Wednesday 27 July 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၆)




မောင်နဲ့ တွေ့ ပြီးနောက် နောက်ရက်တွေများ တွေ့ အုန်းမလားရယ်လို့ မျှော်လင့်မိသော်လည်း မတွေ့ခဲ့ပါ။တစ်ရက်ပြီး တစ်ရက် မျှော်လင့် နေမိသော်လည်း မျှော်သူကတော့ ရောက်မလာခဲ့ ။ စိတ်ထဲမှာအလိုလိုသိနေသလို မောင် ရောက်ကိုရောက်လာရမည်ဟု လည်း စိတ်ထဲမှာထင်နေမိသည်။ ဒီလိုနှင့် သောကြာနေ့ သာရောက်လာသည် မောင့်ရဲ့ အရိပ်အယောင်လေးမျှတောင် သူမ မတွေ့ သေး..ဟူး..ဘယ်အချိန်ထိ မျှော်နေရမှာလဲ မောင်.. နောက်ထပ် မောင် နဲ့ ထပ်တွေ့ ဖို့ ကံကြမ္မာကဖန်တီးပေးတဲ့ အချိန်ထိ သူမစောင့်ရအုန်းမည်။ အတွေးများနှင့်ပင် နေရတာ မွန်းကြပ်လာသည်။ ကျောင်းခန်းထဲမှာ မနေချင်တော့ ။ အေးအေးဆေးဆေး တစ်နေရာမှာ တစ်ယောက်တည်း သွားထိုင်နေချင်မိသည်။ တွေးနေကြာသည် သွားထိုင်လိုက်တာက စိတ်ပေါ့ပါးသွားမည်ထင်သည်။ သူမ စိတ်ကူးနှင့် တစ်ယောက်တည်းထွက်လာခဲ့ သည်။ စိတ်ထဲမှာ အားမလို အားမရနှင့် နေမထိထိုင်မသာဖြစ်နေသည်။ ဘာကို သူမ တောင့်တနေ လိုချင်နေမှန်းမသိ။ စိတ်ရှိလက်ရှိသာ မောင် ရေ လို့ အားရပါးရ အော်ပစ်လိုက်ချင်သည်။

(နုငယ်) ဟင်း.. မောင် ရယ် ရှင်ဟာလေ ကျွန်မကို လောကကြီးမှာ ဒုက္ခအပေးဆုံးလူတစ်ယောက်ပဲသိလား။

(ထွန်းသစ်) အဟင်း ဒုက္ခပေးတာက မောင် မဟုတ်ပါဘူး။ နုငယ် ကသာ ကိုယ့် ဒုက္ခ ကိုယ်ရှာနေတာ။

(နုငယ်) အဲ.. ဟင် နင်..နင်..

(ထွန်းသစ်) နင်တွေ ဘာတွေ လုပ်မနေပါနဲ့ ။ ခုနကလိုပဲ ခေါ်လိုက်တာ မကောင်းဘူးလား။

(နုငယ်) ငါ ရည်ရွယ်ပြီး မောင် လို့ ခေါ်တဲ့ သူဟာ နင်ပါလို့ ဘာဖြစ်လို့ တထစ်ချ ထင်လိုက်ရတာလဲ ထွန်းသစ်။ နင်ဖြစ်ချင်မှ လဲ ဖြစ်မှာပါ..

(ထွန်းသစ်) နုငယ် ဘာဖြစ်လို့ ဟန်ဆောင်နေအုန်းမှာလဲ။

(နုငယ်) နင်..ချစ်တယ်ဆိုတဲ့ အချစ်ကို ငါဘယ်လို ယုံရမလဲဆိုတာ အရင် ရှင်းပြတာ ပိုကောင်းမယ်ထင်တယ်။

(ထွန်းသစ်) ဘာကို ဆိုလိုတာလဲ နုငယ်

(နုငယ်) မသိချင်ယောင်ဆောင်မနေပါနဲ့ ထွန်းသစ်ရယ်။ နင့်မှာ တစ်ခြားကောင်မလေးတွေရှိနေတာ ငါသိနေတာပဲ။ ပြီးတော့ နင် ငါ့ရှေ့ ကနေ နှစ်နဲ့ ချီပြီး ကိုယ်ယောင်ဖျောက်နေနိုင်တာပဲ။ နင့်ကိုယ်နင် သိပ်ပြီးအပိုင်တွက်လွန်းတယ်ဟ။ ငါ အဲလောက်ထိ မိုက်မဲ တဲ့ မိန်းမ မဟုတ်ဘူး။

