Sunday 26 September 2010

မမှားလောက်တော့



တော်ပြီဆို နောက်တစ်ခါ
ပြန် လှည့်လို့ မကြည့်တော့ဘူး
စုံကုန်ကာ ထွက်သွားတဲ့
ဒီခြေထောက်ကို တစ်သက်စာ
မှတ်လို့ဖြင့်ထားလိုက်တယ်..။

ဒုတိယရယ်လို့ ပြန်ခိုခွင့်
ပေးလိုက်မယ် မထင်နဲ့
ဒင်း..........
သတ်သွားပုံက
စုတ်ပြတ်သတ် ဖွာလန်ကျဲ
ဒီ.....စိတ်တွေလေ...။

မေတ္တာဆိုတာ ဂျိုနဲ့လား
စေတနာဆိုတာ
တန်ဖိုး ဘယ်လောက်လဲလို့
မေးဖော်....ရမှတော့
ငါ..ကျောခိုင်းလိုက်တာဟာ
မမှားလောက်တော့ပါဘူး။ ။


ပုံလေးကိုတော့ internet ကပဲရှာပြီးသုံးထားတာပါ။လာရောက်လည်ပတ်ကြသော ဘလော့မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်လို့..ဆွေလေး ဒီပို့(စ်)လေးကပဲ ထပ်ပြောလိုက်ပါရစေ။

3 comments:

  1. ဒုတိယရယ်လို့ ပြန်ခိုခွင့်
    ပေးလိုက်မယ် မထင်နဲ့ ဆိုတဲ့စာသားလေး သဘောကျတယ်
    တို့ခံယူချက်နဲ့ ထပ်တူဘဲ..
    ကိုယ့်ဆီက ထွက်သွားပြီးရင် ပြန်လာဖို့ မစဉ်းစားနဲ့..
    ဒီသဘောပါဘဲ

    ReplyDelete
  2. ပြတ်ပြတ် နဲ့ သားသား ပါပဲလား။
    စာသားရွေးချယ်တာကောင်းလို့ ကဗျာလေးက အားမာန်ပါနေတယ်။

    ReplyDelete
  3. မိစိမ်းကားကြီးလို့ နောက်ကနေ လိုက်အော်နေရင်ရောဗျာ

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......