Monday 14 February 2011

MALWARE ကင်းရှင်းပါကြောင်း (2)



ဒီနေ့ ရသဝတ္ထုရွေးချယ်ခြင်းအဖွဲ့ ရဲ့ သတင်းပေးချက်အရ ထပ်စစ်လိုက်တော့ ထပ်တွေ့ပါတယ် ၀ဲတွေ တဲ့။ ဒါနဲ့ အနီလိုင်းတွေနဲ့
ဖြစ်နေတဲ့ links များကို ပြန်ပြီး ဖျက်လိုက်ရပါတယ်။ နောက်များမှ ပြန်ပြီး ထပ်ချိတ်ပါတော့မယ်။
အနီလိုင်းတွေ ဖြစ်နေတဲ့ ညီအစ်ကိုမောင်နှမ ဘလော့ဂါများကတော့
၁) ဆင်တဲ့ ကဖီး
၂) ရင်မှမိုးစက်ပွင့်များ ဘလော့title နဲ့ ဇူး
၃) Myanmar Food House title နဲ့ Sunny
၎) ဘလော့ဂါအများမှ ချစ်စနိုးခေါ်နေကြသော မယ်ကိ..ကိကိ..

အဲဒီ မောင်နှမများရဲ့ links တွေကိုဖျက်ပစ်လိုက်ပြီးမှ ပဲ ၀ဲကင်းကြောင်း ထောက်ခံစာ ပြန်ထွက်လာပါတယ်။
အမှန်တော့ ဆွေလေးကိုယ်တိုင်က လောဘကြီးတာပါ။ စာဖတ်ကာနီးရင် links တွေပြန်ရှာနေရတာ စိတ်မ၇ှည်တာနဲ့
ပြန်ချိတ်လိုက်တာ ၀ဲပြန်ကူးသွားတယ်။ နောက်အေးအေး ဆေးဆေး ဖြစ်တော့မှ ပြန်လင့်ပါတော့မယ်။

ဘလော့ညီအစ်ကိုမောင်နှမများ အားလုံး ၀ဲပျောက်ကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းရင်း..
ဝဲကင်းကြောင်း ထောက်ခံစာ ပြန်တင်လိုက်ပါတယ်။

2 comments:

  1. ကျနော်လည်း ဒီလိုပဲ ဖြုတ်လိုက် တပ်လိုက် ဖြစ်နေတာပဲ။

    http://allbloggerposts.blogspot.com/

    အဲဒီမှာတော့ ပို့စ်တွေ ဖတ်ချင်ရင် သွားကြည့်ပြီး ဖတ်ရတယ်။ အဲဒါကျတော့ ဘာမှ မဖြစ်ဘူးဗျာ။ အံ့သြရောပဲ။

    ReplyDelete
  2. သြော် ..ပျောက်နေတယ်လို့ ထင်နေတာ ..
    ညှင်းတွေသတ် ..အဲ ..ဝဲတွေသတ်နေတာကိုး ..:D
    (မတွေ့ တာကြာလို့  ...လာ နောက်သွားတယ်..ညီမရေ )

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......