Monday 15 August 2011

ပျောက်နေသော ကျွန်မနှင့် မကာအို ခရီးတစ်ထောက်

ခေါင်းစဉ်ဖတ်လိုက်ရင် ဘာလိုလို ညာလိုလို. အဟဲ ဘာပျောက်တာလဲလို့ မမေးပါနဲ့ . ဘလော့ တွေမရေးပဲ အလုပ်တွေရှုပ်ပြီး
ပုံမှန်လဲ ဘလော့တွေ လိုက်ပြီး စာမဖတ်နိုင်တာကို ပြောချင်တာပါ။ ..

ခုတစ်လော ဆွေလေးမွန် တစ်ယောက် အခန်းဆက် အချစ်ဝထ္ထုရှည်ကြီးရေးပြီး ဘာသံမှမကြား တိတ်တိတ်လေး ပျောက်သွားတယ် လို့စဉ်းစားနေကြသလား ဒါမှမဟုတ် မေ့များသွားကြပြီးလားမသိပါဘူး။ မလုပ်ဘူးဆိုရင် အရှင်း အဲ ရှုပ်ပြီးဆိုရင်လဲ မနဲပြန်ပြန်ခုန် ထွက်ရတဲ့ အကျင့်ကြောင့်လား မသိပါဘူး။ အလုပ်မှာက လူဟောင်းတစ်ယောက်ထွက်သွားပါတယ်။ အဲဒီတော့ ကျန်ခဲ့တဲ့ လူဟောင်းကြီး ကျွန်မကပဲ လတ်တစ်လော HNAD OVER တွေအကုန်လုံး မနိုင်တနိုင်မထားတဲ့ အချိန်.. ခရီးပါထပ်ထွက်လိုက်ပါ တယ်။ ဟဲဟဲ ဘာတတ်နိုင်သေးတုန်း။

ဒီကြားထဲ ခရီးကပြန်လာတော့ ဖျားတာက လေးရက်။စနေ တနင်္ဂနွေ ပါပြီး နောက်ထပ် ရုံးတက်ရက် နှစ်ရက်ပါ ပါလိုက်သေးတယ်။ ဒါပေမယ့် ဖျားရတာလဲ ဇိမ်မရှိပါဘူး မတ်တပ်ဖျား။ အိမ်ကို ငွေပို့မယ်ဆိုပြီး rate ကို check လိုက်တော့ အားပါးပါးကျသွားလိုက်တာ ဒိုင်ဗင်ထိုးတောင် လိုက်မှီမယ့် ပုံစံမမြင်ဘူး။ ဒါနဲ့ပဲ အရင်လို စလုံးက agent နဲ့ မပို့ပဲ ဒီဟောင်ကောင်မှာရှိတဲ့ အဆင်ပြေသလိုနဲ့ ပဲကိုယ်လဲ အမှီ လွဲလိုက်ရတယ်။ ဟိုပြေးဒီပြေး ဒါတောင် ဖျားနေသေးတာ။

ဒါတင်လား ဆိုတော့ မပြီးသေးပါဘူး။ ခုပြီးခဲ့တဲ့ sunday က ကျွန်မမွေးနေ့ပါ။ဒီတော့ သူငယ်ချင်းတွေကို dinner ပေးဖို့ ဖိတ်ထားပြီးပြီမို့ ဖျက်လိုက်ရင် အားနာစရာ။ ဒီတော့ နေမကောင်းတဲ့ ကျွန်မ korean barbecue ဆိုင်မှာ လွေးလိုက်ပါသေးတယ်။ နေသာမကောင်းတာပါ ကျွန်မပါးစပ်ကတော့ တော်တော်ကောင်းနေပါသေးတယ်။ စားလိုက်တာ ဆိုင်ကလဲ ဘူးဖေးဆိုတော့ ကြိုက်သလောက်စား။အိမ်ပြန်ရောက်တော့ အဖျားပြန်တက်မှာစိုးလို့ ကျွန်မဆေးတွေလဲ အတင်းသောက်လိုက်ပါသေးတယ်။ ဒါက ကျွန်မရဲ့ မူပိုင်လို ဖြစ်နေပြီ။ တည့်တည့်မတည့်တည့် အကုန်စားပါတယ်။ ပြီးရင် ဆေးသောက်တယ်။ အိမ်မှာဆို မေမေက အမြဲဆူနေကြ။ အဲဒီအစားနဲ့ ပဲ ဒုက္ခရောက်မှာတဲ့။

