Saturday 16 July 2011

ပြုံးနေတာပဲ

တက်လိုက်ရတဲ့ လှေကား
ညောင်းလို့ တောင်
ငါမနားခဲ့ ရဘူး...။ ။

ထမ်းလိုက်ရတဲ့ တာဝန်
လေးလွန်းလို့
တစ်ခါတစ်ခါ
အတွင်းပါကြေတယ်.။ ။

လုပ်လိုက်ရတဲ့
ဖြစ်သင့်တာ ခုဆို
ကိုယ်ဖြစ်ချင်တာ
ဘာလဲတောင်
မသိနိုင်တော့ ဘူး။ ။

အမြဲတော့ ပြုံးနေတာပဲ
တစ်ချို့ ကပြောတယ်
ပုံသေနေပြီးတဲ့ ။ ။

ဒီတစ်ခါ ငါ့အတွက်
တွက်လွန်းလို့
ဘာမှကို မကျန်ဘူး။ ။

သည်းခံချင်း
အဲဒါ ငါ့ဆီမှာ
အချမ်းသာဆုံး ပစ္စည်း။

ငါ့ရဲ့ အနာဂတ်
နောက်ပါတွေကို
ဝေမျှနေတာနဲ့
အဆင်းရဲဆုံး ဖြစ်နေတာ
ကြာပေါ့။


ဒါဆို..
ခုရော.. ခုလား
လောကကြီးက
ရသလောက် ငါယူတယ်
ပေးသလောက် ကျေနပ်လိုက်တယ်
ပျော်လား အင်း..
ပြုံးတော့ ...
ပြုံးနေတာပဲ....

1 comment:

  1. သည်းခံရတာများလွန်းတော့လည်း စိတ်ထဲမှာ အနာတရဖြစ်သွားတတ်သေးတယ် ဆွေလေးရေ..
    ကြာတော့ သည်းမခံနိုင်တော့ဘူး

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......