Tuesday 14 September 2010

ပုံရိပ်ဟောင်းရဲ့ဆေးပန်းချီ



ပန်းစိုက်သမားရဲ့ရင်ခွင်ဟာ
ပန်းခင်းပဲလို့ သိရမယ်
ခူးပန်ခွင့် မရှိပေမယ့်
ဆူးခြံရစ်ထားမှ လှပနိုင်မယ်လေ...
အသက်မွေးမှု့ရဲ သစ္စာရှင်ကို
ဘယ်နေရာဘဲ ရောက်ရောက်
တန်းဖိုးအရှိဆုံးနေရာကို ပေးရမယ်
ဒါဟာ ဖြစ်သင့်တဲ့ နိယာမဘဲလေ...
ခင်မင်မှုရဲ့ အထိမ်းအမှတ်ကို
လက်ဆောင်တစ်ခုနဲ့ ဆုံးဖြတ်ရင်
လက်ဆောင်တော့ ရလိမ့်မယ်
ဒါပေမယ့် နောက်ဆုံးလက်ဆောင်ပဲ ဖြစ်မှာပေါ့....
ကျနော်ကို သူလိုက်ပို့တယ်
နောက်ပြီးကျနော်ကို သူပြောတယ်
(..................) တဲ့ မှတ်မှိသေးရဲလား
ဗြောင်ပြန်စီးတာ သိခဲ့လို့
ကျေးဇူးတင်တယ်
မြစ်နဖူးမှာ အသစ်ထူးတာမို့
မလွမ်းရဲသေးပေမယ့်
မမေ့ရဲဘူး ဆိုတာ
သူငယ်ချင်း မင်းသိနိုင်ပါစ ။

(မှတ်ချက်.....သူငယ်ချင်တစ်ယောက်ရဲ့ ရင်ဘတ်ကိုငှား၍ ခံစားတင်ပြပါသည်။)

4 comments:

  1. အလည်ရောက်ရင်း
    ကဗျာလေးတွေလာခံစားသွားပါတယ်ရှင်းးး
    ပုံရိပ်ဟောင်းရဲ့ဆေးပန်းချီ
    ကဗျာစာသားတွေကော တစ်ပုဒ်လုံး ကောင်းလွန်းလို့ ၃ခါတောင်ဖတ်မိပါတယ်

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  2. ရင်ဘတ်ကို ငှားပြီး ခံစားပေမဲ့ သိပ်ဖတ်လို့ကောင်းတယ်..
    ခံစားလိုက်ရတယ်..

    ReplyDelete
  3. “မလွမ်းရဲသေးပေမယ့်
    မမေ့ရဲဘူး ဆိုတာ
    သူငယ်ချင်း မင်းသိနိုင်ပါစ ။”

    သူများ ရင်ဘတ်ငှါးပြီး ရေးပေလို့ပဲ...
    ကိုယ့်ရင်ဘတ်နဲ့များ ရေးရင်တော့....
    “ကောင်းမှကောင်းးးးးးးးးးး”....ဖြစ်တော့မှာပဲ..

    ReplyDelete
  4. “မလွမ်းရဲသေးပေမယ့်
    မမေ့ရဲဘူး ဆိုတာ
    သူငယ်ချင်း မင်းသိနိုင်ပါစ ။”

    သူများ ရင်ဘတ်ငှါးပြီး ရေးပေလို့ပဲ...
    ကိုယ့်ရင်ဘတ်နဲ့များ ရေးရင်တော့....
    “ကောင်းမှကောင်းးးးးးးးးးး”....ဖြစ်တော့မှာပဲ..

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......