Saturday, 20 August 2011
မေးပါရစေ...
ဖြေသာတယ်ဆိုပေမယ့်
တော်ရာမှာ မြေခပြီး
ကြွေရတဲ့
မျက်ရည် တစ်စွန်းတစ်စများ
အသင် မသိလေရော့ သလား။ ။
ဟိုးအရင်က ဒီဇင်ဘာ
မြူနှင်းတွေဝေလို့
အေးမြမြ အချမ်းပိုပေမယ့်
နွေးထွေးတဲ့ ပုခုံးတစ်စုံ
ငါ့ဘေးမှာ ရှိခဲ့ဘူးတယ်လို့
အသင် မေ့များသွားခဲ့လေသလား။ ။
အကြောင်းဆက် ပေါင်းဖက်ဖို့
ဆုံနိုင်ခဲရင်တောင် ရင်ခွင်တစ်စုံစီမှာ
အသည်းနှလုံး တစ်ခြမ်းစီနဲ့
ရှင်သန်ခွင့် တောင်းခဲ့ ဖူးတာများ
အသင် မေ့များမေ့နေလေရော့သလား။ ။
ရွှေလက်ရယ်တွဲ ကြည်နူးမဆုံး
အတိတ်တွေလဲ ပိုင်ခဲ့ဖူးသလို
လှိုင်းထန်လေကြမ်း
လောကဓံလည်း ဆိုင်ခဲ့ဖူးပြီ
လမ်းဆုံးကိုရောက် ပန်းတိုင်နီးမှ
အသင် လက်တွဲဖြုတ်ခဲ့ လေသလား။
မာနတွေ ဘေးချထားမယ်
အတ္တတွေကို နောက်မှာထားမယ်
ပေးဆပ်မှုကို ရှေ့တန်းတင်မယ်
ဆုံနိုင်မှုကို အဓိကထားမယ်
နားလည်မှုနဲ့ ဖေးမကူမယ်
နှလုံးသားနဲ့ စကားပြောမယ်
ဖြစ်ချင်တာကို ဦးစားပေးမယ်
စစ်မှန်တဲ့ အချစ်စစ်တစ်ခုနဲ့
ငါ.. ရပ်လို့ စောင့်နေခဲ့တယ်
အရင်လိုများ..
အသင်..ပြန်လာခဲ့ချင်သလား။ ။
...........................................
ဘလော့ မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေနော်။ နောက်တစ်လလောက်ဆိုလျှင်တော့ ဆွေလေးလဲ အချိန်ရလောက်ပါပြီ။ အဲဒီအချိန်ကြရင်ဖြင့် အရင်လို ဘလော့လည်ပြီး စာတွေပြန်ရေးနိုင်လောက်ပါပြီလို့.
Posted by
ဆွေလေးမွန်
Subscribe to:
Post Comments (Atom)
ရင်ခွင်တစ်စုံမှာ အသဲနှလုံးတစ်ခြမ်း
ReplyDeleteစီနဲ့ အော်ဘယ်လောက်များလွမ်းလို့ကောင်း
မလဲနော်...
ပြန်လာခဲ့ရင် ခေါ်မှာလား...
ကဗျာလေးကအသက်ဝင်နေလိုက်တာ
ReplyDeleteခံစားချက်ပါတဲ့ကဗျာတွေဆိုရင် မဖတ်ရဲသလောက်ကို
ဖြစ်နေတယ်..ဆွေလေးရယ်..
ဘယ်အရာကိုမှထပ်မခံစားနိုင်တော့ဘူး...