မောင့် ကိုလွမ်းနေရင် ကျွန်မက သစ္စာမရှိ ဖောက်ပြန်တယ် မိန်းမမျိုး
ဖြစ်နေမှာပေါ့မောင်ရယ် ခုချိန်ထိတော့ ကျွန်မစိတ်ထဲကနေ မောင့်ကို ဖယ်ထုတ်လိုက်လို့ မရသေးဘူး
မနက်ဖြန်မှာ ကျင်းပမယ့် လက်ထက်ပွဲက မောင်နဲ့ကျွန်မ သာဆိုရင်လေ အပျော်ဆုံးလူသားက ကျွန်မပဲနေမှာ. ခုတော့ခုတော့ မောင်ရယ်..
မဖြစ်ဘူး ကျွန်မတစ်ခုခုတော့ ဆုံးဖြတ်ရမယ် လောကကြီးက နတ်ဒေ၀တာအပေါင်းတို့ရယ်
ကျွန်မလေ မိန်းမကောင်းတစ်ယောက်ဖြစ်ချင်တယ် တစ်ကယ်လို့ ကျွန်မသာ မနက်ဖြန် လက်ထက်ပွဲ
ပြီးတဲ့ အထိ မောင်သာ ကျွန်မစိတ်ထဲမှာ ကျန်နေသေးတယ်ဆိုရင် ကျွန်မကို အသက်ရှင်ရက်ထား မနေကြပါနဲ့ ကျွန်မကို အသေသာသတ်လိုက်ကြပါ. ကျွန်မကို အသေသာသတ်လိုက်ကြပါ ..”

“အချစ်ကို လိမ်ညာလှည့်စားခဲ့တဲ့ ပစ်ဒဏ်တွေကို ကျွန်မပေးဆပ်လိုက်ပါရစေ”

မေသက်ရယ်.. တစ်ကယ်တော့ မင်းမှာအပြစ်ရှိတာမဟုတ်ဘူး တစ်ကယ်အပြစ်ရှိတာက ကိုယ်ပါကွာ။
တစ်ကယ်ပေးဆပ်ရမယ့် သူက ကိုယ်ပါ။ သူ နှလုံးသားတွေပေါက်ကွဲသွားသည့်အလား သူ့လဲ မေ
သက်လို သေဆုံးသွားလိုက်ချင်သည်။ ဒီလိုကြီးတော့ ဘ၀မှာ တစ်မြည့်မြည့်နဲ့ နောင်တတွေနဲ့
အသက်မရှင်လိုပါ။ သို့သော်..
အပြစ်တွေပဲကြီးလို့လား ၀ဋ်ကြွေးတွေပဲ ကျန်နေသည်လား..

မနက်ခင်းနေထွက်ချိန်မှစပြီး ညနေနေ၀င်ချိန်အထိ ဒိုင်ယာရီ စာအုပ်အဟောင်းတစ်အုပ် အားလက်
က ကိုင်ထားပြီး တစ်နေရာရာမှာ မလှုပ်မရှပ် ထိုင်နေလေ့ရှိသော အဘိုးအို တစ်ယောက်အားတွေ့
မြင်ခဲ့ကြတယ်ဆိုရင်ဖြင့် ..



ဆွေလေး ခံစားလို့ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို တတ်နိုင်သလောက် စာပေအရေးအသားနဲ့ ရေးခဲ့
တာပါ။ ဇာတ်လမ်းလေး ဖတ်ပြီးသွားလို့ ရသ လေးတစ်ခုများရနိုင်ခဲ့တယ်ဆိုရင်တော့ ဆွေလေး အရမ်းပျော်မိမှာပါပဲ။ ထုံးစံအတိုင်း စာဖတ်နေရင်းနဲ့များ အမှားလေးများတွေ့မိတယ်ဆိုရင် နားလည်ပေးဖို့ တောင်းပန်ပါရစေ။ ၀ါသနာ အရ ရေးဖွဲ့ခဲ့တာဖြစ်လို့ အမှားဆိုတာ ပါနေနိုင်လို့ပါ။


ပုံလေးကတော့ internet ကနေယူသုံးထားတာပါ။

Saturday 24 July 2010

ရင်တွင်းစကား



မြင်သာရုံ အကြင်နာတံခါး
လှစ်ဟလို့ ထားခဲ့တယ်
အချစ်ရယ် မင်းလည်ပြန်
တစ်ချက်ကြည့်ရင်ဖြင့်
ငါ့အချစ် အမှန်ရယ်လို့
သံသယရယ် ဘယ်မရှိ
မင်းမြင်တွေ့ခွင့်ရလိမ့်မယ်...။ ။

ယုံစမ်းပါလဲ့ အချစ်ဦးရယ်
ဒီရင်ခွင်အခန်းတံခါး
မင်းကမှ မခေါက်ခဲ့ရင်ဖြင့်
ထာဝစဉ် သော့ခတ်လို့
ရှေးဟောင်းဖြစ်အချစ်ရယ်လို့
မှန်ဘောင်သွင်း ပြတိုက်ကို
ပို့ရတော့မယ်..။ ။

