Tuesday 24 August 2010

စကားဝါတစ်ပွင့်ပေးပြီး ခရီးရှည်ကြီးထွက်သွားသူ (၂)

ရာသီအဖုံဖုံက
ဝတ်ရုံအထပ်ထပ်မလို့ ကပွဲကပြန်လာကြပြီ
မြေနီလမ်းမဆီမှာတော့ ငါတစ်ယောက်တည်း
မင်းကိုမျှော်ငေးရင်း စကားဝါပွင့်တွေဝေသီ
ငါ့တစ်ယောက်တည်းအတွက် မြူခိုးတွေမိုးလိုရွာပြီ
မြူခိုးတွေမိုးလို၇ွာပြီ...............

ကြာခဲ့ပါပြီ
ဒီစကားဝါပင်ကြီးအောက်မှာပဲ
ပြန်လာမယ်ဆိုတဲ့အသိနဲ့
ပန်းတစ်ပွင့်ကိုပေးရင်း
နှုတ်ဆက်နမ်းခဲ့တဲ့နဖူးပြင်ကို ဖွဖွလေးထိတွေ့ရင်း
လှိုက်မောစွာနဲ့ပင်အိုကိုမော့ကြည့်
စကားတစ်ခွန်းမေးမိတယ်
သူဘယ်မှာလဲ သိပါသလားကွယ်.............

ခဏချင်းငြိမ်သက်
အကိုင်းအလက်တွေလဲ တောင်ပံခတ်လို့
ဝင်းလက်ဆူးရဲတဲ့အလင်းတွေနဲ့
ဖြုန်းခနဲသက်ဝင်လှုပ်ရှား
ဆိတ်ငြိမ်တဲ့သူ့နှလုံးသားက
စကားဝါပန်းနဲ့အလွမ်းသည်မ ငါ့ကို
သနားလိုသည်ထင်ရဲ့
ပင့်သက်ကိုဖွဖွလေးထုတ်
ငါမသိတဲ့ပုံပြင်တစ်ပုဒ်ကို
မြေနီလမ်းထက်မှာဖြန့်ကြဲ
အနီရောင်တွေရဲခနဲပါပဲလေ

တကယ်တော့.......
စကားဝါတစ်ပင်တည်းအောက်မှာနားပြီး
ကမ္ဘာခြားနေတဲ့အဖြစ်
နာကျင်ဖို့ကောင်းလိုက်တာ
သံယောဇဉ်မီးစက်တွေက ပရိဒေ၀နဲ့ပေါင်းပြီ
နက်ရှိုင်းစွာရှိုက်အော်
မင်းခေါ်သံကိုငါကြားရပြီ
နွေမိုးဆောင်းအလီလီကို
သူတစ်ယောက်တည်းအံတုလို့
ဒြပ်ထုမရှိတဲ့ခန္ဓာနဲ့
ပူလောင်ပင်ပန်းစွာ မင်းငိုကြွေးနေတာကို
သိခွင့်မရတဲ့အဖြစ်
ဘယ်သူဖွင့်လှစ်ခဲ့တဲ့ကျိန်စာဆိုးလဲ
ရှင်သန်မှုနဲ့သေဆုံးမှုကြားက
ခြားထားတဲ့စည်းတစ်ခုဟာ
နှလုံးသားတစ်စုံကိုဟန့်တားနိုင်တဲ့
ဓါးသွားတစ်လက်သာဆိုရင်...........................


ဟေ့ချစ်သူရေ
မီးဖိနပ်ကိုစီး ခရီးကြမ်ကိုနှင်
မင်းရင်ခွင်ကို ကိုးစား
ငါ့မှာခွန်အားအပြည့်ပါ
ဆတ်ဆတ်ခါနေတဲ့ပီတိအဟုန်နဲ့
အဖန်ငါးရာကိုဘေးချိတ်
ဟိုးတောင်ကုန်းထိပ်ကနေပြီး
မင်းရှိတဲ့ကမ္ဘာကို ငါလာမှာပေါ့ကွယ်
စကားပါတစ်ပွင့်သာပန်ခွင့်ပေး
အဖန်ငါးရာကိုလည်းဝန်မလေးဘူး
လွင့်ခနဲဟာသွားတဲ့ခံစားမှုက
ရှင်သန်ခြင်းကိုဖောက်ထွက်
မိုးယံထိတက်မယ့်အချစ်က
ငါ့အချစ်ကိုကယ်မမယ်ဆိုရင်
ကယ်မမယ်ဆိုရင် .......ကယ်မမယ်ဆိုရင်...........

No comments:

Post a Comment

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......