
မရှိအရှိဟန်ထုတ်ပြီး ရှိသယောင်ယောင်နဲ့
ဟန်ဆောင်ကောင်းတဲ့ သူတွေကို
မုန်းတယ်။ ။
ခင်မင်သလိုလိုနဲ့ ရင်ကို
ဓါးထက်ထက်နဲ့ခွဲ သွေးရဲရဲ
ထွက်လာတော့မှ..အို
ဆောရီးနော် ဆိုတဲ့ သူတွေကို
မုန်းတယ်။ ။
ဖြစ်လာမလား ဖြစ်လာမလား
တစ်သသနဲ့ တစ်နေ့လာနိုး
တစ်နေ့ဖြစ်နိုးနဲ့
မျှော်လင့်နေတဲ့ စိတ်တွေကို
မုန်းတယ်။ ။
မပွင့်တစ်ပွင့်နဲ့ လိုရင်းကို
မရောက်ဘူး ဟိုလိုလို
ဒီလိုလို တစ်ကယ့်အရေး
တစ်ကယ့်ဘေးကျတော့
ခေါင်းခါခါ လည်ခါခါနဲ့
ဒီနေ့ မအားလို့နော် ဆိုတဲ့ သူတွေကို
မုန်းတယ်။ ။
စားစရာရှိ အားမနာတမ်း
ယူစရာရှိ လှည့်မကြည့်စတမ်း
ပေးစရာရှိ မျက်နှာမကြည့်စတမ်း
ထွီကနဲ မထွေးရုံတစ်မယ်
ကျေးဇူး မသိတတ်တဲ့ သူတွေကို
မုန်းတယ်။ ။
ပြောနေတာက မင်းအတွက်
ရလာတာက မင်းမဟုတ်ဘူး
ဖြစ်လာတော့ မင်းရှင်း
ကယ်ပါယူပါ တစ်စာစာနဲ့
ပြေးလာသမျှ လူု
ရင်စီးလို့ ခေါင်းမော့ပြီး
ပြေးပြေးတွေ့ပေးနေတဲ့ ကိုယ့်ကိုယ်လဲ
မုန်းတယ်။ ။
ခံနေရတာလဲသိတယ်
လိမ်နေတာလဲသိတယ်
ကိုယ့်ဘာသာကိုယ်
အသုံးမကျတာလဲသိတယ်
သူများထွီသလို လိုက်မထွီနိုင်တာလဲသိတယ်
အနိုင်နဲ့ပိုင်းလို့ ငါဟဲ့လို့
တစ်ကွက်ကိုနင်း အနိုင်ပိုင်းနိုင်တာလဲ
ငါသိတယ်.. ဒါပေမယ့်
ဒါပေမယ့်ပေါ့လေ...
ငါ ဟန်မဆောင်တတ်ဘူး..
ငါ အပြုံးတုတွေ မတပ်ဆင်တတ်ဘူး
ငါ မယုတ်မာတတ်ဘူး
ငါ သံယောဇဉ်တွေ မပြတ်ဘူး
ငါ့မှာ မျှော်လင့်ချက်တွေရှိတယ်
တစ်နေ့တော့
သူ .... ကောင်းလာနိုးနိုးပေါ့။
တကယ်ချစ်တတ်တဲ့သူတွေကိုတော့
ReplyDeleteမမုန်းလောက်ဖူးထင်ပါတယ် ...
:)
တော်တော်ကောင်းတဲ့ကဗျာလေးပဲ
ReplyDeleteခံစားချက်တွေ တနင့်တပိုးနဲ့မို့ ထိရှသွားတယ်
ဟန်မဆောင်တတ်သူက ရင်နာရစတမ်းလား မသိပါဘူး
လူတွေက နားလည်ရခက်တယ်ပေါ့နော်
အရမ်းကောင်းတဲ့ကဗျာလေးပါ။
ReplyDeleteရင်နှင့်ရေးသောစာသားများကို
နှလုံးသားဖြင့် ခံစားအားပေးသွားလျှက်
ကောင်းသောနေ့လေးဖြစ်ပါစေမမ။
မပြတ်သားတတ်တဲ့ ငဲ့ညှာတတ်တဲ့ ကိုယ့်ကိုယ်ကိုပဲ မုန်းတာ ပိုကောင်းမယ်။ ကိုယ်တွေလည်း ကြုံဖူးတယ်။
ReplyDeleteမုန်းတယ် မုန်းတယ်...စောင့်လိုက်ရတဲ့... ငါအဘွားကြီးဖြစ်တော့မယ်...မုန်းတယ် မုန်းတယ်..
ReplyDelete