အချိန်ရယ် ဘယ်မဆွဲပဲ
အပြေးရယ်လာခဲ့ ပါလဲ့
တစ်ကိုယ်တည်း အထီးကျန်တယ်
ကြားလို့ကောင်း ဖတ်လို့ရပေမယ့်
ခံစားရ မသက်သာလှတာမို့..
အချစ်ရယ် မြန်မြန်သာ
ပြန်လှည့် ... စေခဲ့ ချင်တော့တယ်..။ ။

Thursday 22 July 2010

Explosion




ရင်ခွင်မှာ ဗလောင်ဆူပြီး
ပေါက်ကွဲသံစဉ် တေးသွားတစ်ခုခုကို
ငါ့.....နှလုံးသွေးတွေ
ရပ်တန့်သွားသည့်တိုင်အောင်
မင်းနှလုံးသားက ကြားအောင်..
ငါ...အော်ဟစ်ညည်းဆိုပြလိုက်ချင်တယ်....

နှလုံးသားတွေ ထပ်တူညီပြီဆိုရင်
ဘယ်လောက်ပဲ ဝေးသောအရပ်မှာဖြစ်ဖြစ်
မင်းချစ်ချင်းကို ငါမြင်နိုင်သလို
ငါ့နှလုံးသားရဲ့ နာကျင်မှုတွေကိုလဲ
မင်းသိနိုင်တယ်တဲ့.....

တစ်ကယ်သာ အဲလိုဆို ...ခဲ့ရင်
ခု.... ငါ့နှလုံးသားတွေ ကြေမွနေကြတယ်..
ထွက်ပေါက်တွေ ပိတ်နေကြတယ်..
အရမ်းကို ငါမွန်းကြပ်နေတယ်..
ငါ့နှလုံးသားရဲ့ အချစ်ဆိုတဲ့
အခန်းငယ်ထဲမှာ နှလုံးသွေးတွေ
ပွက်ပွက်ဆူဆူနေကြတယ်..
အရာအားလုံးကို ငါတွန်းကန်ပစ်လိုက်ချင်တယ်.
ငါ..ငါ..ငါ..မင်းအနားကို ရောက်လာချင်နေတယ်..

ဒါမှမဟုတ်..
မင်းရော ငါ့အနားကို လာခဲ့မလား...
မရဲတရဲ ငါမျှော်လင့်နေပေမယ့်
တစ်ကယ်တော့ ....ခုချိန်မှာ
ငါဆုတောင်းမိတာ တစ်ခုထဲပဲ...
ငါတို့ နှလုံးသားတွေ ...ထပ်တူညီနေကြပါစေလို့....
အဲဒါလေး...အဲဒါလေး တစ်ခုထဲပါပဲ........

Saturday 10 July 2010

သတိ



လှည့်မကြည့်ဘူး လှည့်မကြည့်ဘူး
ဘယ်လိုပဲ သတိလေးထားထား
ပုထုစဉ်ပေမို့ စိတ်ကလေး
တစ်ချက်လှည့်သွားတယ်။ ။

သံယောစဉ်
ငါမလိုချင်ဘူး ငါမလိုချင်ဘူး
ဘယ်လိုပဲ သတိလေးထားထား
ပုထုစဉ်ပေမို့ စိတ်ကလေး
တစ်ချက်လွတ်သွားတယ်။ ။

အောင်မြင်မှု
ငါမလိုချင်ဘူး ငါမလိုချင်ဘူး
ဘယ်လိုပဲသတိလေးထားထား
ပုထုစဉ်ပေမို့ စိတ်ကလေး
တစ်ချက် လိုချင်မိသွားတယ်။ ။

အမြင့်ဆိုတာ အကြာကြီးတည်
နေလို့ မရမှန်းသိရဲ့သားနဲ့
ဘယ်လိုပဲ သတိလေးထားထား
ပုထုစဉ်ပေမို့ စိတ်ကလေး
တစ်ချက်ကြာကြာနေချင်မိပြန်တယ်။ ။

သံသရာမှာ ဘယ်အရာမှမမြဲ
အမြင့်ကမှ.. မထိန်းနိုင်လို့
ပြန်ကျလာ ....မှတော့
ပုထုစဉ်ပေမို့ သတိလေးဘယ်လိုထားထား
ဒုက္ခလဲနင်ခံလိုက်အုန်း..
သောကလဲ နင်ပဲယူလိုက်အုန်း..
ပူဆွေးတာလဲ နင်ပဲဖြစ်လိုက်အုန်း...
မရှိတာကို ယူချင်နေပြီ
မတည်မြဲတာကို တန်ဖိုးထားနေမှတော့
သံသရာမှာ ပုထုစဉ်ဆိုတဲ့
စကားတစ်လုံးကို...အရင်းတည်ပြီး..
မိုက်မဲကာ တွယ်တာနေရင်ဖြင့်...
ဒီ...သံသရာဝဲဂယက်က
လွတ်ဖို့ဖြင့် ရင်လေး........။ ။


စိတ်ထဲမှာပေါ်လာတဲ့ အတွေးလေးကို ကဗျာတစ်ပုဒ်အဖြင့် ရေးမိခဲ့တာပါ။ ဖတ်မိရင်း အထာမကျတာလေးများတွေ့ရင်
ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေ....

