လှည့်မကြည့်ဘူး လှည့်မကြည့်ဘူး
ဘယ်လိုပဲ သတိလေးထားထား
ပုထုစဉ်ပေမို့ စိတ်ကလေး
တစ်ချက်လှည့်သွားတယ်။ ။
သံယောစဉ်
ငါမလိုချင်ဘူး ငါမလိုချင်ဘူး
ဘယ်လိုပဲ သတိလေးထားထား
ပုထုစဉ်ပေမို့ စိတ်ကလေး
တစ်ချက်လွတ်သွားတယ်။ ။
အောင်မြင်မှု
ငါမလိုချင်ဘူး ငါမလိုချင်ဘူး
ဘယ်လိုပဲသတိလေးထားထား
ပုထုစဉ်ပေမို့ စိတ်ကလေး
တစ်ချက် လိုချင်မိသွားတယ်။ ။
အမြင့်ဆိုတာ အကြာကြီးတည်
နေလို့ မရမှန်းသိရဲ့သားနဲ့
ဘယ်လိုပဲ သတိလေးထားထား
ပုထုစဉ်ပေမို့ စိတ်ကလေး
တစ်ချက်ကြာကြာနေချင်မိပြန်တယ်။ ။
သံသရာမှာ ဘယ်အရာမှမမြဲ
အမြင့်ကမှ.. မထိန်းနိုင်လို့
ပြန်ကျလာ ....မှတော့
ပုထုစဉ်ပေမို့ သတိလေးဘယ်လိုထားထား
ဒုက္ခလဲနင်ခံလိုက်အုန်း..
သောကလဲ နင်ပဲယူလိုက်အုန်း..
ပူဆွေးတာလဲ နင်ပဲဖြစ်လိုက်အုန်း...
မရှိတာကို ယူချင်နေပြီ
မတည်မြဲတာကို တန်ဖိုးထားနေမှတော့
သံသရာမှာ ပုထုစဉ်ဆိုတဲ့
စကားတစ်လုံးကို...အရင်းတည်ပြီး..
မိုက်မဲကာ တွယ်တာနေရင်ဖြင့်...
ဒီ...သံသရာဝဲဂယက်က
လွတ်ဖို့ဖြင့် ရင်လေး........။ ။
စိတ်ထဲမှာပေါ်လာတဲ့ အတွေးလေးကို ကဗျာတစ်ပုဒ်အဖြင့် ရေးမိခဲ့တာပါ။ ဖတ်မိရင်း အထာမကျတာလေးများတွေ့ရင်
ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေ....
သိပေမဲ့ဆင်ခြင်ဖို့ခက်တဲ့ သဘောတရားတွေပါဘဲ ဆွေလေးရေ..
ReplyDeleteပုထုဇဉ်တို့သဘာဝ လိုချင်မှုတွေက များတယ်မဟုတ်လား
အသိတရားလေး ထားစရာပေါ့..
ကဗျာလေးက ကောင်းပါတယ်.. တကယ်ပါ..
တချို့များဆို သတိတချက်လောက် ထားဖို့တောင် သတိမရဘူး
ReplyDeleteနိမ့်မြင့်တက်ကျ အေးစက်ပူလောင် မှုတွေထဲ ကူးခတ်နေကြရတာ
ကိုယ်တွေ ကိုယ်တိုင် ပါပဲ။
အဲဒီ...“သတိ”..ဆိုတဲ့
ReplyDelete“အသိ” လေးကို ...
ဖမ်းဆုပ်ဖို့ကြိုးစားရင်းနဲ့ပဲ...
လမ်းတောင် ဆုံးတော့မလားပဲ...