Friday, 20 November 2009

အဲဒါတစ်ကယ်

ရင်မှာတမ်းတတယ်ဆိုမှဖြင့်
လွမ်းရဲ့လားလို့ မမေးနဲ့ချစ်သူ
နင့်နေအောင် ခံစားရတာ
ငါပဲအသိဆုံး။ ။
လိုက်မလားလို့ မေးနေတာ
ခက်ခဲလား ကြမ်းတမ်းလားလို့
မမေးနဲ့ ချစ်သူ
မင်းအတွက်ဆို ငါ့စိတ်တွေကို
ပုံပေးထားတာ ငါ့မှာဘာဆို
ဘာမှမရှိတော့တာ
မင်းအသိ။ ။
တွဲတဲ့လက်တွေလည်း
မဖြုတ်နဲ့ချစ်သူရယ်
မျက်နှာလည်း မလွဲလိုက်နဲ့
စိတ်ပျက်တယ်လို့လဲ မင်းမတွေးနဲ့
ဘ၀မှာ အလိုအပ်ဆုံးအရာက
မင်းဖြစ်နေလို့ပါ။ ။
ကိုယ့်လက်ကိုဆွဲ
ရဲရဲသာ ဘ၀လမ်းကို
လျှောက်ခဲ့စမ်းပါ
ကိုယ်ပြောရဲတယ်
မင်းဘ၀ ကိုယ့်အချစ်တွေနဲ့
လုံခြုံစေရမယ်...
မင်းထာဝရ ပြုံးပျော်နေစေရမယ်...။ ။

လွန်ခဲ့တဲ့ နှစ်ရက်လောက်က CBOX မှာလာအော်သွားတဲ့ အသိအစ်ကိုကြီးတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ဒီကဗျာလေးကိုရေးပေးလိုက်တာပါ။ သူတို့နှစ်ယောက်နဲ့ တိုက်ဆိုင်တဲ့ အကြောင်းလေးဆိုလို့ပါ။ တင်ပေးလိုက်တာ နောက်ကျပါ တယ်။ ကဗျာဆိုတာလဲ စိတ်မှာအခွံကြီးပဲရှိတဲ့ အချိန်ဆိုရေးလို့မရတာ ဆိုတော့ ခုလိုအေးအေးဆေးဆေး ရုံးပိတ်ရက်မှပဲ
တင်နိုင်ပါတော့တယ်။ ကဲ.. လာလည်တဲ့ ဘလော့ အစ်ကိုကြီး အစ်မကြီးများနဲ့ မောင်လေးတို့ရေ ဆုတောင်းပေးလိုက်ကြပါ
အဲဒီအစ်ကိုကြီးရဲ့ အချစ်ရေးအမြန်ဆုံး အဆင်ပြေပါစေလို့...
ဆွေလေးကတော့ ချစ်တဲ့သူတိုင်းကို ပေါင်းရစေခြင်တယ်။ ချစ်နေကြပြီး အကြောင်းကြောင်းကြောင့်ဆိုတဲ့ စကားလုံးထောက်
ထောက်ကြီးကြောင့် ဝေးသွားရတယ်ဆိုရင်...သီချင်းစာသားလေးလိုပေါ့.."ဒဏ်ရာဆိုတာ အချစ်တဲ့လား" ဖြစ်နေမှာစိုးလို့...

No comments:

Post a Comment

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......