Thursday 8 July 2010

.......................??????



ဖွဲ့လွန်းတယ်လို့ ပြောလဲ
ငါနဲနဲလေးတောင် မလျှော့နိုင်ဘူး..
ဆွေးလှချည်လားလို့ မေးတော့လဲ
ငါအဆွေးတော ကလှည့်ပြန်လို့မရသေးဘူး...
ဘယ်လိုပဲ ကဗျာတွေဖွဲ့နေနေ
အကြောင်းအရာကတော့
အပြောင်းသေးဘူး..
ဝေဒနာကို ကုစားကြည့်ဖို့
အချိန်သမားတော်နဲ့ ငါနဲနဲ
ဘက်ညှိကြည့်ဘူးတယ်..
နောက်ဆုံးတော့ သမားတော်က
အဖြေထုတ်လိုက်တယ်
မင်းရောဂါက ကင်ဆာလို
တမြည့်မြည့် သေမှာပဲတဲ့...။ ။




ပုံလေးကတော့ internet ကပဲ ရှာပြီး ယူသုံးထားတာပါ။

Saturday 3 July 2010

သူရဲကောင်းမဟုတ်တဲ့ သူရဲကောင်း




ကျွန်မနားလည်ထားတဲ့ သူရဲကောင်းဆိုတာကတော့ စစ်မြေပြင်မှာ အသက်ကိုစွန့်ဝံ့ပြီး အများအတွက်ပေးဆပ်နိုင်တဲ့သူ။ သေသည် ရှင်သည်ကို အဓိကမထားပဲ အများကောင်းဖို့ သက်စွန့်သွားတဲ့ စစ်သည် သူရဲကောင်းလည်းရှိတယ်။ နောက်.. အချစ်အတွက်ဆိုရင်.. အပြည့်အစုံပြောရရင်တော့ ချစ်သူအတွက်ဆိုရင် စွန့်လွှတ်ခြင်းတွေနဲ့လား ပေးဆပ်ခြင်းတွေနဲ့လား အချစ်ကို အဓိပ္ပါယ် အမျိုးမျိုးနဲ့ သူရဲကောင်းလုပ်သွားတဲ့ အချစ်သူရဲကောင်းလည်းရှိတယ်။ဒီတော့ သူရဲကောင်းဆိုတာကို အဓိပ္ပါယ်ဖွင့်ကြည့်လိုက်ရင် ဖြစ်လာမယ့်အကျိုးအပြစ်တွေကိုလဲ သိတယ်…စွန့်လွှတ်ခြင်းမှန်သမျှဟာလဲကိုယ့်အတွက်မဟုတ် မှန်းသိတယ်..ဒါပေမယ့် အဲဒီအရာတွေကို ထွက်ပြေးတိမ်းရှောင်တယ်ဆိုတဲ့ ၀ိသေသကိုမသုံးပဲ ရဲရဲရင့်ရင့်မျက်နှာချင်းဆိုင်ပြီးဖြေရှင်းလိုက်တဲ့လူမျိုး အဲလိုလူတွေကို သူရဲကောင်းလို့ ခေါ်တယ်လို့ ကျွန်မတော့ယူဆတယ်။နောက်ထပ် သူရဲကောင်း
တို့ ၀ိသေသထူးတစ်ခုကတော့ ဘယ်တော့မှ ထွက်ပြေးတိမ်းရှောင်တဲ့ ဆိုတဲ့ ဗျူဟာကိုမသုံးဘူး.ဒီလိုအတွေးတွေက တော့ ကျွန်မကိုယ်ပိုင်ပါ။ အခြားအခြားသော ပညာရှင်ကြီးများကတော့ သူရဲကောင်းဆိုတဲ့အဓိပ္ပါယ် တွေကို စာပေတွေနဲ့ အမျိုးမျိုး ဖွင့်ဆိုကြတယ်။ကျွန်မလို အညတရမိန်းမတစ်ယောက်အတွက်ကတော့ သူရဲကောင်းဆိုတာကို ဒီလောက်နားလည်ပြီးဆိုရင် လုံလောက်ပြီးလို့ တော့ ကျွန်မထင်တာပဲ။တစ်ခြားတစ်ခြားသော လူတွေမှာလဲ သူရဲကောင်းဆိုတာကို သူတို့နားလည်တဲ့ အတွေးတွေနဲ့ကိုယ်ပိုင် အဓိပ္ပါယ်ရှိကြမှာပါ။
ဒါတွေကတော့ ကိုယ်ပိုင်စဉ်းစားမှုနဲ့ ကိုယ်ပိုင်တွေးခေါ်မှုတော့ ရှိကြမှာပေါ့။ဒါဟာလောကကြီးပဲ။ ခုလဲ ကျွန်မရဲ့ ရွေးချယ်မှုအရ ကျွန်မနှစ်သက်တဲ့ ကော်ဖီခါးခါးတစ်ခွက်ကို အမှတ်တရတွေအများကြီးကျန်ခဲ့တဲ့ ဆိုင်တစ်ဆိုင်မှာ အရသာခံပြီးစိမ်ပြေနပြေသောက် နေမိတယ်။ ဒီဆိုင်ကိုရောက်ပြီး သောက်လိုက်တဲ့ ကော်ဖီခါးခါးတစ်ခွက်က ကျွန်မအတွက် အားဆေးတစ်ခွက်. ခွန်အားတစ်ခု.. မနက်ဖြန်တွေအတွက် မျှော်လင့်ခြင်းတွေ ဆိုလဲ မမှားဘူး.သေချာတာတစ်ခုကတော့ တစ်ခြားဆိုင်က ကော်ဖီတွေနဲ့ မတူဘူး။
အဲဒါတော့ ကျွန်မပြောရဲတယ်။ဟူး..နေရတာအထီးကျန်ဆန်လိုက်တာ..လောလောဆယ်ကျွန်မဘေးနားမှာ တစ်ယောက်မှမရှိဘူး …ပျော်ရွှင်မှု ပျောက်ကွယ်နေတာကြာပြီး .. တိတိကျကျပြောရရင် အပြုံးတွေ ကျွန်မမျက်နှာမှာပျောက်ကွယ်နေတာတော်တော်ကြီး ကိုကြာပြီ။ကျွန်မဆိုလိုတဲ့ အပြုံးဆိုတာက..ဟန်ဆောင်ခြင်းကင်းတဲ့အပြုံးမျိုး တစ်ကယ်လွတ်လပ်ပျော်ရွှင်နေတဲ့ အပြုံးမျိုး..အဲဒီ လိုမျိုး ကိုပြောတာပါ..ဟန်ဆောင်မှုမကင်းတဲ့အပြုံးတွေကတော့ ကျွန်မနေ့တိုင်းပြုံးနေရတယ်။ဟောကြည့်ခုတောင်ကျွန်မပြုံးပြလိုက် သေးတယ်။ ဆိုင်ထဲကို အသိတစ်ယောက်ဝင်လာလို့။အင်း..တစ်ချိန်တစ်ခါတုန်းကတော့ကျွန်မကို တစ်ယောက်ယောက်ကပြော ဘူးတယ်။