အဲ နောက်တစ်ခုလဲရှိသေးတယ်..
အိမ်မှာတစ်ခါမှ မဖြစ်ဘူးတဲ့ PCCW က internet မရပါဘူး။ ဘာဖြစ်မှန်းမသိဘူး။ ကိုယ်လဲ အရင်က ဟိုကလိ ဒီကလိဆိုတော့ ကလိတာပဲ။ ရဘူး။ ဘာမဆိုင် ညာမဆိုင်အိမ်က ကွန်ပျူတာတောင် restore ပြန်တင်လိုက်ပါသေးတယ်။ ဒါလဲမရပြန်ပါဘူး။ ကဲ နောက်ဆုံး လက်လျှော့ ပြီဆိုပြီး service ကိုသွားခေါ်တော့ Monday မှ လာပါမယ်တဲ့။ ဒါနဲ့ ပဲ အိမ်မှာ internet သုံးရက် ထက်ပျက်သွားပြန်ပါတယ်။ ဒီနေ့ မှ PCCW က ကိုယ်တော်လေးတစ်ယောက် လာပြီးပြင်ပါတယ်။ သူလဲ ဘာဖြစ်မှန်းကို မသိပါဘူး။ အပေါ်တက် အောက်ဆင်း ငါးခေါက်လောက် လုပ်ပြီး လှေကားကြီးထမ်းတက်လာတယ် နောက်အပြင်က cable တွေလိုက်ချက်တယ်။ နောက်ဆုံး ဒင်းဘာပြင်သွားတယ် ထင် တုန်း. ဟမ်ဟမ်.. သူတို့ PCCW ကတပ်ထားတဲ့ broadband modem ကြီးအသစ်လှယ်ပေးလိုက်တာ။ ဟော ကွက်တိ..
အင်တာနက်ပြန်ရရော။ လွဲပုံများ......

အဓိကပြောချင်တာကတော့ ၀ထ္ထုရှည်ပြီးရေးပြီး စာလာလာဖတ်တဲ့သူတွေကို ဂရုမစိုက်ပဲ ဒီအတိုင်းပစ်ထားတာမဟုတ်ပါဘူးလို့ အသိပေးချင်တာပါ။ ခုတော့ internet ရရချင်း ခုလိုအရှုပ်တော်ပုံတွေကို အမှန်အတိုင်းလဲ ပြောရင်း အကြောင်းလဲ ကြားလိုက်ရပါတယ်ရှင်။
အဲ ပြီးတော့ ခရီးသွားခဲ့တဲ့ ပုံလေးတွေကိုလဲ သူငယ်ချင်းတွေကို ရသလောက်ပြန်ပြီး မျှဝေပေးလိုက်ပါတယ်။



ဒါက သဘောင်္ပေါ်ကဆင်း ပြီးတော့ ဟိုတယ်သွားမယ့် ကားပေါ်တက် စပြီးတွေ့ရတဲ့ မြင်ကွင်း။




ဒီပုံတွေကိုကြည့်ပြီးရင်တော့ ဘယ်နေရာဆိုတာသိလောက်ပြီ..




ဒီပုံတွေကြည့်လိုက်ရင် ပိုသိလောက်ပြီး မကာအို ဆိုတာ..



ဒါက ကျွန်မတို့ တည်းခဲ့တဲ့ ဟိုတယ်ရဲ့ အပြင်အဆင်




ဟိုတယ်အတွင်းထဲမှာ ပဲရစ်စတိုင်လို့ပြောတာပဲ။ အတူသွားတဲ့ သူငယ်ချင်းကပြောပြတာ။ ကောင်းကင်အတု ခပ်မှိုင်းမှိုင်းအောက်မှာ
စားသောက်ဆိုင်တန်း အရှည်ကြီးပေါ့။




ခုလို ဟိုတယ်တစ်ပတ် လှေစီးလို့လဲရသေးတယ်။




လှေစီးပြီးသွားရင် shopping ပတ် ။ သူများတွေပြောပါတယ်။



ဟောဒီလို ဆိုင်လေးတွေလဲ ရှိတယ်။ ချစ်စရာလေး။ ဆိုင်ထဲကကောင်မလေးပြောတာဟုတ်ဖူးနော်။ ဆိုင်လေးကိုပြောတာ။

ကဲ ဒီနေ့ တော့ ပုံလေးတွေ ဒီလောက်နဲ့ ပဲ ကျေနပ်ကြပါလို့ ။ ညည့်လဲနက်ပြီး မို့ အိပ်တော့ မယ်။ ဟိုတယ် အပြင်က ပုံတွေကိုတော့ နောက်နေ့မှပဲ ထပ်ပြီးတင်ပေးတော့ မယ်နော်။ အခန်းဆက်တွေ များလှချည့်လားလို့ မထင်လိုက်ပါနဲ့။
ကင်မရာတစ်လုံး လက်မှာကိုင်မိရင် မနေနိုင်မထိုင်နိုင် လိုက်လိုက်ရိုက်တတ်တဲ့ စိတ်ကြောင့် ပုံတွေတော်တော်များဖြစ်သွားလို့ပါ .

