Monday 18 July 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၅)




ဤသို့ နှင့် တက္ကသိုလ်ကျောင်းများ တက်ဖို့ အချိန်ရောက်လာလေပြီ။ ကျောင်းပိတ်ရက် ဘယ်မှလဲ မသွားရ ဘာမှလဲ မလုပ်ရ။ အိမ်တွင်းပုန်းလိုက် တစ်ခါတစ်ရံ ကျောင်းနေဘက် သူငယ်ချင်းအိမ်ရောက်လိုက်နှင့်သာ နုငယ် အချိန်များကို ကုန်လွန်စေခဲ့သည်။စိတ်ထဲမှာ တော့ အချိန်တိုင်း ထွန်းသစ် အကြောင်းများသာ။မည်သူ့ ကိုရင်ဖွင့်ရမည်နည်း။ ဒါလဲမသိပါ။သူမချစ်သော ထွန်းသစ် သည်လည်း သူမအားတစ်ကယ် ချစ်မချစ်သူမ မသိတော့ ပါ။ သူမအထင်တော့ ငယ်ရွယ်ချိန်မို့ စိတ်လှုပ်ရှားခဲ့ သလား။ သူမကရော ငယ်ရွယ်သူ မို့ ထွန်းသစ်ကို စိတ်လှုပ်ရှားပြီးများ...ခုလိုအချိန်တိုင်းသတိရနေသည်လား။ မသိခဲ့ ပါ... ခုချိန်မှာ သူမသိသည်က တစ်ခုထဲ . တစ်ခုခုကို လွမ်းနေသည်။

ထွန်းသစ် ကလဲသူမရှိရာ ရောက်မလာခဲ့ ပါ။မစခင်က ဆုံးနေသော ဇာတ်လမ်းကဲ့သို့ အစလဲမသိ အဆုံးလဲမသိ။ ဘာလဲမသိ။ သူမရည်မှန်းချက်က ငယ်ငယ်လေးထဲက တက္ကသိုလ်မှာဆရာမ ပြန်လုပ်ချင်သည်။ ထို့ ကြောင့် မိမိလုပ်ချင်သော ရည်မှန်းချက်ထဲတွင် သာ စိတ်ကိုနှစ်ထားလိုက်ဖို့ သူမဆုံးဖြတ်လိုက်သည်။ တစ်ခါတစ်ခါ ချစ်သော ထွန်းသစ်အကြောင်းသတိရမိလျှင်တော့ ဒိုင်ယာရီ စာအုပ်လေးကိုသာ သူမရင်ဖွင့်ပစ်လိုက်သည်။ ဒါပဲ ဒါပါပဲ...
တက္ကသိုလ်ပထမနှစ် ဒီလိုပင်..စိတ်ထဲမှာ ပြောင်းလဲပစ်လို့ ရမည် စိတ်လှုပ်ရှားချင်းသာဖြစ်သည်ဟု ခံယူထားသော အချစ်၏ ချည်နှောင်မှုသည်လည်း တစ်စတစ်စ ခိုင်မြဲလာခဲ့သည်။ တစ်နေ့မှ မေ့လို့မရခဲ့။ ဘေးနားမှာရှိနေသော ကိုသု ကိုတော့ အစ်ကိုတစ်ယောက်လို အားကိုးချစ်ခင်မိတာတော့ သေချာသည်။ ချစ်သူလိုတော့ လက်ခံလို့ မရ။ မကြာခဏတွေ့ ဖြစ်ကြသည်။ သို့ သော်အခြေအနေတိုင်းသည်လဲ မပြောင်းလဲ ခိုင်မာအမြစ်တွယ်လာသည်က ထွန်းသစ် ကိုချစ်သောအချစ်များသာ။ ခုဆိုရင် ဒိုင်ယာရီစာအုပ်လေး ၅ အုပ်ဖြစ်နေပြီမောင်။ ဟုတ်သည် သူမ၏ ဒိုင်ယာရီစာအုပ်လေးထဲမှာ မောင် လို့သာ သုံးနှုံးခဲ့ သည်မှာ ကြာပြီ။ သူမကိုယ်တိုင် သူမလဲ ကျွန်မလို့ သုံးနှုံးတတ်နေခဲ့ ပြီ။ တက္ကသိုလ် ပထမနှစ်ကို ဒီလိုနှင့်ပင် ပြီးဆုံးခဲ့ သည်။ ဘာမှန်းမသိ။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ အချစ်စစ်မှန်ခဲ့ တယ်ဆိုရင်တော့ ကျွန်မတို့ တစ်နေ့နေ့ ချစ်သူ တွေဖြစ်နိုင်ကြမှာပါ။ ဒါက အချစ်နဲ့ ပတ်သတ်တဲ့ ကျွန်မရဲ့ မျှော်လင့်ချက်။ ရှောင်နေသာသူအား ကျွန်မလိုက်ရှာမနေတော့ပါ။ ချစ်သူ ပြန်လာသော အချိန်ကိုသာ ကျွန်မကြိုဆိုလိုက်တော့ မည်..
(ဒေါ်ချို) သမီး ကျောင်းသွားတော့ မလို့လား စောလိုက်တာ..

