Tuesday, 27 October 2009

ပဲ့ကိုင်ရှင်

အို..
ပဲ့ကိုင်ရှင် အသင်လူသား
သင်ဧ။်လှေကား သေးနုပ်စုပ်ခြာ
သစ်ထွင်းလှေ ဆိုယုံမျှဖြင့်
မုန်တိုင်းထန်ထန် ဒီပင်လယ်ကို
သင်ဖြတ်မည်လော။ ။

သင်ပင်လယ်ရယ် မသိသလော......
လေထန်ပြီးဆိုမှဖြင့် အသက်ရှင်ယုံ
သေးနုပ်သည်လော သစ်ထွင်းသည်လော
ငါသည်ကား ရွေးချယ်ပိုင်ခွင့်ရှိသည့်
အခွင့်ထူးခံ လူသားမဟုတ်
ကျရာလှေထွင်း ကျရာလှော်တတ်ကို
ကိုင်ရင်းဖြင့် မုန်တိုင်းထန်ထန်ဒီပင်လယ်ကို
ဖြတ်ရမည်သာတည်း။ ။

အို........
ပဲ့ကိုင်ရှင် အသင်လူသား
သင်ကြည့်ရသည် နုံးချိမောပန်း
အားအင်ပြတ်ကာ အလွန်ပင်ပန်း
ချွေးတရွဲရွဲ သက်ရှုသံမျှပင်မမှန်
လှော်တတ်ကိုမချ အဆက်မပြတ်
သင်လှော်ခတ်နိုင်မည်လော။ ။

သင်ပင်လယ်ရယ် မမြင်သလော..
ဤထွင်းလေ၌ အမယ်အို ဖအိုနဲ့
လူမမယ်တစ်ယောက် ငါသည်သာတည်း..
ငါနားခဲ့သော် ဤထွင်းလှေအား
အဘယ်သူသည် ပဲ့ကိုင်မည်နည်း..။ ။

ကိုင်သူမရှိ ဤထွင်းလှေကား
ရုပ်ခြည်းလှိုင်းအောက် ပျောက်မည်သာတည်း...
လှော်သာလှော်သည် ငါ့အတွက်ကားမဟုတ်
လှေတော်ပါ လူသားတို့၏
မျှော်လင့်ခြင်း မျက်ဝန်းများကို
ငါအဘယ်သို့ ပြုမည်နည်း။

အို........
ပဲ့ကိုင်ရှင် အသင်လူသား
သို့ဆိုကလျှင် သင်ထင်သလော
ကမ်းလည်းမမြင် လမ်းလည်းမမြင်
ဤပင်လယ်အား သင်သည်လွန်မြောက်
ကမ်းသို့ကပ်ခါ ရှင်သန်ခြင်းအား
သင်ပိုင်စိုးမည်လော..
အဘယ်သို့သော် လှော်တက်အား
သင်သုံးမည်နည်း။ ။

အို သင်ပင်လယ်..
ငါသည်.....ရှင်သန်နေသမျှ
လှော်ခတ်နေနိုင် မည်သာတည်း..
ငါ၏ ရှင်သန်ခြင်းကား
ငါ၏ မျှော်လင့်ခြင်းတည်း...
ငါ၏ မျှော်လင့်ခြင်းသည်ကား
ငါ၏ စိတ်တည်း...
ငါ၏ စိတ်သည်ကား
ငါမှတစ်ပါး လှော်တော်ပါ
လူသားတို့၏ ရှင်သန်ခြင်းသာတည်း..
သို့ဆိုကလျှင် ငါသုံးသော်
လှော်တက်သည်ကား
အတ္တကင်းသော အဖြူရောင်
စိတ်လှော်တက်တည်း.....။ ။

Saturday, 24 October 2009

ဒီနေ့စားတဲ့ နေ့လည်စာ

ဒီနေ့ အိမ်ကို သူငယ်ချင်းလာလည်မယ်ဆိုလို့ တတ်စွမ်းသလောက် ချက်ကျွေးလိုက်ပါတယ်။ ဒီတော့ ဘလော့ပေါ်ကသူငယ်ချင်းများလည်း ပုံလေးတွေကြည့်ပြီး အငွေ့စားနိုင်အောင် တင်ပေးလိုက်ပါတယ်။ မိဘ နဲ့အတူနေတဲ့ အချိန်မှာ
တော့ ဟိုဟင်းမစားဘူး ငါးပိရည်က လက်နံတယ်နဲ့ ခုတစ်ကယ်တစ်ယောက်တည်းနေတော့ တော်တော်ကြီးကို သိသာပါတယ်။ တော်သေးတာ တစ်ခုကတော့ ငယ်ငယ်က အဒေါ်တွေနဲ့ နေရတော့ အပိုကျိုးအောင်ဆိုပြီး အားလုံးခိုင်းထားတဲ့ အတွက် ခုချိန်မှာ ကျွန်မအတွက် တော်တော် အသုံးဝင်တယ်လို့ ပြောလို့ရပါတယ်။ ဒီတော့ ..ဘ၀တူလေးများအတွက် ပုံကြည့်ပြီး သရေကျ လို့ရအောင်တင်ပေးလိုက်တာပါ။ ဟင်းချက်နည်းကတော့ professional မဟုတ်တဲ့ အတွက်မပြောတော့ပါ။
ကဲ..အားရပါးရတာ စားကြပေတော့..အငွေ့ပါ...:P :P




