Monday 7 March 2011

မျက်တော်ဖြေ




ညိုငြင်တော်မူနဲ့ ချစ်သူရယ်
တစ်ကယ်ဆို မင်းမကမ်းခင်က
လှမ်းချင်တဲ့ ဒီလက်ရယ်ပါ
ဒါပေမယ့် ငါလဲရင်
လိုက်ပြိုမယ့် လူတစ်စုကြောင့်
ဒီလက်ကို ငါ.မလှမ်းဖြစ်ခဲ့ဘူး။ ။

တစ်ကယ်ပါ ငါလိုရာစေလို့
ကိုယ့်လမ်းကိုယ်ဖြောင့်ပေမယ့်
နောက်ကောက်မှာ ကျန်နေမယ့်
လမ်းကောက်တစ်ကြောင်းကို
ငါမပြင်ရင်ဖြင့် သူတို့တွေ
ဘယ်လိုများ နင်းဖြတ်ကြမလဲ။ ။

ဒါပေမယ့် ငါပြင်ပြန်တော့
ငါ့ဘ၀ခင်းလို့ ငါ့နှလုံးသားတစ်ထပ်နဲ့မှ
ဒီလမ်းက ဖြောင့်ပြီးချောသတဲ့
ဒါတောင်မှ ဒီလမ်းဟာ
လမ်း လို့သာ ဆိုသာရုံရှိသေးတယ်။ ။

ငါ့ကိုယ်နဲ့ ငါ့စိတ်
ငါ့သဘောသာဆို
ကမ်းလျှင့်မယ် ဒီလက်တစ်စုံဟာ
ဒီဘ၀ မင်းအတွက်ရယ်ပါ။ ။

လိမ်လည်ကာ လျှာဖျားမှာတင်ရုံနဲ့
ထွက်ခဲ့တဲ့ ဒီနှုတ်က စကားမဟုတ်ဘူး
နှလုံးသွေးနဲ့တည်ပြီး လှိုက်လှဲကာ
ပြောခဲ့တဲ့ ဒီစကားပါ..

မျက်တော်ရယ် မမူလိုက်ပါနဲ့
ဒီနှလုံးသား ငါချကာခင်းခဲ့လို့
တစ်မြည့်မြည့်ရယ်ဆွေး
ခံစားကာ အသက်ရှုနေခဲ့တာ
ငါကိုယ်တိုင်သာလျှင် အသိဆုံးပါ။ ။

4 comments:

  1. ဒါပေမယ့် ငါပြင်ပြန်တော့
    ငါ့ဘ၀ခင်းလို့ ငါ့နှလုံးသားတစ်ထပ်နဲ့မှ
    ဒီလမ်းက ဖြောင့်ပြီးချောသတဲ့
    ဒါတောင်မှ ဒီလမ်းဟာ
    လမ်း လို့သာ ဆိုသာရုံရှိသေးတယ်။ ။

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)7 March 2011 at 12:17

    စိတ်ထဲမှာ ထပ်တူခံစားရတယ် ဆွေလေးရေ..
    တခါတလေတော့လည်း လူတစ်ချို့ကြောင့် ခံစားချက်တွေ သိမ်းဆည်းလိုက်ရတဲ့ အဖြစ်တွေ ရှိကြပါတယ်နော်
    ရွှင်လန်းပါစေ ဆွေလေးရေ..

    ReplyDelete
  3. အဖြူရောင်နတ်သမီး8 March 2011 at 01:18

    ကဗျာလေး ဖတ်ရင်း ...
    တွေးမိတယ် ဆွေလေးရေ...

    တခါတခါ လူတွေဟာ ဆန္ဒနဲ့ ဘဝ တထပ်ထဲ မကျတာတွေက များနေလေတော့..
    ကဗျာလေးထဲကလို... ပေးဆပ်လိုက်ရတဲ့ နှလုံးသားအရင်းနှီးတွေ ဘယ်လောက်များနေမလဲလို့....

    ReplyDelete
  4. ကဗျာထဲက မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်လေး ဘဝအေးချမ်းပြီး
    သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်နိုင်ပါစေ

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......