ရှမ်းပြည်နယ်တောင်ပိုင်း မြို့ငယ်လေးတစ်ခုမှာ
ငှက်ခလေးတွေရဲ့တွန်မြူးသံ
သူနားထောင်ခဲ့ဘူးတယ်။
အင်ဒိုနီးရှားရဲ့ ကျွန်းစုတွေပေါ်
ငှက်ပေါင်းစုံတို့ရဲ့ ကြွေးကြော်သံ
ဦးပုညရဲ့ပြဇာတ်မှာ ဖတ်ဘူးတယ်။
ခက်တာက ဦးပုညအဲဒီကျွန်းပေါ်မရောက်ဖူးပြန်ဘူး
အဲဒီတုံးက တီဟိတိကျွန်းပေါ်ရောက်နေတဲ့ ဂေါ်ဂင်က
ဦးပုညစီစာတစ်စောင်လှမ်းပို့လိုက်တယ်တဲ့။
ဒါပေမယ့် အဲဒီငှက်လေးတွေရဲ့အသံ
သူလွမ်းနေပြန်ရော။
ကမ္ဘာကြီးရဲ့ဒဏ်ရာတွေ တစ်နေ့ထက် တစ်နေ့
တိုးတိုးလာတာကို ကြေကွဲနေမိပြန်ရော။
ဖြစ်ပုံက ပုပ္ပားတောင်ကြောတစ်လျှောက်
ရေတိုက်စာလို့ မြေဆီလွှာပျက်သုဉ်းတာကို
သူမမြင်ရက်နိုင်ပြန်ဘူး။
အာတိတ်သမုဒ္ဒရာကြီးကို ငါးနိုင်ငံလက်ဝါးကြီးအုပ်
သယံဇာတတွေ ပျော်ပျော်ပါးပါကြီးစားလို့
ရေခဲပြင်ကြီး ဆုံးရှုံးသွားမှာကို သူတို့ဝမ်းမနည်းကြပေမယ့်
သူကတော့ ၀မ်းနည်းလို့မဆုံးဘူးတဲ့။
ဒါတွေနဲ့ဝေးရာ ဗြဟ္မာပြည်ကိုတောင်
စတေးရှောင်ရမလို သူ့ရင်တွေမွန်းကြပ်နေပြန်ရော။
သဘာဝတရားတွေက ကမ္ဘာကြီးကိုအလှဆင်
သူတို့ကမင်းမူ ခိုတစ်ကောင်လိုကျင့်သုံး
ဒီလောကကြီးမှာ သူတစ်ကောင်တည်းရှိသလို
ငြီးညူနေတတ်ပြန်ရော။
အသုံးချခွင့်မရှိရင်တောင် တန်ဖိုးထားတတ်တဲ့ ၀န်းကျင်ရှိရင်
လောကကို သူ တာဝန်ကျေပွန်ချင်ပြန်ရော။
ဘ၀ကိုတည်ထောင်ရင်း ပျော်တတ်ရင်
တည်ထောင်ချင်တဲ့စိတ်ကစပြီး ပျော်ရမှာပေါ့
ခုတော့............ သူကပဲ အလှမဆင်တတ်တာလား
ကမ္ဘာကြီးကဘဲ အိုဇုန်းလွှာပေါက်လို့လားမသိ
သူ့စိတ်ထဲမှာတော့ အတွေးတွေကဝေး၀ါးဆဲ......
ဆွေရေ..ကဗျာလေးလာဖတ်သွားတယ်နော်
ReplyDeleteတခါတလေ
အတွေးဝေဝေဝါးဝါးလေးကဘဲ
ခံစားချက်အမျိုးမျိုးကိုပေးတာလေ..
တန်ဖိုးမထားတတ်တဲ့သူတွေကြောင့် ကမ္ဘာကြီးဟာ လုံးပါးပါးလာခဲ့တာ ကြာပြီ။
ReplyDeleteနောက်ဆိုရင် ကမ္ဘာကြီးက ပြားလာမယ်လေ။ လုံးပါးပါးရင်းပေါ့။