Wednesday 21 August 2013

ချစ်ခြင်းတစ်ခုရဲ့ သမိုင်းတစ်ပုဒ်


စ.. ပြီလို့ ဆိုကထဲက ဘာမှမလိုချင်ခဲ့သူပါ
ယူဖို့ထက် ပေးဆပ်ဖို့ကိုပဲ
သတိရခဲ့တဲ့သူ။   ။

ကိုယ်တိုင်ပျော်ရွှင်ဖို့ထက် သူပြုံးနေတာကိုပဲ
 မြင်ချင်ခဲ့တဲ့သူ။   ။

အမှတ်တမဲ့ပုံရိပ်တစ်ချို့ကိုတောင်
အမှတ်တရ ရှိနေခဲ့တဲ့သူ။   ။

တစ်ယောက်နဲ့အများမှာ
တစ်ယောက်ဘက်က ရှိနေပေးခဲ့သူ။   ။

ယုံကြည်မှုဆိုတာ အများအမြင်မဟုတ်ဘူး
ရင်ဘတ်ထဲက သံစဉ်တွေညှိတဲ့ အသံလို့
ခွန်းတုန့်ပြန်ခဲ့တဲ့သူ။  ။

မိုင်ထောင်ချီဝေးနေပါစေ ရင်ခုန်သံတွေတော့
ကြားနေရလိမ့်မယ်လို့
မျှော်လင့်ခဲ့မိသူ။  ။

အဝေးကိုပျံချင်ရင် ပျံပါစေ
လှောင်အိမ်ဆိုတာ သူ့အတွက်မဟုတ်ဘူးလို့
ဆုံးဖြတ်ချက်နဲ့အတူ
လှောင်အိမ်တံခါးကို ဖွင့်ပေးခဲ့တဲ့သူ။  ။

ဒါဘာတွေလဲ ...
နောင်တတွေလားလို့ မေးခဲ့ရင်
ဟင့်အင်း.. မဟုတ်လောက်ပါဘူး
ဒါဟာ....
ချစ်ခြင်းတစ်ခုရဲ့ သမိုင်းတစ်ပုဒ်
ဖြစ်ခဲ့ ဘူးတယ် ဆိုရုံလေးပါ။  ။

4 comments:

  1. စစချင်းဖတ်မိတာနဲ့ပဲ နှလုံးသားထဲကို တန်းရောက်သွားတယ်-----------
    .. ပြီလို့ ဆိုကထဲက ဘာမှမလိုချင်ခဲ့သူပါ
    ယူဖို့ထက် ပေးဆပ်ဖို့ကိုပဲ
    သတိရခဲ့တဲ့သူ။
    ကိုယ်တိုင်ပျော်ရွှင်ဖို့ထက် သူပြုံးနေတာကိုပဲ
    မြင်ချင်ခဲ့တဲ့သူ။

    စကားမစပ်မတွေ့တာအတော်လေးကြာခဲ့ပြီနော်
    ချမ်းမြေ့ပါစေရှင်

    ReplyDelete
  2. ဟုတ်တယ် jas ရေအလုပ်က ပိုက်ဆံပိုရလေ ကိုယ့်ရဲ့အချိန်တွေကို စားသုံးသွားလေ ဖြစ်နေတယ်။

    ReplyDelete
  3. ကဗျာလေးတွေအမြဲစောင့်ဖတ်ဖြစ်တယ်။သိပ်ကောင်းတယ်။ ကိုယ်လည်းကြိုးစားနေဆဲမို့ အားပေးရင်း စောင့်ဖတ်နေမယ်။ ခင်မင်လျက်...

    ReplyDelete
  4. ကဗျာလေးအဆုံးမှာ ပင့်သက်ရှိုက်မိသွားတယ်...
    ....ချစ်ခြင်းရဲ့ သမိုင်းတစ်ပုဒ်
    ဖြစ်ခဲ့ဖူးတယ် ဆိုရုံကလေးတဲ့လား....ကွယ်

    ခံစားအားပေးလျှက်ပါလို့..:)

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......