Saturday 24 July 2010

ရင်တွင်းစကား



မြင်သာရုံ အကြင်နာတံခါး
လှစ်ဟလို့ ထားခဲ့တယ်
အချစ်ရယ် မင်းလည်ပြန်
တစ်ချက်ကြည့်ရင်ဖြင့်
ငါ့အချစ် အမှန်ရယ်လို့
သံသယရယ် ဘယ်မရှိ
မင်းမြင်တွေ့ခွင့်ရလိမ့်မယ်...။ ။

ယုံစမ်းပါလဲ့ အချစ်ဦးရယ်
ဒီရင်ခွင်အခန်းတံခါး
မင်းကမှ မခေါက်ခဲ့ရင်ဖြင့်
ထာဝစဉ် သော့ခတ်လို့
ရှေးဟောင်းဖြစ်အချစ်ရယ်လို့
မှန်ဘောင်သွင်း ပြတိုက်ကို
ပို့ရတော့မယ်..။ ။

အချိန်ရယ် ဘယ်မဆွဲပဲ
အပြေးရယ်လာခဲ့ ပါလဲ့
တစ်ကိုယ်တည်း အထီးကျန်တယ်
ကြားလို့ကောင်း ဖတ်လို့ရပေမယ့်
ခံစားရ မသက်သာလှတာမို့..
အချစ်ရယ် မြန်မြန်သာ
ပြန်လှည့် ... စေခဲ့ ချင်တော့တယ်..။ ။

4 comments:

  1. အလွမ်းဆိုတာ ပြောပါများလို့ နှုတ်ကထွက်ရတာ ချောနေပေမယ့် တကယ်ခံစားရတော့ အတိုင်းအဆ မရှိပါဘူး။

    ReplyDelete
  2. ပြန်လာစေချင်သူ အမြန်ပြန်လာပေါစေနော်..

    ReplyDelete
  3. အထီးကျန်မူ့တွေကင်းဝေးကာ
    ပြန်စေချင်သောသူလည်းပြန်လာပါစေ။
    လင့်ခ်ချိတ်ပေးတာကျေးဇူးပါနှော်။
    ခိုင်နုလည်းလင့်ခ်ပြန်ယူသွားပါတယ်။

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  4. “ဒီရင်ခွင်အခန်းတံခါး
    မင်းကမှ မခေါက်ခဲ့ရင်ဖြင့်
    ထာဝစဉ် သော့ခတ်လို့
    ရှေးဟောင်းဖြစ်အချစ်ရယ်လို့
    မှန်ဘောင်သွင်း ပြတိုက်ကို
    ပို့ရတော့မယ်..။ ။”.........

    တံခါးခေါက်သူ..အမြန်လာခေါက်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......