Thursday 23 September 2010

အတိတ်ဟောင်းရဲ့ ပန်းချီ


အမေ့ရင်ခွင်အငွေ့တွေနဲ့
ခိုလှုံနေစဉ်က အမေ့ကိုမခွဲချင်ဘူး
ရင်ခွင်သစ်တွေရဲ့ အရိပ်အောက်မှာ
ဘ၀ကိုအရောင်ဆိုးချိန်တန်တော့
ရင်ခွင်ဟောင်းအမေ့အိမ်ကို
တိတ်တဆိတ်လေးခွဲခဲ့ရတယ်
အော်..အမေသိနိုင်ပါရဲ့လား....။
ဘ၀အတွက်ပညာတွေရှာရင်း
ဆရာသမားတွေရဲ့အရိပ်အောက်မှာ
ကျောင်းစာတွေအဖေါ်ပြုရင်း
ခွဲခွါခြေလှမ်းတွေစတင်ခဲ့တယ်
အချိန်တန်လို့အိမ်ပြန်တဲ့အခါ
ပခုံးဖက် ငိုရှိုက်သံတွေနဲ့
လမ်းခွဲခဲ့ရတယ်
အော်...ကျောင်းတော်ကြီး သိနိုင်ပါရဲ့လား...။
အရောက်သွားရင်း
တစ်ထောက်နားတဲ့ခရီးတစ်ကွေ့မှာ
အဖြူရောင်ခင်မင်မှုတွေနဲ့
ချိုသာသောနှုတ်သံ
ကြည်ရွှင်သောအပြုံး
ဖြူစင်သောနှလုံးတွေနဲ့
ခင်မင်မှုတွေပိုခဲ့ကြတယ်
မဆုံးသေးသောခရီးရှည်ကြောင့်
ဝမ်းနည်းရင်းလမ်းခွဲကြတဲ့အခါ
မမြင်နိုင်သောမျက်ရည်တွေ
ကိုယ်စီစီးဆင်းနေတယ်ဆိုတာ
အော်...လောကကြီးရယ် သိနိုင်ပါရဲ့လား...။

2 comments:

  1. တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး ခင်မင်ကြပြီးမှ ခွဲခွာရတာ ၀မ်းနည်းဖို့ကောင်းပါတယ်
    ဒါပေမဲ့ လောကဓမ္မတာပါဘဲလေ။

    ReplyDelete
  2. အင်း အရမ်းကောင်းတယ် အားပေးပါတယ်ဗျာ.....အမေ့အိမ်ကို လွမ်းလာပြီ

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......