“မင်းကခုချိန်မှာတော့ ဘာမှသိသာမှမဟုတ်ဘူး။အထီးကျန်ခြင်းဆိုတဲ့ ရသကို ပီပီပြင်ပြင် ခံစားလိုက်ရပြီး
မင်းတစ်ယောက်တည်းကျန်နေမှပဲ မင်းသိလိမ့်မယ်တဲ့။”

အင်း..သူပြောသလိုပါပဲ ကျွန်မခုလောလောဆယ် အထီးကျန်ခြင်းဆိုတဲ့ ရသကို ပီပြင်ယုံတင်မဟုတ်ဘူး တစ်မြေ့မြေ့လောင်ကျွမ်း သလိုခံစားနေရပြီလေ။ဒါဆိုရင်ဘယ်သူကိုအပြစ်သွားတင်မလဲ ကျွန်မဒီလိုအထီးကျန်နေတာ..တစ်ယောက် တည်း ဖြစ်နေတာ.. သောကဟူသမျှကို ဒီလိုအမှတ်တရ ကော်ဖီတစ်ခွက်နဲ့ ရောရောပြီး သောက်သုံးနေရတာ.. တစ်ကယ်တော့ တရားခံအစစ်က ကျွန်မကိုယ်တိုင်ပဲ..ကျွန်မကိုယ်ကျွန်မ အပြစ်တင်ရမလား…တစ်ကယ်တော့ ဒီလမ်း ကိုမရွေးချယ်ခင်ကတည်းကဒီလိုဖြစ်မယ် ဆိုတာ ကျွန်မသိတယ်.ဒါပေမယ့်ဒီလောက်ခံစားရခက်လိမ့်မယ်လို့မထင်ဘူး.ကော်ဖီရဲ့ အရသာဟာ ခါးသက်သက်နဲ့နို့လေး သကြား လေးနဲ့ရောလိုက်တော့လဲ နှစ်သက်စဖွယ် အနံ့လေးအရသာလေးနဲ့ စွဲနေတာပဲလေ။ ကျွန်မထင်ခဲ့တာက ဒီလိုပဲသကြားလေး နို့လေးနဲ့ရောပြီး အရသာလေးကိုစွဲနိုင်မယ်လို့ထင်ခဲ့တာလေ။ခါးတာကိုကြိုက်နှစ်သက်လှတယ်ဆိုတဲ့ ကျွန်မအထီးကျန်ခြင်းခါးခါးကြီး ကို မိသားစု..သူငယ်ချင်းဆိုတဲ့ နို့လေး သကြားလေးနဲ့ရောနေတာတောင် ဘ၀ကတော်တော်ခါးနေသလိုပဲ။ ဘယ်တော့မှမချိုမြိန်နိုင် ဘူး…ဒါပေမယ့် သူများတွေပြောတာကတော့ကျွန်မ ဘ၀ကြီးကတော်တော်ချိုမြိန် တယ်ဆိုပဲ။သူများတင်မကပါဘူး ကျွန်မရဲ့မိဘ တွေကအစ..