(နုငယ်) ဟုတ်တယ် မေ..ဒုတိယနှစ်ရောက်လာမှ ကျူတိုရီရယ်တွေပိုများတယ်။ ပြီးတော့ မေရယ် သူငယ်ချင်းတွေ ဘာတွေလဲ ရလာပြီဆိုတော့ ကင်တန်းထိုင်တဲ့ ချိန်လေးတော့ ပေးရမှာပေါ့လို့ ဟုတ်ဖူးလား..

(ဒေါ်ချို)ဟုတ်ပတော်.. မေ့ သမီးကလေ တစ်နေ့ တစ်ခြားပိုပိုလှလှလာတယ်။

(နုငယ်) အဟင်း..အမေ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေပြန်ပြီနော်။ ဒါဆို သမီးသွားပြီနော်..မေ..

ကျောင်းကားစောင့်နေရင်း တစ်ဖက်ခြမ်းလမ်းဘက်ကို လှမ်းကြည့်လိုက်တော့ ထွန်းသစ် တက်နေသည်ဆိုသော GTI ကျောင်းကား. အလိုလိုနေရင်းစိတ်က တွေ့ မလားလို့ တော့ သူမ ရှာကြည့်မိသေးသည်။ တစ်ခါမှတော့ မတွေ့ ခဲ့ ပါ။ ဒါပေမယ့် ခုချိန်ထိ သူမရှာနေစဲ။

(နုငယ်)ဟူး နေကလဲ ပူလိုက်တာ။ ၈ နာရီခွဲလောက်ရှိသေးတာကို။

သူမပြောပြောဆိုဆို ထီးလေးထုတ်ပြီးနေပူရာဘက်ကာထားမိသည်။ ကျောင်းကားကလဲ ဒီနေ့မှ မလာသေးကြာနေသည်။
သူငယ်ချင်းတွေ စောင့်နေကြရော့မည်။ နာရီကိုကြည့်လိုက်တော့ နောက်ကျနေပြီ။ဟော..ပြောရင်းဆိုရင်း ကျောင်းကားလာပြီ...
သူမ ထီးလေးပိတ်ပြီး ကားပေါ်အပြေးလေးတက်လိုက်သည်။ ပြီးတော့ နောက်ဆုံးထိုင်ခုံနေရာမှာ လူလွတ်နေသဖြင့် သူမအပြေးကလေး သွားပြီးထိုင်လိုက်သည်။ အကြာကြီးစီးရမှာ နေရာမရရင် မတ်တပ်ရပ်ရတာ ညောင်းသည်။ကိုယ့် အတွေးနှင့် ကိုယ်ဖြစ်နေသဖြင့် ဘေးနားက ထိုင်သည့်သူကို ခုမှကြည့်မိသည်။ကျောင်းသားပုံလဲ မပေါက်။ဆံပင်ကစုတ်ဖွားနှင့် ဒီကြားထဲ အုပ်ထုပ်ကလဲ မျက်နှာကို အုပ်ပြီးစောင်းထားသည်။ ဒီကြားထဲ အ၀တ်အစားတွေကလဲ တွန့်ကျေလို့ ။ ပြီးတော့ သူမနှာခေါင်းထဲ ချဉ်စုပ်စုပ် အနံ့တစ်ခုလဲရနေသည်။ ခဏလောက်ကြာတော့ မှ သူမထိုအနံ့ကိုသေသေချာချာ သဘောပေါက်သွားသည်။ အရက်နံ့။
ဒုက္ခပါပဲ မူးနေတာလားမသိဘူး။ စောစောစီးစီး။ ဒီကြားထဲ ထိုသူ၏ ဆိုဖာပေါ်မှီထားသော ခေါင်းက တစ်ဖက်ဖက် သူမဖက်ကျကျလာသေးသည်။ တော်သေးသူမအသားနှင့် ထိတော့ မထိသေး။ စိတ်ကတော့ တော်တော်ကြီး အနှောင့်အယှက် ဖြစ်နေပြီ။သူမသတိထားပြီး ကြည့်နေသည့်ကြားမှ ..ထိုလူ့ ခေါင်းကြီးက ယိမ်းလာပြန်၏။ ဒီတော့ ဒီတစ်ခါတော့ လက်နှင့် ဟိုဘက်ကို ခပ်ကြမ်းကြမ်းတွန်းထုတ်လိုက်သည်။ ထိုသူ နိုးသွား၏။ ပြီးတော့ သူမအား ဒေါသတကြီးနှင့် အုပ်ထုပ်ကိုချွတ်လိုက်ပြီး

