Sunday 26 June 2011

ရူး..လိုက်ပါရစေ...




ခြေလှမ်းတို့ အချက်ညီညီ
လှမ်းရင် ဒီလမ်းလေးမှာ
ငါ..တစ်ကိုယ်တည်း..

သံစဉ်တို့ ခပ်တိုးတိုး
ညည်းဆို ပီပြင်လာတော့
ဒါဟာ အလွမ်းသံစဉ်
တစ်ပုဒ်ပဲ...

ပီပြင်လာတာနဲ့ အမျှ
ခပ်ပြင်းပြင်း နာကျင်မှုတွေ
ရင်ဒဏ်ရာ အပြည့်နဲ့
တိုက်ခိုက်လာကြတယ်..

ဒါပေမယ့်
ခြေလှမ်းတွေ ငါရပ်မပစ်ရဲဘူး
ဆက်တော့ သွားရအုန်းမယ်..
နောက်လှည့်လို့ မဖြစ်ဘူး
ချစ်သူ...

ကျောခိုင်းထားလို့
ငါ့နောက်ကျောကို ကြည့်နေတဲ့မင်း
ငါရယ်နေတယ်လို့
ထင်ချင်ထင်နိုင်တယ်....

တစ်ကယ်တမ်းက..
ငါ..ငိုနေတာပါ ချစ်သူ..
ငါ ငိုနေတာပါ...

တိုက်ဆိုင်မှုတွေ ရှိတိုင်း
အမှတ်တရတွေ မြင်ရတိုင်း
ငါဟာ စိတ်လွတ်ကိုယ်လွတ်
ရူးတတ်တဲ့ အရူးတစ်ယောက်
ဖြစ်သွားတယ် ချစ်သူ..

ငါ..ရူးပိုင်ခွင့် ရှိတယ်မဟုတ်လား..
ငါ ချစ်ပိုင်ခွင့် ရှိတယ်မဟုတ်လား..
ငါ..ဘာကိုမှ ငဲ့ကွက်စရာ
မရှိဘူး မဟုတ်လား...

ဒီလိုဆိုရင် လောကကြီးရယ်
ငါ ရူးလိုက်ပါရစေ..
ငါ ရူး...လိုက်ပါရစေ..လား..။ ။

ပုံလေးကတော့ အင်တာနက်ကနေ ရှာပြီးတော့ပဲ ယူသုံးထားတာပါ။
ဆွေလေး အလုပ်မအားတဲ့ အတွက် ဘလော့လေးကို မရေးနိုင်ပဲ ပိုင်ရှင်မဲ့ ပစ်ထားသလို ဖြစ်နေမိတယ်။ လူက အလုပ်မအားတဲ့ အပြင် ကွန်ပျူတာကလဲ ညီမလေးရောက်နေတော့ နှစ်ယောက်တစ်လုံးဖြစ်နေတဲ့ အတွက် ကွန်ပျူတာလဲ မအား လူလဲ မအားဘူးဖြစ်နေလို့ ဘလော့လေးနဲ့ ပတ်သတ်ပြီး ဘာမှကို မလုပ်နိုင်ပါဘူး။
ဒါပေမယ့် စိတ်ထဲမှာတော့ အမြဲသတိရနေပါတယ်။
ဘလော့တွေလိုက်ပြီး မလည်နိုင် စာတွေလဲ သေချာလိုက်မဖတ်နိုင်တာကိုးက တစ်ခုခုလိုနေသလိုပါပဲ။
ဘလော့မောင်နှမတွေ အားလုံးကို သတိရနေ တစ်ကယ်လွမ်းနေပါတယ်လို့...
ဒီပို့(စ်)လေးကပဲ ပြောပါရစေ....

6 comments:

  1. ညီမဆွေလေး
    လောကကြီးမှာ တခါတရံတော့ စိတ်လွတ်လပ်ခွင့်ပေးပြီး
    ရူးပိုင်ခွင့်.ချစ်ပိုင်ခွင့်ရှိပါတယ်။ အလုပ်မအားတာကို နားလည်ပါတယ်။ အဆင်ပြေတဲ့အချိန်မှာ ခံစားချက်လေးတွေ မျှဝေပေးပေါ့။
    ပျော်ရွှင်ချမ်းမြေ့ပါစေ။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  2. ကဗျာလေးဖတ်ရင်း ကိုယ်တိုင်လဲ တစ်ခါလောက် ရူးလိုက်ချင်မိတယ်....:)

    ReplyDelete
  3. ချော(အစိမ်းရောင်လွင်ပြင်)27 June 2011 at 20:51

    ရူးတော့ မရူးလိုက်ပါနဲ့
    ခုတောင် ပျောက်ပျောက်နေတာ
    ရူးသွားရင် လုံးလုံး မမြင်ရဘဲနေဦးမယ်း)
    နေကောင်းကျန်းမာ အစစအဆင်ပြေပါစေဆွေလေးရေ...

    ခင်တဲ့
    မချော

    ReplyDelete
  4. တစ်ခါတစ်လေတော့ စိတ်ထဲမွန်းကျပ်တာတွေ ဖောက်ခွဲပစ်ချင်ကြတာပါပဲ။ ဒါမှလည်း ရှေ့ဆက်ဖို့အတွက် ပေါ့ပါးသွားကြမှာ မဟုတ်လား။

    မအားလို့ ဘလော့ဂ်မလည်ဖြစ်တာကတော့ သူသူကိုယ်ကိုယ်ပါပဲလေ။ ရတဲ့အချိန်လေး စာတွေရေးနေရင်ပဲ ကောင်းလှပါပြီ။

    ReplyDelete
  5. ရူးဖို့ အဖော်လိုရင်ပြော..ဆွေလေးရေ..
    နတ်သမီးလည်း အဖော်လိုနေတာ...
    သတိရ၏..

    ReplyDelete
  6. hi, fri if u free quickly write.i am very interesting.Ha ha :D

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......