Thursday 8 July 2010

.......................??????



ဖွဲ့လွန်းတယ်လို့ ပြောလဲ
ငါနဲနဲလေးတောင် မလျှော့နိုင်ဘူး..
ဆွေးလှချည်လားလို့ မေးတော့လဲ
ငါအဆွေးတော ကလှည့်ပြန်လို့မရသေးဘူး...
ဘယ်လိုပဲ ကဗျာတွေဖွဲ့နေနေ
အကြောင်းအရာကတော့
အပြောင်းသေးဘူး..
ဝေဒနာကို ကုစားကြည့်ဖို့
အချိန်သမားတော်နဲ့ ငါနဲနဲ
ဘက်ညှိကြည့်ဘူးတယ်..
နောက်ဆုံးတော့ သမားတော်က
အဖြေထုတ်လိုက်တယ်
မင်းရောဂါက ကင်ဆာလို
တမြည့်မြည့် သေမှာပဲတဲ့...။ ။




ပုံလေးကတော့ internet ကပဲ ရှာပြီး ယူသုံးထားတာပါ။

1 comment:

  1. ဖွ ဟဲ့...
    လွဲပါစေ..ဖယ်ပါစေ...
    မပြောကောင်း မဆိုကောင်း...
    ကု တတ်ရင်လွယ်လွယ်လေး....
    Snow White ပုံပြင်လေးအကြောင်း ကြားဖူးတယ် မလား..
    အဲဒီလိုပဲ...
    မင်းသားလေးတပါးရဲ့ အနမ်းတပွင့် ပဲလိုတယ်...

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......