ဒီမှာ ...ခင်ဗျား ....ဘယ်.... အဲ

တွေ့ချင်သောအချိန်မှာ မတွေ့ရသော ကျွန်မချစ်ရတဲ့ မောင်လေ။ ဘုရားရေ ဘယ်လိုများဖြစ်နေရတာတုန်း။ကွာသွားလိုက်တာ အရမ်းကို ကွာသွားသည်။

(ထွန်းသစ်) အဲ..နင်..နင်


(နုငယ်) ဟုတ်တယ် ငါ နုငယ်။ နင်ကရော မနက်စောစောစီးစီး ကျောင်းကားပေါ် ဘယ်လိုဖြစ်နေတာလဲ။ကြည့်မကောင်း ရှုမကောင်းနဲ့ ။ ရုပ်ပျက်ဆင်းပျက်နိုင်လိုက်တာ။ ငါ ထင်တောင်မထင်ဘူး။နင်ဆိုးနေတယ် ဆိုတာတော့ ကြားတယ်။ ဒီလောက်ထိ ဖြစ်နေမယ်လို့ တော့ မထင်ဘူး။ ခုတော့ လက်တွေ့

(ထွန်းသစ်) အဟင်း.. ငါညက အိမ်မပြန်ဘူးဟ။ မြို့ ထဲက သူငယ်ချင်းတွေ တိုက်ခန်းလိုက်အိပ်တာ။ ၀ိုင်းလိုက်တာများသွားတယ်။ အိမ်ပြန်ပြီ အကျီ်လဲမလို့ ပဲ အိပ်ပျော်ပြီးပါလာတာ။ နင်အခုနိုးလိုက်မှ နိုးတယ်ဆိုပါတော့ ။ နင်ကတော့ ပိုလှလာတယ်ဟ.

(နုငယ်) အင်း..

(ထွန်းသစ်) ဘာလဲ ငါပုံစံက စုတ်ပြတ်နေလို့ နင်က စကားမပြောချင်တဲ့ သဘောလား..

(နုငယ်) နင်က မတွေ့ ချင်လို့ ရှောင်နေတဲ့ သူပါ။ နင်ပြောချင်လား မပြောချင်လား ငါမှမသိတာ.

(ထွန်းသစ်)နှုတ်မဆက်ပဲ ထွက်သွားတဲ့ သူက ဘယ်သူလဲ.. ပြန်လာတော့ ရော ဘေးနားမှာ ငယ်..ငယ် နဲ့ ပါလာတာရော ဘယ်သူလဲ.. ဘာသတင်း ဘာအဆက်အသွယ်မှ မလုပ်ပဲ နေနိုင်ခဲ့ သူက ဘယ်သူလဲ.. ငါမဟုတ်တာတော့ သေချာတယ်..

(နုငယ်) နင်...နင်... အင်း..ထားလိုက်တော့ ထားလိုက်တော့ အဲဒီအကြောင်းတွေ ပြန်ပြောနေလဲ ဘာမှ ထူးခြားမလာတာ သေချာတယ်။ ဒါပေမယ့် ငါတစ်ခုတော့ ပြောချင်သေးတယ်။ တစ်ခွန်းပဲ နှစ်နဲ့ ချီပြီး ပုန်းနိုင်တဲ့ နင်က ပိုတော်ပါတယ်ဟာ..


ထို့ နောက် သူတို့ နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြပြန်သည်။ခဏနေတော့ တစ်ပြိုင်နက်တည်း..

(ထွန်းသစ်) ဟိုလူနဲ့ ရော..

(နုငယ်)နင်ရော..

(ထွန်းသစ်)အဲ အိုကေ အိုကေ နင်မေးချင်တာ အရင်မေး

(နုငယ်) နင်..နင်.. ကောင်မလေးတွေအများကြီးနဲ့ တွဲ..တွဲနေ

(ထွန်းသစ်) အင်း.ဟုတ်တယ် ဒီလိုပါပဲ..နင်ကရော ဟိုလူနဲ့

(နုငယ်)အင်း ငါစဉ်းစားနေတုန်းပဲ။ငါလဲ ဒီလိုပါပဲ.