သမီးတဲ့ လောကကြီးမှာ ဘာလို့တစ်ယောက်တည်းနေခြင်မလဲတဲ့။ခုသမီးရဲ့စီးပွားရေးကလည်း အောင်မြင်နေပြီ ပြီးတော့သမီးရဲ့ အသက်ကလည်း အိမ်ထောင်ပြုတယ်ဆိုတဲ့ အရွယ်ကိုကျော်နေပြီး လိုခြင်တဲ့သူကမ်းလှမ်းနေတဲ့ သူတွေလဲရှိတာပဲ သမီးဘာမှစိတ် ပူစရာမှမရှိတာ..အိမ်ထောင်ပြုပါတော့လားတဲ့။ ညီမလေးတောင် သူ့ဘ၀နဲ့သူဖြစ်နေပြီပဲတဲ့.အမေ တို့ကတော့ အသက်ကြီးပြီး ဆိုတော့ ဘုရားလေးတရားလေးအားပြုပြီးအသက်ရှင်နေယုံပဲရှိတော့တယ်တဲ့။ အမေတို့မရှိရင်သမီးဘယ်လိုနေမလဲတဲ့…ခုသမီး မှာလိုလေသေးမရှိပြီးပြည့်စုံနေပြီးပဲတဲ့..

တစ်ကယ်တော့ အမေတို့မသိလို့ပါတစ်ကယ်ဆို ကျွန်မမှာ ဘာဆိုဘာမှကို ဘ၀အတွက်မရှိသေးတာပါ။တစ်ကယ်တော့  ခုလြို ပီးပြည့်စုံခြင်းတွေကို အမေတို့ကိုပေးဖို့အတွက် ကျွန်မဘ၀ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်တွေကိုကျွန်မကိုယ်တိုင်စွန့်လွှတ် ခဲ့ရတာပါ။တစ်ကယ်တော့ ပြောရရင်..လူ့စိတ်ဆိုတာကလည်း ခက်သား..ရှင်တို့ပဲစဉ်းစားကြည့်လေ အချစ်ရဲ့ သာယာခြင်း ချိုမြိန်ခြင်း ကြည်နူးခြင်း အားလုံးအားလုံးသော ရသများကို ကျွန်မရခဲ့တယ် ခံစားဖူးခဲ့တယ်..ခု အချစ်မပါတဲ့ သံယောဇဉ်ဆိုတဲ့ အရာလေးတစ်ခုတည်းနဲ့ ဘ၀အတွက် အိမ်ထောင်ရေးဆိုတာကြီးကို လက်ခံရမယ်ဆိုရင် ..သူများတွေတော့မသိဘူး.. ကျွန်မက တော့ဘယ်တော့မှရွေးမှာမဟုတ်ဘူး. ဘာလို့လဲဆိုတော့ အချစ်ရဲ့ ရသတွေကို ပီပီပြင်ပြင်ကြီးကို ကျွန်မရခဲ့တာကိုး.တစ်ကယ် တော့ ကျွန်မအချစ်သူရဲကောင်းတစ်ယောက်ဖြစ်ခြင်ခဲ့တာ။ ဆင်းရဲတာလဲ ကျွန်မ မကြောက်ဘူး.နောက်ဆုံး အသက်ကိုတောင် ပေးပြီး ချစ်တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ခြင်တာ..ချစ်သူသာပျော်မယ်ဆိုရင်ဘာတွေပဲဖြစ်ဖြစ် ကျွန်မလုပ်ပေးခဲ့ခြင်တာ ကုန်ကုန်ပြော ရရင် မိန်းမတစ်ယောက်ကို..ဒါကိုယ့်ရဲ့ ချစ်သူလေလို့ မိတ်ဆက်ပေးခဲ့ရင် တော့ ကျွန်မချစ်ခဲ့တဲ့ ချစ်သူအပေါ်မှာ ကျွန်မခွင့်လွှတ်နိုင်တယ်..ဘာလို့လဲဆိုတော့ သူပျော်နေတာလေ.. သူဖြစ်ခြင်တာကို သူလုပ်နေတာလေ..သူသာပျော်ရွှင် နေမယ် ဆိုရင် ကျွန်မအဲလောက်ထိကို ချစ်ရဲခဲ့တာပါ။ ဆင်းရဲခြင်းဆိုတာကလဲ ကျွန်မမွေးကထဲက ဆင်းရဲလာတာ..လူမှန်းသိ တတ်စ အရွယ်ထဲက ဒီပိုက်ဆံဆိုတဲ့ အရာအတွက် ကျွန်မသောကတွေရောက်လာတာ ရိုးနေပြီလို့ပြောရမယ်ကျွန်မထုံ နေပြီပေါ့။အဲဒီလို သောကတွေ စိတ်ဆင်းရဲမှုတွေရှိလာတိုင်း ဝေမျှခံစားပေးခဲ့တာ နားလည်ပေးခဲ့တာ အားပေးခဲ့တာက ကျွန်မစွန့်ပစ်ခဲ့တဲ့ ..ကျွန်
မရဲ့ တစ်ခုတည်းသော မျှော်လင့်ခြင်းအိမ်မက် ကျွန်မရဲ့ ချစ်သူလေ..

