Wednesday 3 July 2013

သိစေချင်တယ်



ညှာတာပါ စာနာပါလို့
ငါမတောင်းဆိုလိုပါဘူး
ဒါပေမယ့်
အလိုက်ကန်းဆိုးလေးတော့
သိသင့်တာပေါ့။  ။

လေးစားပါ ရိုသေပါလို့
ငါ မပြောခဲ့ပါဘူး
ဒါပေမယ့်
မိုက်ရိုင်းတာ နားလည်မှုမရှိတာလေးတော့
လျှော့သင့်တာပေါ့။  ။

စင်ပေါ်ကို တင်ပေးခဲ့တာ
ငါပါလို့ တစ်ခါမှ မကြွေးကြော်ဘူးဖူး
ဒါပေမယ့်
ကျေးဇူးတော့ မကန်းသင့်ဘူးပေါ့။

ကူညီပါ လှည့်ကြည့်ပါလို့
တစ်ခါမှ မတောင်းဆိုဘူးဖူး
ဒါပေမယ့်
ငါ့ကျောကို ခင်းလို့တော့
မနင်းသင့်ဘူးပေါ့။  ။

နာလာတာ များရင်
စိတ်ပျက်ချင်းတွေ
ရောက်လာမယ်
ပျက်လာတာများရင်
ဥပက္ခာ ဆိုတာ
ရောက်လာမယ်..။   ။

ငါ တစ်ခုပဲ သိစေချင်တယ်
လမ်းဆုံးကို ရောက်အောင်
နင်....လဲ တွန်းမပို့နဲ့
ငါ.....လဲ မလျှောက်ချင်ဘူး
ဆိုတာလေးပါ။   ။

No comments:

Post a Comment

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......