(ထွန်းသစ်) ဟုတ်ပါတယ် နင် မမိုက်မဲ ဘူးဆိုတာ ငါသိပြီးသား ဒါကြောင့်လဲ နင့် အမေကြီးပါးစပ်ကနေ တတွတ်တွတ်ရွတ်နေတဲ့ ဆရာဝန်လောင်းကြီး ကိုသု ကိုလက်ခံလိုက်တယ်ပေါ့။ပြီးတော့ သမီးအလိမ္မာတုံးကြီးပေါ့။

(နုငယ်) ထွန်းသစ် ..နင် နင်.. တော်တော့ ..တော်လိုက်တော့

ထွန်းသစ် အသက်မပါသလို ခြောက်ကပ်ကပ် တစ်ချက်ရယ်လိုက်ရင်း

(ထွန်းသစ်) အဟင်း..ဟင်း.. နုငယ် နင်မှတ်ထား ..နောက်တစ်ခါများ ငါ့ အသည်းနှလုံးက နုနုငယ် ဆိုတဲ့ မိန်းမ ကို လွမ်းတယ် လွမ်းတယ်လို့ ပြောလာခဲ့ ရင် ဟောဒီအမှတ်မရှိတဲ့ ငါ့ အသည်းနှလုံးကိုပဲ ဖောက်ထုတ်ပစ်လိုက်မယ်။ ဘယ်တော့ မှ နင့်ဆီကို ငါ ခြေဦးလှည့်မလာတော့ ဘူး....ငါကိုက တုံးလွန်းတာပဲ နေမှာပါ...ကဲ သွားပြီး..

နုငယ် ကတော့ ဘာမှ ပြန်မပြောနိုင်ခဲ့ ပါ။ ရင်ထဲမှာစကားလုံးတွေကတော့ အပြည့်ပါ ဒါပေမယ့် ဘာလို့ များကျွန်မရဲ့ နှလုံးသား ထဲက စကားတွေ ကျွန်မမပြောလိုက်နိုင်ပါလိမ့် ။ အဆောင်အပြင်ဘက်မှ တစ်ဝေါဝေါ ဆိုင်ကယ်စက်သံကြောင့် သူမလှည့်ကြည့် လိုက်တော့ ဆိုင်ကယ်ကို အပြင်းမောင်းနှင်ထွက်သွားသော ထွန်းသစ်ကိုသာ ရိပ်ကနဲ တွေ့ လိုက်ရသည်။ ခက်သည် မိန်းမတစ်ယောက်ကို တွေ့ ချင်သည့်အချိန်မှ လာတွေ့ ပြီး .. ချစ်လိုက်ပါဆိုတာကတော့ ..ခက်သည် ခက်လွန်းနေသည်။
ဒါဆို သူပြောသလို မတွေ့ ရတော့ ဘူးလား။

(နုငယ်) ဟင်း....ဟင်း.............

သက်ပြင်းခပ်လေးလေးတစ်ချက်သာ ချလိုက်ရင်း အမေ့ ကိုလဲ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါဟု သူမဂတိပေးထား၏။ ကောင်းပါတယ်လေ အဆုံးသတ်မကောင်းမှန်းသိတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို မစလိုက်ရတာပဲ သူရော ကျွန်မရော အတွက် အကောင်းဆုံးဖြစ်ပါလိမ့် မည်။ ဒါပေမယ့် မျက်ဝန်းမှာတော့ မျက်ရည်တို့ ရွှဲရွှဲစိုလို့ ။ ရက်စက်လိုက်တာ ကံတရားရယ် အချစ်ကို စတင်ထိတွေ့ မိစဉ်မှာပဲ အသည်းကွဲ မှတ်တမ်းထဲ ထည့်လိုက်ရမယ်လို့ ။ ကျွန်မချစ်ခဲ့ ရတဲ့ အချစ်ရဲ့ အနားသတ် နောက်ဆုံးက ဒီလိုပဲလား ..ကျောင်းမှာလဲ ဆက်မနေချင်။ ဘယ်နေရာသွားရမလဲ မသိ။ အိမ်ပြန်ပြီး အိပ်လိုက်ပဲ ကောင်းမယ်ထင်သည်။ အေးလေ ပြန်တာပဲကောင်းပါတယ်လေ..လောလောဆယ်တော့ အားအင်ချိနဲ့ သွားသလိုပင်။