“ဟန်နီသေချာစဉ်းစားနော် ခုလောလောဆယ်မှာ ကိုယ့်ကိုယ်စွန့်လွှတ်ခဲ့မယ်ဆိုရင် နောင်တစ်ချိန်မှာ ကိုယ်လဲကိုယ်ကျင်လည် နေတဲ့ ပုံစံခွက်ထဲမှာ နေသားကျနေသလို ဟန်နီလဲတူတူပဲ..အဲဒီလိုအချိန်ဆိုနေသားကျနေတဲ့ ပုံစံခွက်ထဲကနေရုန်းထွက် လို့ရတော့မှာ မဟုတ်ဘူးတဲ့..”

တစ်ကယ်လဲ ဟုတ်ခဲ့တယ် မိသားစုဆိုတဲ့နွံ သမီးအကြီဆုံးဆိုတဲ့ စွဲချက်တွေအောက်မှာ မလူးသာ မလွန့်သာနဲ့ကျွန်မအဲဒီပုံစံခွက် ထဲကိုဝင်ခဲ့ရတယ်။ ဒါတွေဟာ ကျွန်မကျေနပ်လို့ ဖြစ်သင့်တယ်ထင်လို့ လုပ်ပေးခဲ့တာတွေပါ။ တစ်ကယ်တော့ ကျွန်မလိမ္မာ သိတတ်တဲ့ သူ မဖြစ်ခြင်ဘူး ကျွန်မ မိုက်မဲတဲ့သူသာဖြစ်ခြင်ခဲ့တာ။ဆင်းရဲမှာမကြောက်တဲ့ ကျွန်မမှာ ဆင်းရဲနေတဲ့ ကျွန်မမိသားစု ရှိတယ်။ ဆင်းရဲပေမယ့် ကျွန်မကိုလူဖြစ်ရှုံး အောင်တော့ မထားခဲ့ဘူး မပြည့်စုံတဲ့ကြားက ပညာတွေသင်ပေးခဲ့တယ်။ အဖေနဲ့အမေ အငတ်ခံပြီး စုခဲ့တဲ့ စုဗူးကကျွန်မတဲ့..ကဲ ကျွန်မဘာလုပ်ရတော့မလဲ..ပြီးတော့ ကျွန်မ မဖြစ်ခြင်တာတစ်ခုက ကျွန်မလုပ် လိုက် တိုင်း မအောင်မြင်ခြင်ဘူး ..ကျရှုံးခြင်တယ်..ဘာလို့လဲဆိုတော့ ကျွန်မလုပ်လိုက်တိုင်းအောင်မြင်လာလေ မိဘတွေက ကျွန်မကို ပိုပြီးအားကိုးလာလေ ..ကျွန်မပိုပြီးနစ်သွားလိုက်ဖြစ်လာလေ..ကျွန်မနဲ့ ချစ်သူဟာပိုပြီးဝေးဝေးလာလေ..ပညာတစ် ခုတည်းကိုသာ အားကိုးပြီးအသက်မွေးရတဲ့ ကျွန်မအတွက် အချိန်တွေအများကြီးလိုလာတယ်..ကြားထဲမှာဘယ် အရာကိုမှ ကျွန်မလမ်းရွေးပြီး လျှောက်လို့မရခဲ့ဘူး။မိသားစုအခြေတကျဆိုတဲ့ လမ်းကိုပဲ ဖြစ်လာသမျှတွေ ကြံ့ကြံ့ခိုင်ပြီး လျှောက်ခဲ့ရတယ်။..ချစ်သူကတော့ ကျွန်မ မရွေးချယ်ခဲ့တဲ့လမ်းမှာ ကျန်ခဲ့တယ်။ခုတော့ ကျွန်မရင်းခဲ့သမျှတွေခံစားနေရပြီလို့ပြောလို့ရတယ်။ဒါပေမယ့် အဲဒီအရာတွေ
က ကျွန်မအတွက် အသုံးမ၀င်တဲ့ အပိုတွေဖြစ်နေတယ်.ကျွန်မရဲ့ မိသားစုအတွက်ကတော့ တော်တော်ကြီးကိုအသုံး ၀င်နေခဲ့တယ် လို့ပြောရမယ်။ပြောရရင် မိသားစုရဲ့တာဝန် ၀န်ထုပ်ဝန်ပိုးကြီးကို ထမ်းပြီးပြေးခဲ့ရတဲ့ ကျွန်မအတွက် ပန်းတိုင်ကို ရောက်လို့ အထုပ်ကြီးကို ပစ်ချလိုက်တဲ့ အချိန် လက်လွတ်ခြေလွတ်ဖြစ်သွားတဲ့အခြေအနေမှာ ကျွန်မခံစားမိတဲ့စိတ်က မိသားစုကတော့ လိုရာကို ရောက်သွားတဲ့ အချိန် ကျွန်မကတော့ကျွန်မရဲ့ မျှော်လင့်ခြင်းအိမ်မက်တွေနဲ့ ဆန့်ကျင်ဘက်တော်တော်ဝေးဝေးကို ရောက်နေပြီ။ သူတို့ကိုထားပြီးကျွန်မပြန်လှည့်ပြီး ပြေးခဲ့လည်း အချိန်တွေမှီတော့မယ်မထင်ဘူး..