(ထွန်းသစ်)သြော်.. ငါ့အတွက် အခွင့်အရေးရှိသေးတာပေါ့

မောင်..ရယ် ရှင်ဟာလေ။ လမ်းကြုံလို့ တွေ့ တော့ မှ အခွင့်အရေးရှိသေးလားတဲ့ ။

(နုငယ်) အဟင်း.. နင်ဟာလေ လောဘတော့ ကြီးသား။ လမ်းကြုံတုန်းလေး နင်တွဲနေတဲ့ မိန်းကလေးတွေလိုပဲ လွယ်လွယ်ရမယ် ထင်လို့ မေးလိုက်တာလား..

ထွန်းသစ် မျက်နှာတင်းကနဲ တစ်ချက်ဖြစ်သွားသည်။ ထို့ နောက်..

(ထွန်းသစ်) ရှေ့ မှတ်တိုင်ပါတယ် ဆရာရေ...ဆင်းမယ်

မောင် ကျွန်မကို နှုတ်ဆက်မသွားပါ။ တစ်ချက်လေးမျှတောင် ပြန်လှည့်မကြည့်သွားပါ။ ဘာလဲ ဘာလဲ မောင်..
ကျွန်မနားက ပြန်လည်ထွက်ခွာသွားပြန်ပြီ။ နောက်တစ်ကြိမ် ကျွန်မနားကို ပြန်ရောက်လာဖို့ ဘယ်လောက် ကြာကြာ စောင့်နေရ အုန်းမှာလဲ ..တစ်ကယ်ဆို ကျွန်မသူ့ ကို စကားလေးလျှော့ ပြောသင့်တာ။ ခုတော့ မောင်နဲ့ ပြန်တွေ့ဖို့ ..မသေချာသော အိမ်မက်တို့ အား ကျွန်မဆက်လို့ မက်နေရ ပေအုန်းမည်။ပြီးတော့ ကျွန်မ မောင့်ကိုပြောစရာ စကားတွေ ရှိနေသေးသည်။ ပြောချင်မိနေသေးသည်။ ဒါပေမယ့် လက်တွေ့ တွင် ကျွန်မပြောလိုက်သောစကားများက နှလုံးသားနှင့် ဆန့် ကျင်ဘက်များသာ..
ဟူး ...မျှော်လင့်ရတာ မောတယ် မောင်ရယ်...

4 comments:

  1. ချော(အစိမ်းရောင်လွင်ပြင်)18 July 2011 at 20:21

    အချစ်သည်တစ်ခါတစ်ရံ၌ ဒီလိုဘဲ လွဲချော်တတ်ပါတယ်။
    ထွန်းသစ်ရဲ့ မေတ္တာမှန်ရင်တော့ ပြန်လည်ဆုံဆည်းကြမယ်ထင်ပါတယ်။
    မာနကြီးတစ်ခွဲသားနဲ့ ဆက်ပြီးနေမယ်ဆိုရင်တော့လည်း ဝေးကွာသွားကြမှာပါ။

    ReplyDelete
  2. တခါတရံ ပြောလိုက်တဲ့စကားလေးတွေက နှလုံးသားနဲ့ ဆန့်ကျင်တတ်ပါတယ်။ အဲဒီအခါ မဖြစ်သင့်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတတ်တယ်။ တဘက်က နားလည်နိုင်ပါစေ။။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  3. စကားပြောခန်းလေးတွေ ပီပြင်တယ်။

    ReplyDelete
  4. ကိုယ်အလေးထားတဲ့ သူတစ်ယောက်ကို မေးခွန်းမေးလိုက်ရင် ဒီလိုပါပဲ လို့ ပြန်ဖြေတဲ့ အဖြေက အရမ်းကို ခံရခက်ပါတယ်...
    ခုလဲ ထွန်းသစ်သာကောင်းကောင်းဖြေရင် ပြီးနေတဲ့ကိစ္စ... ဒါမျိုးတွေဖြစ်မှာစိုးလို့ မဗေဒါတို့ကတော့ ကိုယ်ချစ်တဲ့သူဆို စိတ်ထဲရှိတာ အရင်ပြောတာပဲ... အဲဒါကပဲ ဆွဲဆောင်မှုမရှိတဲ့ မိန်းကလေးတစ်ယောက်များ ဖြစ်စေလားတော့ မသိဘူး...

    ဒါပေမဲ့ မဆွေလေးရဲ့ ၀တ္တုကတော့ မဗေဒါကို ကလိကလိဖြစ်စေပါ၏...

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......