Sunday 10 July 2011

Shek O - beach

ဒီတစ်ပတ် စနေနေ့ ရုံးကလူတွေနဲ့ Shek O Beach ကို BBQ သွားစားခဲ့ ကြတယ်။ နေကတော့ ပူသလားမမေးနဲ့ ဒါပေမယ့် နေပူလေ ဓာတ်ပုံရိုက်ရတာလဲ လှလေ မဟုတ်လား။ ဘာတဲ့ နေစားတာဆိုလား ဓာတ်ပုံစားတာ ဆိုလား..ပဲ
ဆွေလေး ကိုယ်တိုင်ပါတဲ့ ဓာတ်ပုံတွေတော့ မတင်တော့ဘူး။ဓာတ်ပုံစားတာ လူတွေသိကုန်မှာ ဆိုလို့ ။ ဟဲဟဲ
ရှိတဲ့ ကင်မရာအဟောင်းလေးနဲ့ ရသလောက်ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ တင်ပေးလိုက်တယ်။ အပြင်မှာတော့ ကမ်းခြေက အရမ်းကိုလှတယ် ဓာတ်ပုံထဲမှာ မလှဘူးဆိုရင်တော့ ဓာတ်ပုံရိုက်တဲ့ ဆွေလေး ညံ့တာပဲ နေမှာပါ။




ကဲ ပင်လယ်ကြီးရဲ့ အစကို မြင်နေရပြီ။ စိတ်ထဲမွန်းကြပ်တာတွေ အားလုံးဖွင့်ပြီး အော်ဟစ်လိုက်ကြစို့ ။




ဒါပေမယ့် ပဲ့ တင်သံတွေတော့ ပြန်ကြားရမှာ ။ ဘာလို့လဲ ဆိုတော့ ဘေးနားမှာ ခုလိုတောင်တန်း အကြီးကြီးတွေလဲ ရှိသေးတာကိုး။ ပုံထဲပါတဲ့ လူတွေ တော့ ဘာလုပ်နေကြလဲ မသိဘူး။ ရိုက်တာကတော့ ပင်လယ်နဲ့ တောင်တန်း ပဲ..




ဒီမှာ သဲချောင်းလေးတစ်ခု။ ပင်လယ်ကမ်းစပ်ကို လှိုင်းတွေလာပုတ်ကြတဲ့ အခါ ပင်လယ်ရေတွေနဲ့ အတူ သဲပွင့်လေးတွေလဲ ပါလာ
ကြတယ်။ ဒါပေမယ့် လှိုင်းတွေသာ ပင်လယ်ရေထဲ ပြန်ပါသွားရော.. သဲပွင့်လေးတွေကြတော့ ကမ်းစပ်မှာ ချန်ထားခဲ့ တယ်။
ခုတော့ ရနေတဲ့ နေရာလေးမှာပဲ သဲချောင်းလေးဖြစ်သွားတာပေါ့။



မယုံရင် ဒီမှာကြည့် ..လှိုင်းတွေ လာနေပြီ






ပြီးတော့ ဟောဒီလို ကမ်းစပ်က အိမ်လေးတွေလဲ ရှိတယ်...





သူတို့ တွေတော့ နေပူပူကြားထဲမှာ ကူးလဲ ကူးနိုင်ကြတယ်.





တိမ်တွေကင်းစင်နေတော့ လဲ တစ်မျိုးကြည့်လို့ လှတာပဲ






ဟောဒီလို တိမ်သားတွေ တိမ်လိပ်တွေနဲ့ ဆိုတော့ လဲ ကြည့်လို့ လှနေတာပဲ.



ကဲကဲ တောင်တန်းတွေ ပင်လယ်တွေကြည့်ပြီး ဗိုက်ဆာလာပြီဆိုရင်တော့ ဟောဒီလို ဆိုင်တန်းတွေဘက် သွားပြီး BBQ သွားစားကြတယ်




ကဲ BBQ အမြည်းသဘောပေါ့လေ...ရိုက်ထားသမျှထဲက တစ်ပုံ...



ကဲ ကုန်ပြီး ဘာမှ ကျန်တော့ ဘူး။

ပြန်တော့ မယ်ဟယ်။ ပင်ပန်းပြီး။ စားလို့ လဲ ၀ ပြီ။ လည်လို့ လဲ ၀ပြီ။

4 comments:

  1. မောင်မျိုး10 July 2011 at 02:03

    BBQ ဆိုတာ အကင်တစ်မျိုးပဲကိုးး ငါ့နှယ် တုံးချက်း)


    ဓာတ်ပုံစားလား မစားလား ဓာတ်ပုံကြည့်မှ သိမှာပေါ့ဗျာာာ

    ReplyDelete
  2. ဘယ်မှာလဲ ဆိုတာ google လိုက်ရတယ်။

    Shek O Beach is a sandy beach on the south-eastern part of Hong Kong Island.

    ReplyDelete
  3. ဝေးဟေးဟေး
    ကဲ ပင်လယ်ကြီးကိုမြင်လိုက်လို့ ခုလိုစိတ်လွတ်လက်လွတ်အော်ပစ်လိုက်တယ်
    ပျော်လိုက်တာနော်
    ပင်လယ်ကမ်းခြေဆိုတာလည်း စိတ်လွတ်အောင်ပျော်စေတဲ့နေရာတစ်ခုဘဲမဟုတ်လား

    ReplyDelete
  4. ပင်လယ်ဆိုလို့ကတော့ အမြဲသွားချင်နေတာပဲ။ ဒီနွေမှာ သွားတာတောင် ၃ ခေါက်ရှိပြီ။ စိတ်ရဲ့လွတ်လပ်မှုကို ရစေတယ်လို့ ခံစားမိလို့ ခဏခဏသွားဖြစ်တာ။

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......