ကဲ ဘလော့ ဂါ မောင်နှမများ ကျန်းမာလို့ ရွှင်လန်းကြပါစေနော်..














6 comments:

  1. ပုံလေးတွေလာကြည့်သွားတယ်
    ဆွေလေးရေ

    ဓါတ်ပုံဆိုတာကလဲ တကယ်တော့
    အမှတ်တရမှတ်တမ်းတွေပါဘဲ..
    များများသာရိုက်ပါ
    ငွေဈေးကျတာတော့မပြောပါနဲ့တော့အေ..
    စိတ်နဲ့ကိုယ်နဲ့ကိုညစ်တာ..

    ReplyDelete
  2. Oh... 14 August was your birthday. Happy Birthday to you!! May you be always happy! Your travelling photo are so nice. Impressive :)

    ReplyDelete
  3. မွေးနေ့ မသိလိုက်ဘူး
    နောက်ကျဆုတောင်းလေး တောင်းပေးသွားတယ်နော်
    မွေးနေ့မှသည် နှစ်ပေါင်း ရာကျော်တိုင် ပျော်ရွှင်ချမ်းမြေ့တဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေလို့..
    မကာအို ပုံတွေတွေ့တော့ ကိုးရီးယား F4 ကို သတိရသွားတယ် ဟဲဟဲ
    ဒါနဲ့ ၂ယောက်တည်း လှေကလေး မစီးခဲ့ဘူးလား လို့..
    ပဲရစ်စတိုင် လုပ်ထားတာလေးက မိုက်လိုက်တာနော် ကောင်းကင်လဲ အစစ်လား ထင်ရတယ်
    ပျော်စရာကြီး

    ReplyDelete
  4. ဆွေလေးမွန်16 August 2011 at 02:21

    မချောပြောသလို လှေကလေး နစ်ယောက်တည်းစီးရ ရင် ဖြင့် အတိုင်းထက်အလွန်ပေါ့လေ.
    ဟီး..
    ခုတော့ ရှက်ရှက်နဲ့ ပြောရ စိတ်ကူးနဲ့ တောင် မစီးနိုင်သေးပါဘူးကွယ်။

    မှတ်ချက် ကြော်ငြာဝင်ခြင်းမဟုတ်ရပါ။

    :) :) :P

    ReplyDelete
  5. ပုံတွေကြည့်သွားပါတယ်....
    အရမ်းကိုလှပတဲ့ ပုံလေးတွေအတွက်
    ကျေးဇူးတင်ပါတယ်ရှင်။ ။
    ဆိုဒ်လေးကလဲလှတယ်
    ပုံလေးတွေကလဲ ကြည့်ကောင်းတယ်
    ရေးတဲ့သူလဲ ချစ်ဖို့ကောင်းမှာပါ။
    ချမ်းမြေ့ပါစေ။

    ReplyDelete
  6. mabaydar:
    အစ်မရေ... အစ်မ၀တ္တုကို အချိန်ရရင်တော့ အစအဆုံး ဖတ်ဖြစ်အောင် ဖတ်အုံးမယ်...
    ညီမလဲ ၀တ္တုစပြီး ရပ်နေတာ ၁နှစ်ကျော်ပြီ... စာလာဖတ်တဲ့သူတွေကို အားနာလွန်းလို့ ခေါင်းငုံနေရတယ်... အားကလဲနာပါတယ်... ဆက်ရေးဖို့ Mood ကလဲ မ၀င်... အချိန်ကလဲမရှိ...
    မကာအိုက ပြင်သစ်စတိုင်လုပ်ထားတဲ့ဟိုတယ်က Venetian Hotel လား.. အချိန်မရလို့ မ၀င်ခဲ့ရဘူး... Galaxy ဟိုတယ်ပုံစံကြီးကိုတော့ အပြင်ကကြည့်ပြီး သိပ်ကြိုက်ခဲ့တာ...
    အစ်မရေ ပြောရင် အစ်မနဲ့ မုန့်စားခဲ့တဲ့နေ့ကို သတိရလာပြီ... ဒင်းဆန်းလေးလဲလွမ်း... ရာသီဥတုအေးအေးကိုလဲလွမ်းတယ်...


    ဆွေလေးမွန်..
    ဟုတ်တယ် ညီမရေ . Venetian Hotel ပဲ.. ညီမ comment ကို ဖုန်းကနေ Public လုပ်လိုက်တာ မှားပြီးနှိပ်မိလို့ delete ဖြစ်သွားတာနဲ့ အစ်မ ပြန်တင်ပေးထားတယ်.. :) :)

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......