Friday, 13 August 2010

မွေးနေ့ကဗျာ




လေအဝှေ့မှာ ၀ဲကာဝဲကာဖြင့်
ကြွေလွင့်ခဲ့ ဒီအချိန်တွေ
မ၀ဲချင် ပင်ယံမှာ နေချင်သေးတယ်....
မကြွေချင် ပင်ယံမှာ လန်းချင်သေးတယ်..
မြင့်ပင်ယံ ဝေဟင်ထက်မှာဖြင့်
ငွားငွား စွင့်စွင့် တင့်ပြီးတော့
လန်းချင်သေးတယ်..။ ။

အိုဘယ့် အိုဘယ်
အချိန်မြစ်တစ်စင်းရယ်
သင်စီးဆင်းရာ လမ်းတစ်လျှောက်
ရေစီးကမ်းပြိုလို့ ဇရာဆိုတဲ့
ကမ်းကို ကပ်လာတော့..
အသိတစ်ချက် လျှက်ကနဲ့
သတိရလိုက်တယ်...
သြော် ....
ငါ့အသက်တစ်နှစ်ကြီးလို့
တစ်နေ၀င် တစ်နေထွက်
သေမယ့်ကမ်း တစ်နှစ်နီးလို့
သွားပါ..ရော့လား။ ။



အသက် ၂၉ နှစ်မြောက် မွေးနေ့လေးမှာ တွေးမိတဲ့ အတွေးလေးပါ။

4 comments:

  1. Happy Birthday ပါဆွေလေးရေ...
    ပျော်ရွှင်ချမ်းမြေ့ခြင်း? စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်ဝပါစေ။ ဆွေလေးရဲ့ စိတ်ဆန္ဒအတိုင်း ပင်ယံမှာ ကြာရှည်လေးမြင့် တင့်တယ်ပါစေ။ ဘ၀မှာ အောင်မြင်ခြင်းဆိုတဲ့ ဆုလာဘ်ကို ခိုင်ခိုင်မာမာ ရရှိနိုင်ပါစေ။
    အချိန်ဆိုတဲ့ မြစ်တစ်စင်းရဲ့ တိုက်စားခံရခြင်းကို လှပတင့်တယ်စွာ ကျော်ဖြတ်နိုင်ပါစေနော်။။


    ခင်တဲ့
    မချော

    ReplyDelete
  2. ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ဖြစ်ပါစေဗျာ..
    မွေးနေ့ရှင် အလိုရှိတဲ့ စိတ်ဆန္ဒများ အားလုံးလဲ ပြည့်ဝပါစေ လို့ ဆုတောင်းပေးခဲ့ပါတယ်။

    ReplyDelete
  3. သူငယ်ချင်းများပေးတဲ့ ဆုနဲ့ ပြည့်ပါစေရှင်။ ခုလို မွေးနေ့ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးအများကြီး
    တင်ပါတယ်။ဘာလို့လဲဆိုတော့ မွေးနေ့ဆိုတာကို ဆွေ
    လေး တစ်ယောက်ထဲ အိမ်မှာပဲ ဘုရားရှိခိုး ကုသိုလ်ယူပြီး ကျော်ဖြတ်ရမှာ မို့လို့ပါ။

    ReplyDelete
  4. လိပ်စာ Add တာနောက်ကျသွားလို့...
    မွေးနေ့ပွဲ အလာနောက်ကျသွားတယ်...
    Happy Birthday ပါ ညီမလေးရေ....

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......