Saturday, 29 March 2014

မျှ..ခြေ



မောင်က လှိုင်းဆိုရင် ကျွန်မကလှေ
လှိုင်းရှိမှလှေကို လိုအပ်သလို
လှေရှိမှလဲ လှိုင်းကို
ဖြတ်နိုင်တယ်....။   ။

မောင်က သစ်တောဆိုရင် ကျွန်မကသစ်ပင်
သစ်ပင်ရှိမှ သစ်တောဖြစ်သလို
သစ်တောမှာလဲ သစ်ပင်
ရှိကိုရှိရတယ်..။   ။

မောင်က ကောင်းကင်ဆိုရင် ကျွန်မကတိမ်
တိမ်ရှိမှ ကောင်းကင်ကြီးလှသလို
ကောင်းကင်ကြီးရှိမှ တိမ်
ဆိုတာလဲ ခိုလှုံခွင့်ရတယ်။  ။

မောင်က အချစ်ဆိုရင် ကျွန်မကနားလည်မှု
နားလည်မှုရှိမှ အချစ်ကခိုင်မြဲသလို
အချစ်ရှိမှလဲ နားလည်မှုက 
ရှင်သန်နိင်တယ်။ ။


-----
ဒီတစ်ပတ်မှာ ပို့(စ်)လေးရေးပြီး အသစ်တင်ဖို့ ကြိုးစားပေမယ့် လဲ  အချောမသတ်နိုင် မပြီးနိုင် မစီးနိုင်သေးပဲ သိမ်းထားတဲ့ ဖိုင်လေးတွေကြောင့် မျက်နှာငယ်ငယ်နဲ့ပဲ ကဗျာလေး တစ်ပုဒ်ရေးတင်လိုက်ရတယ် ချစ်သော ဘလော့မောင်နှမများအားလုံး ကျန်းမာလို့ချမ်းသာကြပါစေရှင်။

သရုပ်ဖော်ပုံလေးကိုတော့ google ကနေရှာဖွေအသုံးပြုထားပါတယ်ရှင်။

4 comments:

  1. မောင်က လှိုင်းဆိုရင် ကျွန်မကလှေ..........အစ ကိုဖတ်လိုက်မိတာနဲ့ ဆုံးလေးကိုပါ သိချင်မိတယ်

    ReplyDelete
    Replies
    1. ဟိ..ဆွေလေးက ကြော်ငြာအားကောင်းတာ ဂျက်ရဲ့ အဟဲ ...ကဗျာလေးလာအားပေးလို့ ကျေးဇူး တင်ပါတယ်ရှင်

      Delete
  2. ပို့စ်အသစ်လေးမတင်ဖြစ်ပေမယ့် အစားထိုး ကဗျာကောင်းလေး ဖတ်ခွင့်ရသွားတယ် မွန်လေးရေ...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  3. ရင်လှိုင်3း1 March 2014 at 21:40

    အရမ်းညီမျှတယ်နော်...။ အားကျလိုက်တာ...။

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......