ဒါလေးကတော့ ကြက်အသည်းအမြစ်နဲ့ အားလူးဟင်း



ဒါလေးက ပဲပင်ပေါက်ကြော်



ဒါလေးကတော့ သခွားသီး တို့စရာနဲ့ ငါးပိချက်ပါ။


ဒါလေးကတော့ မီးဖိုပေါ်က မချရသေးတဲ့ ကိုက်လန် ဟင်းချို..သူငယ်ချင်းလာရင် ပြန်နွေးမလို့လေ..မီးဖိုပေါ်က မချရသေးတာ။



ဒါကတော့ ဟင်းပွဲတွေကို စားပွဲပေါ်တင်ထားတာပါကွယ်...

အ၀စားသွား ပါဆယ်တော့ ရဘူးနော်..ဒါဗြဲ...

Friday, 23 October 2009

Hongkong Peak Tram

အဲဒီမှာဘာတွေ ရှိလဲဆိုတာ စပြောပြမယ်နော်။ ဖယောင်းရုပ်တု ကျော်ကြားတဲ့ သူတွေရဲ့ ပုံတူဖယောင်းရုပ်တုပေါ့။ ပြီးတော့ ဟောင်ကောင် မြို့ကြီးကို အပေါ်စီးကနေမြင်ရတဲ့ ရှုခင်းတွေရှိတယ်။ ထုံးစံအတိုင်း လှတဲ့ view လေးတွေတွေ့ လို့ သူငယ်ချင်းတွေလဲ ခံစားလို့ရအောင် တင်ပေးလိုက် ပါတယ်။


ဒါကတော့ Peak tram ကိုမရောက်သေးဘူး လမ်းမှာ တွေ့လို့ ရိုက်လာတာ..Central လို့ ခေါ်တာပဲ အဲဒီနေရာကိုလေ...

ကဲ..ဒီရထားကြီးကို စီးပြီး အပေါ်ကိုရောက်သွားပြီ..လမ်းမှာတွေ့ရတဲ့ ရှုခင်းတွေကလှပေမယ့် ဓာတ်ပုံရိုက်ဖို့ အဆင်မပြေလို့
တောင်ပေါ်ရောက်တဲ့ ဓာတ်ပုံပဲတင်ပေးလိုက်တော့တယ်..



ဝယ်...ကြအုန်းမလား အမှတ်တရ လက်ဆောင်။



အပေါ်ဆီကနေ မြင်ရတဲ့ ဟောင်ကောင် ရှုခင်းလေး။










ပုံကြည့်လိုက်တာနဲ့ ဘယ်သူတွေဆိုတာ သိပြီးသားပဲဆိုတော့ အညွန်းတွေ မထည့်လိုက်တော့ဘူး။
ပြောခြင်တာကတော့ အဲဒါတွေ အားလုံး ဖယောင်း ရုပ်တုတွေကြီးပဲ။








ယှဉ်ပြီးကြည့်ပေတော့ကွယ်.ခုတင်လိုက်တဲ့ ပုံတွေကတော့ ထိုင်းမှာရှိတဲ့ ဖယောင်းရုပ်ထုတွေပါ။ အပေါ်မှာ တွေ့ရတာကတော့
ဟောင်ကောင်မှာရှိတဲ့ ဖယောင်းရုပ်ထုတွေ ဘယ်ဟာက ပိုပြီးပီပြင်လဲ။ကြည့်ပြီးပြောခဲ့ကြနော်။




လျှောက်လည်ကြတာတော့ အများကြီးပေါ့ လည်ရင်းလည်ရင်း မိုးလဲချုပ်ပြီ။ ညဘက် မြင်ရတဲ့ အလှလေး။