..သြော် ကော်ဖီနဲ့မျှောချနေရတဲ့ သောကတွေက ကော်ဖီသာ ကုန်သွားတယ် သောကတွေ မကုန်သေးဘူး..
ကျွန်မပြန်ရတော့မည်. .ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ နောက်တစ်ခါ ခံစားချက်တွေ ပြင်းထန်လာ တဲ့နေ့ အထီးကျန်ခြင်း တွေ နှိပ်စက်တဲ့ နေ့ကျရင် ကျွန်မနောက်တစ်ခေါက် ကော်ဖီနဲ့ သောကတွေရောပြီးလာသောက်သုံးရ အုန်းမည်။ပြည့်လာတဲ့ အင်အားတွေနဲ့ မနက်ဖြန်တွေကို ကျော်ဖြတ်ရအုန်းမည်…

ပိုက်ဆံရှင်းဖို့ကောင်တာကို သွားဖို့ သူမ..ပြင်လိုက်သည်.တစ်စုံတစ်ခုနှင့် သူမတိုက်မိလိုက်သည်။


“sorry! နော် ..ကျွန်မ မမြင်လိုက်လို့ ”


ပြောလဲပြော တိုက်မိတဲ့လူရဲ့ မျက်နှာကို မြင်လိုက်တဲ့ သူမ ..မှင်သက်သွားမိသည်.


“သြော် ဘယ်သူများလဲလို့ ..မင်းဘယ်တုန်းက ပြန်ရောက်လဲ ကိုယ်က မင်းကို နိုင်ငံခြားမှာပဲထင်နေတာ
မင်းလဲ ဒီဆိုင်လေးကိုလာတုန်းပဲလား..မင်းအဆင်ရောပြေရဲ့လား မင်းကြည့်ရတာတော့ အဆင်ပြေနေ
တဲ့ပုံပါ..ကိုယ်ကတော့..ဟန်….”

“ကိုမင်းရေ ..သြော် ကိုမင်းသူငယ်ချင်းလား..”

ဟန်နီ လို့ခေါ်မယ့် ချစ်သူ့ရဲ့ စကားမဆုံးလိုက်….အသံနဲ့အတူရောက်လာတဲ့ နောက်ထပ်မိန်းမတစ်ယောက်.


“အင်း ဟုတ်တယ်..ဒါက ကိုယ်နဲ့ မကြာခင်လက်ထပ်တော့မဲ့ ခိုင် လေ..ခိုင် ဒါက ကိုယ့်ရဲ့ အရင်းနှီးဆုံး ငယ်သူငယ်ချင်း မေသူ တဲ့..”

“ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ် မမေသူ..ဒါဆို ဖိတ်စာပါပေးလိုက်လေ ကိုမင်း ခိုင် တို့လက်ထပ်ပွဲကြရင် လာဖြစ် အောင်လာနော်..အစ်မ”


“ကောင်းပါပြီ ခိုင်..အစ်မ ကြိုးစားပါ့မယ်..အစ်မလဲ နိုင်ငံခြားပြန်ထွက်ဖို့ စီစဉ်နေတော့လေ အလုပ်များလို့.ပါလာဖြစ်အောင် တော့ ကြိုးစားပါ့မယ် ညီမရယ်...ကိုမင်း..မေသူ့ ကို ဖိတ်စာပေးလေ..”


