Friday 23 September 2011

မြန်မာ့ သမိုင်းမှ မပျောက်ကွယ်စေချင်သော ဧရာဝတီ




ဒီဧရာဝတီ မြစ်ဆုံစီမံကိန်းရဲ့  အကျိုးမည်မျှလောက်ရနိုင်သည်။ မည်မျှလောက်တိုးတက်နိုင်သည် ဆိုသည်ကို ကျွန်မမသိပါ။ မြန်မာနိုင်ငံသားတစ်ယောက်အနေနှင့် ချစ်သောဧရာဝတီကိုတော့   ပျောက်ကွယ်မသွားစေချင်တာ ရင်ထဲက တစ်ကယ့် ဆန္ဒအမှန်ဖြစ်သည်။

ငယ်ငယ်က ကျောင်းမှာစာသင်လို့   မြန်မာပြည် မြေပုံလေးကိုဆွဲ အလယ်ဗဟိုက ဧရာဝတီမြစ်ပုံကောက်ကြောင်းလေးကိုထည့်။  အားလုံးပြီးသွားတဲ့ အခါ မြေပုံလေးကိုကြည့်လိုက်လျှင်
အရှေ့ ဘက် ရှမ်းကုန်ပြင်မြင့်ဘက်မှ အတောင်ပတ်ခတ်ကာ လှပနေသောပုံ။ ရခိုင်ကမ်းရိုးတန်းဒေသ လေး၏ ခါးလေးကော့ ကာ ကနေသောပုံ  အလယ်ဗဟိုမှ ဧရာဝတီမြစ်ကြောင်းပုံလေးနှင့် ကြည့်မ၀ ရှုမ၀။
ခုတော့  ဖြင့် နောင်လာနောက်သား အနာဂတ်မျိုးဆက်သစ်လေးများ အလှည့်ကြလျှင်ဖြင့် ဧရာဝတီဆိုတာ မြေပုံတောင် ထောက်ပြစရာမရှိ ဖြစ်မှာကို တော့ တစ်ကယ့် ကို  စိုးရိမ်မိပါသည်။

မြန်မာပြည်ဟေ့ ဆိုလျှင် အဓိက မြစ်ကြီးမှာ ဧရာဝတီမြစ် ကြီးတစ်ခုသာရှိသည်။ ဧရာဝတီကိုနောက်ခံသော သမိုင်းများစွာလည်းရှိခဲ့ ဘူးသည်။ ဧရာဝတီ၏ လှပသော သဘာဝများအားလည်း ကဗျာတို့  ဖြင့် သီကုံးခဲ့ ကြသည်။ ခြယ်မှုန်းခဲ့  ကြသည်။ ဇာတိသွေး ဇာတိမာန်အပြည့်ဖြင့်လည်း ဒါ ငါတို့ ဧရာဝတီဟုလည်း မည်သူမဆို ၀င့်ကြွားခဲ့  ကြဖူးသည်။

ခုတော့  တို့ ခောတ် တို့ခါ တို့ အလှည့်ကြမှ ..

ဧရာဝတီ

ကို . ကွယ်ပျောက်ရတော့ မည် ဆိုတာဖြင့် ရင်နာစရာကောင်းလှသည်။

မနှစ်ကမိုးနဲ တာမို့  ဧရာဝတီ မြစ်ကြမ်းပြင် သောင်ထွန်းလို့ မြစ်တွေ ကျဉ်းမြောင်းလာတယ် ဆိုတဲ့ သတင်းဖတ်မိရုံလေးကိုဖြင့် စိုးရိမ်စိတ်တို့ က ရိပ်ကနဲ။

 ခုတော့    ဖြင့် ကွယ်ပါပျောက်အုန်းမယ်ဆိုတော့ 

မြန်မာလူမျိုး  မြန်မာ နိုင်ငံသားများ ဖြစ်နေရဲ့ သားနဲ့ 

           ဘယ်လိုနှလုံးသားမျိုး ဘယ်လိုမျိုးချစ်စိတ်မျိုးနဲ့ များ

                 မြန်မာ့ သမိုင်းကို ဘယ်လိုဆောင်ပြီး

                    တို့   မြန်မာကို ဘယ်လိုချစ်မလဲ လို့ ပဲ မေးလိုက်ပါရစေ...


အကျိုးရလာဒ်က မည်မျှပင်ဖြစ်နေပါစေ ဧရာဝတီရဲ့  ကောင်းကျိုး ဆိုးကျိုး များကို သေချာပြန်စဉ်းစားပြီ သေချာတွက်ချက်ပြီးမှ ဆုံးဖြတ်ပေးကြပါလို့   မေတ္တာရပ်ခံပါရစေ။



“ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။”




9 comments:

  1. အခုမှရောက်ဘူးတာပါ ... အတူတကွ ကန့် ကွက်ပါတယ် ..


    ခင်မင်လျှက်
    မောင်ဘုန်း

    ReplyDelete
  2. သဒ္ဓါတို့နဲ့အတူတူ ပါဝင်လက်တွဲတဲ့အတွက် ဝမ်းသာမိပါတယ်။ ထပ်တူပါပဲ... ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  3. ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း အတူပါဝင်လက်တွဲလို့ ကန့်ကွက်ပါသည်... ဟု

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  4. မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။

    ReplyDelete
  5. ဆွေလေးနဲ့တပ်တူတပ်မျှပါဘဲကွယ်..

    “ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။”

    ReplyDelete
  6. ဆွေလေးရေးတာကိုအားလုံးထောက်ခံပါတယ်
    ဆွေလေးကန့်ကွက်တာကိုလဲ
    အပြည့်အ၀ထောက်ခံပါတယ်....
    ဧရာဝတီအတွက်တူတူတက်တွဲပြီး
    တိုက်ပွဲဝင်ကြစို့နော်.....

    ReplyDelete
  7. လူတစ်ချို့က တိုင်းပြည်အတွက် လုပ်နေပါတယ်ပြောပြီး
    လက်တွေ့မှာတော့ ကိုယ်ကျိုးကြည့်ပြီးရောင်းစားနေတယ်
    တိုင်းပြည်ကို ပျက်အောင်ဖျက်နေကြတာနဲ့တူတယ်။
    မြေပေါ်မြေအောက် အကုန်ရောင်းစားလို့ကုန်တော့ မြစ်ချောင်းတွေဘက် လှည့်ကုန်ပြန်ပြီ။ မြစ်ဆုံစီမံကိန်းကြီး ပျက်စီးသွားဖို့ ဆန္ဒရှိပါတယ်။

    ReplyDelete
  8. ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

    ReplyDelete
  9. နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့်စီးဆင်းနိုင်ပါစေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......