Monday, 12 August 2013

မသိကိန်းများနှင့် ခဏတာ



မင်းသာ ငါ့အနားရှိခဲ့ရင်လို့
ယဉ်တတ်တဲ့စိတ်ကူးလေးကို
သတ်ပြစ်လိုက်တဲ့အခါ..
ရင်ဘတ်ထဲက နှလုံးခုန်သံတွေမှာ
အဓိပ္ပါယ်တွေ ကင်းမဲ့သွားကြတယ်။  ။

မချစ်တတ်တော့ပါဘူးလို့
ဘယ်လိုပဲ သင်သင်...
နားမလည်ဘူးဆိုတဲ့ စကားတစ်လုံးနဲ့
အစကနေ အခါခါ ပြန်ရှင်းနေရတာ
ကြာတော့လည်း ..တော်တော်ထူတဲ့
အသည်းနှလုံးတစ်စုံပဲလို့
စွဲချက်တင်ခဲ့မိတယ်။ ။

အချစ်စစ်ဆိုတာ
နင်ရခဲ့တာ မဟုတ်ဘူး
နင်ရခဲ့တာ ချစ်ခဲ့ဖူးသူရဲ့ အတ္တ...
ဘယ်လောက်ပဲ သတိပေးနေနေ
ချစ်နေရတာကိုးက အချစ်လို့
ဘာသာပြန်တွေက ..
ထွက်ထွက်လာပြန်တယ်။  ။

လောင်ကျွမ်းမှုတွေ အကြိမ်ကြိမ်
ဝါးမြိုခြင်းခံနေ ရတာတောင်
ပြာ..ဖြစ်မသွားတဲ့
ကိုယ့်နှလုံးသား ကိုလည်း
သြချယူခဲ့ မိပါရဲ့။  ။

တစ်ကယ်ဆို.. ပြာပဲ ဖြစ်ခဲ့သင့်တာပါ
ဒါပေမယ့် ဘာလို့များ..
အေးခဲနေတဲ့ နေရာတစ်ခုက
ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု
ဖြစ်လာခဲ့သလဲ... ။   ။

ဒီလိုနဲ့.
မသိချင်း ပုစ္ဆာတစ်ပုဒ်ကို
ခက်ခက်ခဲခဲ တွက်မနေတော့ပါဘူး
ဒါဟာ ပုစ္ဆာတစ်ပုဒ်လို့ ငါသိထားရင်
ဖြစ်ချင်တဲ့ ဆန္ဒတစ်စုံ
ပြင်းပြတဲ့ နှလုံးသားတစ်ခု
နားလည်မှုနဲ့ ဖေးမပေးမယ့် မျက်ဝန်းတစ်စုံ
ကမ်းလျှင့်လာမဲ့ လက်တစ်စုံ....
အဲဒီလို ဆုံလာတဲ့ အချိန်တစ်ခုကြရင်ဖြင့်
အဖြေတစ်ခုဆိုတာ ..ငါ..
တွက်ထုတ်နိုင်ကောင်းပါရဲ့။   ။









1 comment:

  1. သိပ်ကောင်းတဲ့ ကဗျာလေးပါ၊ လောင်ကျွမ်းမှ့တွေအကြိမ်ကြိမ်ဝါးမြိုခြင်းခံနေရတာတောင် ပြာ ဖြစ်မသွားတဲ့ ကိုယ့်နှလုံးသား ဆိုတာလေးကို ခံစားရပါတယ်။ အားပေးလျက်...

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......