သူနဲ့ခင်ခဲ့တာတော့ကြာပါပြီ။ ခုထိတော့လူချင်းမဆုံဖြစ်သေးပါဘူ
သူနဲ့ခင်မင်သိကြွမ်းခဲ့တဲ့ 2007-ခုနှစ်နောက်ပိုင်းကစပြီး ယနေ့အချိန်အထိ ညီမငယ်တစ်ယောက်သဖွယ် သံယောဇဉ်ပိုမြဲသူကလဲအတူတူ အဖြူရောင်ချင်းယှက်နွယ်ခဲ့တယ်ပေါ့။သံယောဇဉ်တွေပိုလာတော့ တစ်ယောက် အကြောင်းတစ်ယောက် အမြင်ချင်းဖလှယ်ကြ တိုင်ပင်ကြ အကြံတွေပေးကြနဲ့ သူ့အတွင်းရေး ကိုယ့်အတွင်းရေး အသိပေး ယုံကြည်စွာအကုန်လုံးဖွင့်ဟဖြစ်ြ
အချိန်တွေဝါးမျိုကုန်ဆုံးခဲ့ေ
ညီမငယ်နဲ့အနေဝေးပေမယ့် စိတ်ချင်းကတော့ နီးနေခဲ့တယ်၊ အဖြူရောင်သံယောဇဉ်တွေနဲ့ ချည်နှောင်လို့ တစ်ယောက်နဲ့တစ်ယောက် နားလည်ခံစားပေးခဲ့ကြတယ်လေ။ အွန်လိုင်းမှာတွေ့သိခင်မင်ခြဲ့
ဒီလိုနဲ့ ညီမငယ်ရဲ့ 29 နှစ်မြောက်မွေးနေ့မှာ အကြီးတစ်ယောက်အနေနဲ့ ဘာလက်ဆောင်မှ မပေးဖြစ်ခဲ့ ပြန်ဘူး
အွန်လိုင်းပေါ်မျာ တွေ့ခဲ့ကြတဲ့သူနှစ်ယောက် ဖြူစင်တဲ့စိတ်လေးတွေနဲ့ ချည်နှောင်လိုက်တော့ ပိုမိုခိုင်မြဲ ယနေ့အထိ ဆက်လက်ရှင်သန်ဆဲပေါ့။ စာလေးတစ်ခုဖတ်ဖူးတယ် “ အဖြူရောင်ပေါ် အမဲစက်ကျတော့ အဖြူ ရောင် ပျက်တယ်တဲ့” ဒို့နှစ်ယောက်ရဲ့ ခင်မင်မှုဟာ အရောင်မစွန်း အဖြူရောင်သက်သက် ရှင်သန်ခဲ့တယ်နော်။ အဖြူရောင်ကမ်းနှစ်ဖက်ကြားမှာ စီးဆင်းနေတဲ့ စီးကျသံလေးပေါ့။
နေရာချင်းမတူ နိုင်ငံချင်းမတူ အနားနှစ်ဖက်မှာရပ်နေကြတဲ့သူနှစ်ယောက် မျဉ်းဖြောင့်တစ်ခုအနေနဲ့ ဒီဘလော့ ပို့စ်လေးမှာဘဲ အတူစီးဆင်းရင်း ဆက်လက်ရှင်သန်ကြပါစို့…………..
“ဥပေက္ခာဖြင့် မျက်စိမှိတ်ခြင်းကို လမ်းခွဲဟု ငါမယုံ။
စူးစမ်း၊ ဆန်းစစ် ခွဲခြမ်းစိတ်ဖြာမှု၏ သိမ်မွေ့သော အထိအတွေ့သည်သာ
ရလာဒ်အမှန်ဖြစ်၏။
လာရာလမ်းသည် မှုန်သလော၊ ရှေ့ခရီးသည် ဖုံသလော
ဘယ်ပုံဆိုသည်ကိုတော့ အလွှာလွှာခွဲခြမ်းစိတ်ဖြာရပေမည်။”
(ညီမငယ်နဲ့ခင်မင်မှုအမှတ်ရအဖြစ်ေ
မမြင်မတွေ့ရပေမယ့် အဖြူရောင် သံယောဇဉ်မို့လို့ နှစ်ပေါင်းများစွာ ခိုင်မြဲမှာ သေချာပါတယ်။
ReplyDelete