"ဟေ့ ကောင်တွေ ကျောင်းရှေ့ မှာ ခုလေးတင်ဆိုင်ကယ်တစ်စီးနဲ့ ကားနဲ့ တိုက်မိတယ်ပြောတယ်။ ဆိုင်ကယ်သမားကတော့ ပွဲချင်းပြီးပဲတဲ့ ။ပြီးတော့ ဆိုင်ကယ်သမားက အပြင်လူတဲ့ ကွ တို့ ကျောင်းကမဟုတ်ဘူး"

"ဟာ..လာလာမြန်မြန် သွားကြည့်ရအောင်"

ကျောင်းသားတစ်စု ပြောလဲပြော ပြေးလဲပြေးထွက်သွားကြသည်။ ခဏတော့ သူမမှင်သက်နေမိသည်။ ရင်ထဲမှာ ခံစားချက်တစ်ချို့ မွန်းကြပ်လွန်းနေသည်ကို။ ဒါပေမယ့် သူမတစ်ခုခုကို သတိရသွားသည်။ ဆိုင်ကယ်သမား..မောင် ..မောင် ..လဲ ခု..ခုန ကလေးတင် ဆိုင်ကယ်ကို အရမ်းမောင်းထွက်သွားသည်။ ဆိုင်ကယ်သမားဆိုတာ မောင်...မောင် ..များလား..
အို ..မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့ ဒီလိုသာဆိုရင်တော့ ကျွန်မကိုယ် ကျွန်မ ခွှင့်မလွှတ်ဘူး မောင်..
သူမ ခြေလှမ်းတို့ မြန်စပြုလာပြီ..ထို့ နောက် သူမ ပြေးထွက်လာခဲ့ သည်။ ပြေးလာသည့် အရှိန်ကြောင့် သူမမောဟိုက်နေသည်။ အသက်ရှုလို့ လဲမ၀။ သို့ ပေမယ့် သူမခြေလှမ်းတွေ ရပ်မပစ်လိုက်ရဲပါ။ မောင် မဟုတ်ပါစေနဲ့ လို့ လည်း စိတ်ထဲမှာ ဆုတောင်းနေမိသည်။ ပြီးတော့ သူမ ငိုနေသည်။ ခြေလှမ်းတွေ ခပ်သွက်သွက်ပြေးရင်း လူတွေ ၀ိုင်းအုံကြည့်နေသော နေရာသို့ ရောက်လာသည်။ သူမ မောဟိုက်နေသည် ဒါပေမယ့် မနားပဲ သူမလူအုပ်ထဲ ၀င်တိုးဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာပင်..
သူမ၏ လက်တစ်ဖက်အား တစ်ယောက်ယောက်က ဆွဲလိုက်သလို တင်းကနဲ ဖြစ်သွားသည်။ သူမ လှည့်ကြည့် လိုက်တော့ .

(ထွန်းသစ်) ဟိတ် အရူးမလေး ..ငိုမနေနဲ့ လာလာ ဒီဘက်ကို..

(နုငယ်) မောင်..ရှင် ရှင် တစ်ကယ်ပဲနော်..

ထွန်းသစ် ခေါင်းညိမ့် ပြလိုက်ရင်း..

(ထွန်းသစ်) အင်း..ဟုတ်တယ် မောင် မသေနိုင်သေးဘူး။ နုငယ်ချစ်တဲ့ နုငယ်ရဲ့ ချစ်သူ လုပ်ရအုန်းမှာမို့ လို့ ။

နုငယ် ရှက်စနိုးတစ်ချက်ပြုံးလိုက်ရင်း..

