Wednesday 8 October 2014

မယ့် ဆန္ဒ


ဘ၀ဘုံမှာ ပျော်စံရာသာ
ကောင်းခြင်းလဲရှိ ဖျက်လဲရှိ
ကြုံရ ဆုံရ ဒီလောကဒဏ်
မာန်ကိုတင်းရင်း အံကိုခဲ
ခပ်ပြုံးပြုံးပဲ နေပါ ..အမောင်။  ။

အတွေးခဏ ဟိုခဏ
တွေးမိ တွေးရာ ရောရောင်ကာတွေး
ထွေထွေလာလာ မူးမူးနောက်နောက်
ကြာကြာတွေးသော် စိတ်ကျပိုပို
အားအင်ကုန်ခမ်း နေမထိတယ်
ခပ်ပြုံးပြုံးပဲ နေပါ ..အမောင်။  ။

အောင်မြင်မှုသည် လက်တစ်ကမ်းဝယ်
ရောက်လု ရောက်ခင်း လှမ်းရခက်မည်
စိတ်မကျလင့် အားအင်ကိုသုံး
ကြိုးစားမည်မှာ မိဝန်တာတည်း
ချွေးပြိုက်ပြိုက်ကျ စိုလို့ပင် ရွှဲရွှဲ
ခပ်ပြုံးပြုံးပဲ နေပါ .. အမောင်။ ။

မယ့်တာဝန်မှာ အမောဖြေသိမ့်
စကားအရာ အားပေးရာသာ
အကြံကောင်းပေး ဖြည့်ဆည်းတာဝန်
မလှစ်စေရ ငြူစူလွတ်ကင်း
ငှားကာ ပုခုံး မောပြေစေမည်
အမောင်... ကြိုးစား
ခပ်ပြုံးပြုံးသာ နေပေးပါ။ ။



----
သီတင်းကျွတ် အခါ သမယမှာ ချစ်သော မောင်နှမများ အားလုံး ကျန်းမာလို့ ရွှင်လန်းကြပါစေရှင်။
မိမိထက် သက်ကြီး ၀ါကြီးသူ များအားလုံးကို ကံသုံးပါးနှင့် ပြစ်မှားမိသည် ရှိသော် ခွင့်လွှတ်ပေးကြပါလို့ ရိုသေဂါဝရ ပြု အပ်ပါတယ်ရှင်။







4 comments:

  1. ခပ်ပြုံြး့ပုံးမနေရင်ဆော်ထည့်လိုက်မယ် :P

    ReplyDelete
  2. ဘ၀နဲ့လက်တွေ့ ကွာခြားမှုတွေအကြား
    မယိမ်းမယိုင် တည့်မတ်စေဘို့ အားပေးနေတဲ့
    မယ့်ဆန္ဒကဗျာလေး အားပေးသွားတယ် မွန်လေးရေ...
    လူကြီးသူမတွေ အခုလို ပူဇော်ကန်တော့တဲ့အတွက် သာဓု သာဓု သာဓု
    ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝပါစေကွယ်....

    ReplyDelete
  3. မယ့်ဆန္ဒလေး ပြည့်ပါစေ အမရေ ..
    ပျော်စရာသီတင်းကျွတ် ဖြစ်ပါစေအမ..
    (ဘာလိုလိုနဲ့ ပစ်တို့ တွေလည်း တဖြည်းဖြည်း နဲ့ကန်တော့
    ခံရမဲ့ အရွယ်ရောက်လာပြီ အမရေ.. ဟူးးးးးး )

    ReplyDelete
  4. အမြဲပြုံးတတ်အောင်ကျင့်နေပါတယ်
    အားပေးတဲ့ကဗျာလေးက မှတ်သားစရာလဲပါတယ်

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......