Wednesday 6 October 2010

HEART HOLE



ဘ၀ရယ်....သနားကာ
ငါ့ ကို ငဲ့ညာတယ်ဆိုရင်ဖြင့်
ခပ်ဖြေးဖြေး မျှင်းပြီးတော့
ရင်ဒဏ်ရာ ဗလပွနဲ့
မသေမရှင် မျှော်လင့်ကာ
ဇောသွယ်သွယ်တွေနဲ့
ရှင်ကာလေ ထားမနေစမ်းပါနှင့်.....
တစ်ကယ်ဆို
တစ်ခါဆို ဖြိုသလောက်
ဇီဝပါ နှုတ်လိုက်စမ်းပါ
ငါ့..ရင်ကိုဖွင့် ခေါင်းကိုမော့ပြီး
မမှိတ်စတမ်း ဒီအမြင်တွေနဲ့
ငါ..ရဲကာ ၀ံ့လိုက်စမ်းခြင်ပါဘိ....
ဝံ့ကာလေ ဘယ်လိုပင်
ငါရဲသော်လည်း အကြံပိုင်တဲ့
ဒီဘ၀ ကျောဘက်က
လှည့်ကာ ချဲတယ်
အငိုက်ဆို တစ်ခဏ
အင့်..ကနဲ
ငါ အသံထွက်သွားတယ်
ဒီရင်မှာ..
နှလုံးသား ဗလာကြီးနဲ့ပါလား............................................။

6 comments:

  1. အဆင်မပြေမှုတွေနဲ့ဖွဲ့စည်းထားတာ လောက ဖြစ်ပြီး
    ရင်ဆိုင်ကျော်ဖြတ်တာက ဘဝ ဖြစ်တယ်လို့ ကျနော်တော့ ခံယူမိတယ်။

    ReplyDelete
  2. အချိန်တန်ရင်တော့ နာကျင်မှုတွေရော
    ဝေဒနာတွေ၊ မျှော်လင်ကချက်တွေအားလုံးဟာ
    သက်သာသွားမှာပါ။
    စိတ်အားမလျှော့ပါနဲ့နော်

    ReplyDelete
  3. အသည်းအစားထိုးကုလိုက်ပါ...

    ReplyDelete
  4. အဲ့လို နှလုံးသား ဗလာကြီးနဲ့ဖြစ်ချင်တာ ဘာမှ မခံစားရတဲ့သူတစ်ယောက်လို ။


    ကျနော်လည်း ပြန်လင့်သွားပ်ါတယ် ကျေးဇူး ။

    ReplyDelete
  5. ဘ၀ဆိုတာ မာယာများတယ်နော်။
    မထင်မှတ်တဲ့ ဘက်ကနေ ဒုက္ခဆိုတာတွေ လှည့်ဝင်လာတတ်တယ်...
    ကြံ့ကြံ့ခံနိုင်ဖို့တော့လိုတယ်..

    ReplyDelete
  6. နှလုံးသားဗလာမှန်းသိနေရင်တော့ သတိထားမှနော ..

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......