(နုငယ်) မောင် နော် လာစမနေဲ့ ဒီမှာဖြင့် စိုးရိမ်လို့ သေတော့ မယ်။

(ထွန်းသစ်) မောင် တွေ့ ပါတယ်ကွာ။ တစ်ကယ်တော့ နုငယ်ရယ် မောင်ရော နှစ်ယောက်လုံးရဲ့ စိတ်ထဲ မှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ချစ်တယ်ဆိုတာ နားလည်ပြီးသားပါကွာ။ မောင် တို့ နှစ်ယောက် မာနတွေ ပြိုင်နေကြလို့ ပါ။
တစ်ကယ်က မောင်ကံကောင်းသွားတာ။ စိတ်ဆိုးဆိုးနဲ့ ထွက်လာပေမယ့် တစ်ကယ်က နုငယ်ရဲ့ မျက်နှာလေး ညှိုးပြီးကျန် နေခဲ့ တာ မောင့် ရင်ထဲ တစ်ကယ်မကောင်းဘူး။ နောက်ဆုံး မောင့်ဒေါသတွေပဲ လျှော့ လိုက်ပါ့မယ်လေဆိုပြီး ကျောင်းထဲ ပြန်ကွေ့ လာတာ..အဲအချိန်မှာပဲ ကျောင်းထဲကထွက်လာတဲ့ နောက်ထပ် ဆိုင်ကယ်တစ်စီးနဲ့ တိုက်မိကြတာ..မောင် ဂတိပေးပါတယ်ကွာ။ အရင်တုန်းကလို နုငယ် ချစ်တဲ့ ထွန်းသစ် ပြန်ဖြစ်လာစေရမယ်..နော်..

နုငယ်ကရော ဘာပြောနိုင်မှာမို့ လို့ တုန်း ..မျက်စောင်းလေးတစ်ချက်ခဲလို့ .. မောင့်ရင်ခွင်ထဲ ခိုဝင်လိုက်ရုံမှတစ်ပါး နုငယ်မှာ ရွေးချယ်စရာလမ်းမရှိ။ ခုနက မောင်သေပြီလို့ ထင်တဲ့ နောင်တမျိုး ခံစားချက်မျိုး သူမနောက်တစ်ကြိမ် မခံစားနိုင်တော့ ။ လောလောဆယ်တော့ အချစ်အတွက် တစ်ခါလောက်တော့ မိုက်လိုက်ပါရစေ အမေ..လို့ သာ စိတ်ထဲမှ အမေ့ ကိုတောင်းပန် နေမိသည်။

ထိုမြင်ကွင်းအစ အဆုံးကို မမှိတ်မသုန် စိုက်ကြည့်နေသော လူတစ်ယောက်တော့ ရှိသည်။ထိုသူကတော့ ဘယ်သူဖြစ်ဦးမည်နည်း ကိုသု ..ကိုသု ပေါ့...

...........................................................................

3 comments:

  1. လွယ်လွယ်ကူကူ ပေးမဆုံဘဲ တချက်လှည့်လိုက်တာလေး သဘောကျတယ်။ အားပေးပါတယ်။ ဆက်ရေးပါအုံး။

    ReplyDelete
  2. sis i hope if u free quickly write . i wait for a long time thx :D

    ReplyDelete
  3. သူတွေ့ချင်တဲ့အချိန်လာတွေ့ ပြောချင်တာပြောပြီးထွက်သွားတဲ့ ထွန်းသစ် ဆိုင်ကယ်တိုက်ပြီဆိုတော့ အေးတာပဲလို့ စိတ်ထဲက မချိတင်ကဲ ရွဲ့ပြောမိတယ်... ဟုတ်တယ်လေ သူက အဖြစ်မှန်ကို နားမထောင်ချင်ဘူး သူ့မာနကို ပိုချစ်နေတာကိုး...

    ဒါပေမဲ့ အောက်အပိုဒ်မှာ သူ့ဒေါသတွေပဲလျှော့ပြီး ပြန်လှည့်လာလိုက်တယ်ဆိုတဲ့ စာသားကြောင့် သူ့ကို ပြန်မမုန်းတော့ဘူး....

    အစကတော့ နုငယ်နေရာမှာသာဆို မလွမ်းလောက်ပါဘူးလို့တွေးမိတယ်... (အသဲမာတဲ့ မိန်းမရိုင်းကြီးပဲဆိုဆို... ဟိဟိ)

    ကိုသုကြီးက ဆေးကျောင်းသားဆိုပြီး နုငယ်တို့ကျောင်းမှာ Stalker လာလုပ်နေတာလား... အဟိ...
    ဒေါ်ချိုက ဈေးကွက်စီးပွားရေအမြင်မရှိတာ...

    ဒီခေတ်ကြီးမှာ ဆရာဝန်ဆိုတာ ဂုဏ်ကလွဲလို့ ဈေးကွက်သိပ်ရှိတော့တာမဟုတ်ဘူး... (ဆရာဝန်များနှင်း ဆရာဝန်လောင်းများကို စော်ကားလိုခြင်း အလျင်းမရှိ)

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......