Friday 27 May 2011

ညည်းချင်း

ချော့မြူခါ.... သြော် ....
နေပါအုန်းရယ်လို့
ချိန်တော်ရယ် ဆွဲပါသော်လည်း
သုံးနှစ်ခါ လွန်ကာနီးပြီးမို့
သက်ပြင်းသာ
ဟင်း ဟင်း ချလို့
စိတ်လျှော့ကာ အိတ်လေးပိုက်ပြီး
ရောက်ခဲ့ပေါ့ အလည်တစ်ခါ....
တစ်ရပ်တစ်ကျေး တစ်နယ်ဝေးမှာ
တို့အမျိုး တို့စကားနဲ့
စူးစမ်းကာ မေးမြန်းလေတော့
စိတ်ပိန်တာ ပြောမပြချင်ဘု
တစ်ထပ်တော့ ကုန်သွားပေါ့
သည်တစ်ခါ ...
ရောက်အလာ အနီဖုံးနဲ့
တံဆိပ်ဖုံဖုံ ထုပါတဲ့
သစ်လွင်လွင် ဘုတ်အုပ်တစ်ခုတော့
ပိန်ချပ်ချပ် .. သည်အိတ်ကပ်ထဲ ...
ကျန်.....ခဲ့လေတာ ပ။

ဆွေလေး မအားရတဲ့ တစ်စိတ်တစ်ဒေသထဲမှာ ဒီကိစ္စလဲပါတယ်။ အလုပ်က ခွင့်ယူရတာ ၃ ရက်။ စနေ ပြန်ဆင်းပေးရတာ ၁ လ။ project 4 ခုက ရက်ပိုင်းလေးပဲခြားပြီး live run စတယ်။ ဒီတစ်ပတ်တော့ နားမယ်ဟေ့လို့ အော်ပြီးနားလိုက်တယ်။
နားရင်လဲ လက်က မရဘူး ရေးချင်လာရော။ ဒီတော့ ကဗျာလေးနဲ့ပဲ စရေးလိုက်တယ်။
ဘလော့မောင်နှမတွေ အားလုံးကိုတော့ တစ်ကယ်သတိရနေတယ် အဟုတ်..

5 comments:

  1. မမရေ ကဗျာလေး ခံစားအားပေး သွားတယ်နော်...။
    ကောင်းသောနေ့လေး ဖြစ်ပါစေမမ။

    ReplyDelete
  2. အယ် . . ဒါမျိုးတွေလည်း ရတာပဲလား။
    လာထား . . အတူတူ ညည်းလိုက်ကြရအောင်။

    ReplyDelete
  3. ကွန်ပျူတာနဲ့ လုပ်ပြီး အပြာရောင် မပြောင်းသေးဘူးလား။

    ရှာဖွေသမျှ ပေးလိုက်ရ အဲဒါ အဝေးရောက်ဘ၀။

    ReplyDelete
  4. အလှူလုပ်တယ်ဘဲ သဘောထားပါစို့
း)

    ReplyDelete
  5. ရှာလိုက်ပေးလိုက်နဲ့ အမေတစ်ဝက် သူတစ်ဝက်နဲ့ တူပါရဲ့

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......