Wednesday 8 September 2010

သူဌေး

စားတာက ခေါက်ဆွဲခြောက်
အိပ်တာက လေးထောင့်ကွက်
ဝတ်ဖြစ်တာက ဖြစ်သလိုလေး
မသုံးနိုင်ချွေတာကာ တစ်လကိုဖြင့်
ပိုသလို အိမ်တော်ပါမိသားစုကိုလ
မနှေးအမြန် တစ်လကို အမှန်
ငွေသားပို့ရတယ်.......။ ။
ဒီလိုနဲ့
ပြန်ချိန်ရယ်တန်
ခွင့်တစ်လ အမှန်ရတာမို့
ပျော်မဆုံး ပထမအလှူလေးနဲ့
ပေးချင်ချင် မပေးချင်ချင်
ရေစက်ချ တရားရယ် မပါစွာနဲ့
မြန်မကြာ အခွန်ဆိုတာများ
ဆောင်လို့ရယ်...
အိတ်တော်ရယ် ထက်ဝက်လောက်ပါးတော့တယ်..။ ။
မကုန်သေး ကျန်သေးသပ
အကြောင်းရယ် လာကြိုသူအပေါင်း
အိမ်ရောက်လို့ အထုပ်ရယ်ဖြေ
အမယ်မင်း ၀ိုင်းဆွဲကာရယ်ဖြင့်
မျက်ရည်မထွက်ရုံတစ်မယ်
သံတုန်ကာ သနားစရာ
မျက်နှာထားနဲ့ တစ်ကိုယ်စာ
လုံယုံတော့ ချမ်းသာကာ
ပေးကြပါလို့...နတ်ချင်းသံနှော်
ငြီးငိုကာပြတော့မှ ...ခေါ်ကြတယ် သူဌေး

ဘာရယ်မဟုတ်ပါဘူး။ အိမ်ပြန်ဖို့စဉ်းစားမိရင်း တွေးမိတာလေးကို ချရေးမိတာပါ။

4 comments:

  1. တူတူပဲ...
    ဒီမှာလည်း ခေါက်ဆွဲခြောက်ပဲ...
    သူထိန်းလေ...သူထိန်း......

    ReplyDelete
  2. ဖတ်ပြီး သဘောကျလို့ ရယ်လိုက်မိတယ်
    ပိုက်ဆံချေးမှာစိုးလို့လား ဆွေလေးရဲ့
    အဟီး
    လာမချေးပါဘူးနော်.. ကြိုတင် ကာကွယ်မနေပါနဲ့။။။ ခေါက်ဆွဲခြောက်တော့ လွယ်လဲလွယ် ကြိုက်လဲကြိုက် ဈေးလဲသက်သာတော့ စားတာပါဘဲ.. တူတူဘဲ

    ReplyDelete
  3. နိင်ဂံဂျား ပြန်ကြီး ဆိုပြီး အထုပ်ဝိုင်းဆွဲ ကြမှာ ကြိုသိနေတယ်ပေါ့။ မပေးမကောင်း ပေးမကောင်းနဲ့ ပြန်ရန်စိတ်လေးနေရှာပုံပဲ။

    ReplyDelete
  4. ခွင့်တစ်လ အမှန်ရပေမယ့်
    ဒါနမလို ကျွန်တော်မောင်ကပ်စီးမှာဖြင့်
    လေယာဉ်လက်မှတ် ဖရီးကစ်ဆိုရင်တောင်
    အခွန်မဆောင်နိုင် ငေးခါကြည့်ရတယ်
    ဒီ နှစ် တော့ လေ ..ပြန်ဖြစ်ပါဘူး :P

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......