Friday 5 November 2010

ရာသီစာ အလွမ်း




ရာသီက..ဆောင်း
တုန်ကာလေ ချမ်းရမယ့်
သည်အချိန်..
မှားကာလေ နေရော့သလား
ညှို့မှိုင်းမှိုင်း အာကာပြင်ဝယ်
ညိုမည်းကာ သည်းမစဲတယ်..။ ။

ဒီရာသီ မှတ်မမှားရင်ဖြင့်
ငွေနှင်းတွေစီကာ ကျတဲ့
ဒီ..ဆောင်းလရာသီပါ..
ဘယ့်အရေး မစဲသာပဲ
ရွှေမိုးရယ်ညိုနေရတယ်
ဥတုတွေဖောက်ပြန်
မုတ်သုံလေ မှားရော့သလား...။ ။

တော်ရာမှာ ပစ်ကာထားလို့
နေသာယုံ မေ့ထားတဲ့
အလွမ်းရယ်.......
မုတ်သုံလေ မှားပြန်တော့
ပြန်ကြော့ကာ ဒီရင်ခွင်ကို
ညှိုးကာလေ သူမစဲ.
ဆောင်းလိုပင် .
သူစိမ့်ကာ အေးနေသေးတယ်..။ ။

ကာကွယ်မဲ့ မျှော်လင့်ချက်တွေကြား
အိမ်မက်တွေ တစ်ကယ်ဖြစ်လာနိုးနဲ့
ရာသီတွေပြောင်း ကြာညောင်းကာ
နေပေမယ့်..
တိုက်ဆိုင်လို့ သတိရရင်ဖြင့်
သိပါစေ ရည်ညွန်းရင်း..
ရင်တွင်းမှာ ကြိတ်တွေးမိတယ်
ယနေ့တိုင်...
လွမ်းနေသေးတယ်...။ ။



ဒီကဗျာလေးကတော့ ဒီနေ့ အုံ့မှိုင်းမှိုင်းရာသီဥတုကြောင့်ရယ် ပြီးတော့ ရုံးမှာအားနေတာရယ်ကြောင့် ရေးဖြစ်သွားတယ်။
တစ်ခါတစ်လေ အဲလိုရာသီဥတုက ဘာလိုမှန်းမသိ တစ်ခုခုကို လွမ်းနေသလိုပဲ..
ပုံ လေးကတော့ ထုံးစံအတိုင်း internet ကရှာသုံးထားတာပေါ့။

ဘလော့လာလည်ကြသော မောင်နှမများ ကျန်းမာလို့ ရွှင်လန်းကြပါစေနော်။

4 comments:

  1. ဒီမှာလည်းဆောင်းဝင်ပြီဆိုတော့ မနက်ဆိုနှင်းတွေဝေနေပြီ။
    နှင်းတွေဝေရင် ကြည့်ရတာ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ သိပ်လွမ်းဖို့ကောင်းတာ။
    ပြောရင်းတောင် လွမ်းလာပြီး(

    ReplyDelete
  2. အမလည်း ဆောင်းနှင်းပွင့်တွေကြားမှာ..
    လွမ်းနေဆဲပါပဲ...

    အဆင်ပြေပါစေ ဆွေလေးရေ...

    ReplyDelete
  3. ကျမနေတဲ့နေရာမှာလည်း
    အေးနေပြီလေ..အလုပ်သွား၇င်နေ့ခင်း
    နှစ်နာရီကို..နေမမြင်ရဘူး..
    မှောင်မှိုင်းမှိုင်းနဲ့လေ...
    ကဗျာလေးဖတ်ပြီး..လွမ်းသွားတယ်ရှင်..

    ReplyDelete
  4. လွမ်းတယ် လွမ်းတယ် ..
    လွမ်းစရာမရှိတာကိုက လွမ်းစရာတစ်ခုလို ဖြစ်နေတာ ...

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......