လွမ်းမပြေ ရပ်ဝန်းမှာ
အလွမ်းပြေ နွမ်းအကြွေ
ခရေ ကောက်ခဲ့သူမို့
ပင်မြင့်ကိုလဲ မမျှော်ရဲတယ်
ပင်ယံကိုလဲ မမှန်းရဲတယ်
သူခြွေမှ ကိုယ်ပိုင်မယ့် ပန်း
သူလန်းလိုချင် လန်းပါစေတော့
သစ္စာကိုပျိုး မေတ္တာကိုမိုးလို့
အကြင်နာ ရိပ်က
ကိုယ်..စောင့်လို့နေမယ်ပျို ။ ။
ချစ်စွာသောမောင်နှမများ အားလုံးကျန်းမာလို့ ရွှင်လန်းကြပါစေရှင်။
သရုပ်ဖော်ပုံလေးကိုတော့ google ကနေရှာဖွေပြီး အသုံးပြုထားပါတယ်။
ခေါင်းစီးလှလှအောက်မှာ.... ကဗျာလှလှလေးတစ်ပုဒ် ဖတ်သွားတယ် မွန်လေးရေ...
ReplyDeleteမေတ္တာဖြင့်
တီတင့်
ဆွေလေးရေ နှစ်လိုဖွယ်ရာကဗျာလေးကို လာအားပေးသွားတယ်ဗျိုး
ReplyDeleteချစ်တဲ့
တင်တင် :P
စောင့်နေမယ်ဆို ရောက်အောင်လာမယ်ဗျိုးးးး
ReplyDeleteခင်မင်လျှက် ပစ်ပစ်