မြင်သာရုံ အကြင်နာတံခါး
လှစ်ဟလို့ ထားခဲ့တယ်
အချစ်ရယ် မင်းလည်ပြန်
တစ်ချက်ကြည့်ရင်ဖြင့်
ငါ့အချစ် အမှန်ရယ်လို့
သံသယရယ် ဘယ်မရှိ
မင်းမြင်တွေ့ခွင့်ရလိမ့်မယ်...။ ။
ယုံစမ်းပါလဲ့ အချစ်ဦးရယ်
ဒီရင်ခွင်အခန်းတံခါး
မင်းကမှ မခေါက်ခဲ့ရင်ဖြင့်
ထာဝစဉ် သော့ခတ်လို့
ရှေးဟောင်းဖြစ်အချစ်ရယ်လို့
မှန်ဘောင်သွင်း ပြတိုက်ကို
ပို့ရတော့မယ်..။ ။
အချိန်ရယ် ဘယ်မဆွဲပဲ
အပြေးရယ်လာခဲ့ ပါလဲ့
တစ်ကိုယ်တည်း အထီးကျန်တယ်
ကြားလို့ကောင်း ဖတ်လို့ရပေမယ့်
ခံစားရ မသက်သာလှတာမို့..
အချစ်ရယ် မြန်မြန်သာ
ပြန်လှည့် ... စေခဲ့ ချင်တော့တယ်..။ ။
အလွမ်းဆိုတာ ပြောပါများလို့ နှုတ်ကထွက်ရတာ ချောနေပေမယ့် တကယ်ခံစားရတော့ အတိုင်းအဆ မရှိပါဘူး။
ReplyDeleteပြန်လာစေချင်သူ အမြန်ပြန်လာပေါစေနော်..
ReplyDeleteအထီးကျန်မူ့တွေကင်းဝေးကာ
ReplyDeleteပြန်စေချင်သောသူလည်းပြန်လာပါစေ။
လင့်ခ်ချိတ်ပေးတာကျေးဇူးပါနှော်။
ခိုင်နုလည်းလင့်ခ်ပြန်ယူသွားပါတယ်။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
“ဒီရင်ခွင်အခန်းတံခါး
ReplyDeleteမင်းကမှ မခေါက်ခဲ့ရင်ဖြင့်
ထာဝစဉ် သော့ခတ်လို့
ရှေးဟောင်းဖြစ်အချစ်ရယ်လို့
မှန်ဘောင်သွင်း ပြတိုက်ကို
ပို့ရတော့မယ်..။ ။”.........
တံခါးခေါက်သူ..အမြန်လာခေါက်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...