ဒီပုံက ဆွေရိုက်တာဟုတ်ဘူးနော်။ ဆွေရိုက်တဲ့ ပုံတွေကမလှလို့ လှတဲ့ ဟောင်ကောင် Night View လေးကို ခံစားလို့ရ အောင် တင်ပေးလိုက်တာနော်။ မိုးချုပ်ပြီဆိုတော့ အိမ်ပြန်တော့မယ်ကွယ်။ မနက်ထဲက ထွက်တာ ညနေမိုးချုပ်မှပဲ အိမ်ပြန်တော့တယ်..ရန်ကုန်မှာဆိုရင်တော့ ဖွားဖွားက ဆူမှာသေချာတယ်...:P

မင်းသိဖို့ကောင်းတယ်



ဆွေအရင်တုန်းက ကဗျာတွေတော်တော်များများရေးဖြစ်ပါတယ်။ကဗျာတွေ မရေးတော့တာခုဆို ၂ နှစ်ကျော်ကျော်လောက်ရှိပြီ။ ရေးဖြစ်တာကတော့ ခံစားချက်ကဗျာတွေပဲ ရေးဖြးစ်တာပါ။ ၀ါသနာအရရော ခံစားချက်အရရော ရေးမိခဲ့တာပါ။ အဲဒီကဗျာလေးတွေထဲက တစ်ပုဒ်ပေါ့ ...

Thursday, 22 October 2009

Hongkong Gold Coast သို့ အလည်တစ်ခေါက်



ဒီတံတားကြီးကတော့ Gold Coast ကို အသွား လှလို့ ဓာတ်ပုံ ရိုက်ခဲ့တယ်။



ကဲ..ရောက်ပြီးတော့ ဆော့နေကြပြီ..ကမ်းခြေကိုသွားတယ်ဆိုပေမယ့် ဆွေက ရေမကူးတတ်ဘူးလေ။ရေပဲဆော့တတ်တာ။
:) ....ဒီတော့ ရေကူးဖို့သွားတာဟုတ်ဘူး....ကမ်းခြေကနေပြီးတော့ နေ၀င်ဆည်းဆာကိုကြည့်မလို့လေ ...ရေတော့ နဲနဲဆော့ခဲ့တယ်။


ဟော..အလင်းရောင်နဲနဲ လေးလျှော့လာပြီ။






နေညိုညို ဆည်းဆာချိန်နဲ့ ယဉ်ဆင့်ဆင့် သူတို့ဟန်။


သူကလဲ အားကျမခံပဲ။ဝင့်လို့ ထင်းလို့။


နေညိုညို အိပ်တန်းပြန်တော့ ငှက်ငယ်လေးမှာ ဖော်မဲ့ တစ်ကောင်တည်း။



နေ၀င်စပြုပြီ..


တိမ်တွေကြားမှာ သူ့မျက်နှာကို စပြီးတော့ ၀ှက်တော့မယ်....


ဟောသူတစ်ဖြည်းဖြည်း..ပျောက်သွားတော့မယ်..

ကြည့်နေတုန်းမှာပဲ သူတစ်ကယ်ပျောက်သွားပြီး။ ခုနကရေဆော့တုန်းက ခပ်ပျော်ပျော်ဖြစ်နေတဲ့ စိတ်လေးအိပ်ပျော်သွားလား မသိပါဘူး။ ခုတော့ တစ်စုံတစ်ရာကို လွမ်းနေသလိုလိုပဲ....





အပြန်စားခဲ့တဲ့ ခေါက်ဆွဲ။ပုံကြည့်တော့ စားခြင်စရာ တစ်ကယ်လက်တွေ့ကျတော့ ခုနကလွမ်းသလိုလို ဖြစ်သွားလို့လားမသိ..
မစားနိုင်ဘူး အီတီတီနဲ့..နဲနဲပဲစားလာခဲ့တယ်။ ဒါတောင်အပြန် ကားပေါ်မှာမူးသလိုလိုနဲ့...အသွားတုန်းက စိတ်တွေက တက်ကြွပြီး ပျော်နေသလောက် အပြန်ကျတော့ တစ်မျိုးကြီးပဲ။ တိုက်ဆိုင်သွားလို့ အလွမ်းတွေ တရေးနိုးလာတာဖြစ်မယ်......
အိမ်ရောက်တော့ တစ်ခါတည်းတန်းပြီး အိပ်ပစ်လိုက်တာ မနက်မိုးလင်းမှ တရေးပဲ။ မနက်မိုးလင်းမှာ နေခြည်တွေဖြာနေတာတွေ့ တော့ သြော် နေမင်းကြီးတောင် ပြန်လာပြီးကိုးလို့ စိတ်ထဲမှာတွေးလိုက်မိတယ်...ဆွေရဲ့ မျှော်လင့်ချက်တွေလဲ တစ်ချိန်ချိန်မှာ ဆွေ ဆီကိုပြန်ရောက်...........ထင်တာပဲပေါ့လေ။