တစ်ကယ်တော့ ကျွန်မ နိုင်ငံခြားက ပြန်ရောက်ခဲ့တာ ကြာပြီ။လွန်ခဲ့တဲ့ သုံးနှစ်လောက်ထဲက မြန်မာပြည်ကို ပြန်ရောက် နေခဲ့တာပါ။ ချစ်သူကတော့ သူ့ အိတ်ထဲ ဖွင့်ပြီးခဏရှာသည် ပြီးတော့..

“ဖိတ်စာက ကုန်သွားပြီဟ ငါ့မှာမရှိတော့ဘူး ဖုန်းနံပါတ်ပေးခဲ့လေ ငါဖုန်းဆက်ပြီး လာပေးလိုက်မယ်.”


ကျွန်မ အင်းလို့သာပြောခဲ့ပြီး ..ဖုန်းနံပါတ်ရေးပေးခဲ့သည် ပြီးတော့ သူမ နှုတ်ဆက်ပြီး ထွက်လာခဲ့မိသည်.တစ်ကယ်တော့ ချစ်သူရဲ့ အိတ်ထဲမှာ ဖိတ်စာတွေကို ကျွန်မတွေ့လိုက်ပါသည်။ဘေးချင်းယှဉ်လျှက်ရပ်နေမိသော ကျွန်မ… ချစ်သူအိတ်ဖွင့်လိုက်စဉ် အခါက ကျွန်မကောင်းကောင်းကြီးကို တွေ့လိုက်သည်။ချစ်သူက ကျွန်မကို ခုချိန်ထိ ငဲ့ညှာနေတုန်းဆိုတာ ကျွန်မသိလိုက်သည်.ဖိတ်စာအားသူမပေးလို..ကျွန်မခံစားရမှာ သူမလိုလား။ တစ်ကယ်တော့ ချစ်သူပြောခဲ့သလို သူလဲ ပုံစံခွက်ထဲ ရောက်နေခဲ့ပြီပဲ..တစ်ကယ်ဆိုရင် သူရဲကောင်းဖြစ်ခြင်တဲ့ ကျွန်မ ချစ်သူရဲ့လက်ထပ်ပွဲကို ခေါင်းမော့ရင်ကော့ပြီးသွားသင့်တာပေါ့..ဒီလိုဖြစ်မယ်
ဒီလိုခံစားရမယ်ဆိုတာ သိသိကြီးနဲ့ ကျွန်မရွေးခဲ့တဲ့လမ်းပဲဟာ..ဒါပေမယ့် ကျွန်မ သူရဲကောင်း မဆန်ခဲ့ပါ။

ကျွန်မထွက်ပြေးတိမ်းရှောင်ခဲ့သူပါ။အချစ်နဲ့ပတ်သတ်ရင် ကျွန်မသူရဲကောင်းမဆန်ခဲ့ပါဘူး.သူရဲကောင်းလဲမဖြစ်ခဲ့ဘူး.. ဒါပေမယ့် ကျွန်မ..ချစ်ရတဲ့..မိသားစုအတွက်တော့ …သူရဲကောင်းတစ်ယောက် ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ တော့ ကျွန်မတွေး နေခဲ့မိတယ်။……။



အမှာစာ….
အတွေးထဲရောက်လာတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ရေးဖြစ်ခဲ့တာပါ။ တစ်ကယ်လို့ ဖတ်ရင်းနဲ့ အမြင်
မတော်တာလေးများတွေ့ရင် နားလည်ပြီး ဖတ်ပေးဖို့ မေတ္တာရပ်ခံပါရစေလို့...

Friday 2 July 2010

မသိ



စိတ်တွေသာ မျှောပြီးရင်မျှောပါနေတယ်
အဖတ်ဆယ်တဲ့ ဆိုတဲ့ အဆင့်ကို
ငါ..မရောက်ဖြစ်သေးဘူး...
ကဗျာတွေသာ ရေးခြင်နေမိတယ်
သံဇဉ်ညီတဲ့ ကာရံတွေတော့
ငါ မတွေးမိသေးဘူ....
ခံစားမှုတွေ ပြည့်ကြပ်နေပေမယ့်
တစ်ကယ်တမ်း ကျတော့
မျက်ရည်လေးတစ်စက် အဖြင့်နဲ့တောင်
ငါ ဖွင့်မထုတ်နိုင်ဘူး....
စိတ်မှာဗလာ...အသိမှာနတ္တိ
မြင်ကွင်းတွေ ကွယ်ပျောက်
လက်တွေ့နဲ့ ဝေးကွာနေတဲ့
ငါ....
ဘယ်တော့များမှ
အလင်းဆိုတာကို ငါ..မြင်နိုင်တော့မလဲ..။ ။

...................................................
ပုံလေးကိုတော့ internet ကရှာလို့ရတဲ့ပုံလေးပဲတင်ထားပေးတာပါ။