
ညိုငြင်တော်မူနဲ့ ချစ်သူရယ်
တစ်ကယ်ဆို မင်းမကမ်းခင်က
လှမ်းချင်တဲ့ ဒီလက်ရယ်ပါ
ဒါပေမယ့် ငါလဲရင်
လိုက်ပြိုမယ့် လူတစ်စုကြောင့်
ဒီလက်ကို ငါ.မလှမ်းဖြစ်ခဲ့ဘူး။ ။
တစ်ကယ်ပါ ငါလိုရာစေလို့
ကိုယ့်လမ်းကိုယ်ဖြောင့်ပေမယ့်
နောက်ကောက်မှာ ကျန်နေမယ့်
လမ်းကောက်တစ်ကြောင်းကို
ငါမပြင်ရင်ဖြင့် သူတို့တွေ
ဘယ်လိုများ နင်းဖြတ်ကြမလဲ။ ။
ဒါပေမယ့် ငါပြင်ပြန်တော့
ငါ့ဘ၀ခင်းလို့ ငါ့နှလုံးသားတစ်ထပ်နဲ့မှ
ဒီလမ်းက ဖြောင့်ပြီးချောသတဲ့
ဒါတောင်မှ ဒီလမ်းဟာ
လမ်း လို့သာ ဆိုသာရုံရှိသေးတယ်။ ။
ငါ့ကိုယ်နဲ့ ငါ့စိတ်
ငါ့သဘောသာဆို
ကမ်းလျှင့်မယ် ဒီလက်တစ်စုံဟာ
ဒီဘ၀ မင်းအတွက်ရယ်ပါ။ ။
လိမ်လည်ကာ လျှာဖျားမှာတင်ရုံနဲ့
ထွက်ခဲ့တဲ့ ဒီနှုတ်က စကားမဟုတ်ဘူး
နှလုံးသွေးနဲ့တည်ပြီး လှိုက်လှဲကာ
ပြောခဲ့တဲ့ ဒီစကားပါ..
မျက်တော်ရယ် မမူလိုက်ပါနဲ့
ဒီနှလုံးသား ငါချကာခင်းခဲ့လို့
တစ်မြည့်မြည့်ရယ်ဆွေး
ခံစားကာ အသက်ရှုနေခဲ့တာ
ငါကိုယ်တိုင်သာလျှင် အသိဆုံးပါ။ ။
ဒါပေမယ့် ငါပြင်ပြန်တော့
ReplyDeleteငါ့ဘ၀ခင်းလို့ ငါ့နှလုံးသားတစ်ထပ်နဲ့မှ
ဒီလမ်းက ဖြောင့်ပြီးချောသတဲ့
ဒါတောင်မှ ဒီလမ်းဟာ
လမ်း လို့သာ ဆိုသာရုံရှိသေးတယ်။ ။
စိတ်ထဲမှာ ထပ်တူခံစားရတယ် ဆွေလေးရေ..
ReplyDeleteတခါတလေတော့လည်း လူတစ်ချို့ကြောင့် ခံစားချက်တွေ သိမ်းဆည်းလိုက်ရတဲ့ အဖြစ်တွေ ရှိကြပါတယ်နော်
ရွှင်လန်းပါစေ ဆွေလေးရေ..
ကဗျာလေး ဖတ်ရင်း ...
ReplyDeleteတွေးမိတယ် ဆွေလေးရေ...
တခါတခါ လူတွေဟာ ဆန္ဒနဲ့ ဘဝ တထပ်ထဲ မကျတာတွေက များနေလေတော့..
ကဗျာလေးထဲကလို... ပေးဆပ်လိုက်ရတဲ့ နှလုံးသားအရင်းနှီးတွေ ဘယ်လောက်များနေမလဲလို့....
ကဗျာထဲက မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်လေး ဘဝအေးချမ်းပြီး
ReplyDeleteသာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်နိုင်ပါစေ
သာယာချမ်းမြေ့ပါစေရှင်း
မိုး