Monday 27 July 2009

ရင်ထဲကရာသီ

အိမ်အပြင်မှာ လျှပ်စီးတွေလျှက်ပြီ
မိုးတွေ သည်းနေတယ်
သည်းမှာပေါ့ ခုကမိုးရာသီကို
လေပြင်းတွေလဲ တိုက်နေလိုက်တာ...
ဒါပေမယ့် ငါရင်ထဲမှာလဲ
သည်းနေအောင် ရွာတဲ့မိုးတွေ
ရှိတယ် ချစ်သူ...
ပြင်းနေအောင် ရှုသွင်းနေရတဲ့
အသက်ရှုသံတွေလဲ ရှိတယ် ချစ်သူ...
ဒါပေမယ့်
ငါ့ ရင်ထဲက မိုးရာသီက
အမြဲတမ်းသည်းနေတာ
ဘယ်တော့မှ စဲမယ်ဆိုတာ
ငါမသိဘူး ချစ်သူ
ဘာလို့လဲ ဆိုတော့
ငါကိုယ်တိုင်ကိုက ကျေကျေနပ်နပ်ကြီးကို
ရွေးချယ်ခဲ့တဲ့ မိုးလေ.........................။

No comments:

Post a Comment

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......