Tuesday 17 November 2009

နှောင်းနောင်တ

ကဲ..ဒီနေ့တော့ ဘလော့ setting လေးပြင်လို့ အဆုံးသတ်သွားတာနဲ့ အတူ ရေးဖို့ပြင်နေတာကြာပြီ ဖြစ်တဲ့ ဒီပို့လေးကို အဆုံးသတ်လိုက် ပါတော့တယ်။ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ကံ ကံ၏အကျိုးကို ယုံကြည်ပြီးသား လူမျိုးတွေပါ။ ဒီနေ့ ဒီအချိန်မှာ ကျွန်မကျော်ဖြတ်လာရတဲ့ အတွေ့အကြုံ အမြင်အရပြောရရင်တော့ ၀ဋ်ဆိုတာနောက်ဘ၀ မကူးတော့ပါဘူး။ချက်ခြင်းကို အကျိုးပေးတော့ တာပါပဲ။ကိုယ်ကသူများကို လက်ညှိုးတစ်ချောင်းထိုးရင် သူများက ကိုယ့်ကိုလက်ညှိုးဆယ်ချောင်းမက ပြန်ပြီးအထိုးခံ ရမယ်ဆိုတာပါပဲ။ဘာလို့ဒီအကြောင်းလေးကိုရေးဖြစ်တာလဲဆိုတော့ ကိုယ့်ပါးစပ်နဲ့ ကိုယ်ပြောတာ ဘယ်သူမှ ဂရုစိုက်စရာမလို ဘူးဆိုတဲ့လူမျိုးတွေ အတွက်ပါ။ ကိုယ်ကတော့ ဘာရယ်မဟုတ်ဘူး အကျင့်လေးပါနေလို့ ပြောလိုက်ဖြစ်တာ ခံရတဲ့သူများအတွက်ကျတော့ မေ့လို့ကိုမရဘူးဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။ ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့ ..သူများကအနေအထိုင် မတတ်တာကိုလဲ အမယ်လေးကြည့်လို့ကိုမရဘူး ပျားကိုတုပ်နေတာပဲဆိုတာမျိုး(ကျွန်မတို့ ရပ်ကွက်ထဲကကြားနေကြ စကားလေးသုံးလိုက်တာပါ.) ကိုယ်ကကြည့်ပြီး လိုက်ပြောနေမယ်ဆိုရင်တော့ ကိုယ်ကပြုသူအသစ်ဖြစ်တော့ မှာပါပဲ။ ဒီလိုစာမျိုးရေးပြီးပြောနေတော့ ကျွန်မကိုယ်တိုင်ကရော အတင်းမပြောဘူးလားလို့မေးရင် ..မပြောဖြစ်တာများပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက ကိုယ်ဘာသာ ကိုယ်လုပ်နေတာကိုပဲ စိတ်ဝင်စားပါတယ်. သူများဖြစ်နေတာ သူများလုပ်နေတာကို ကြည့်ပြီးလိုက်ပြောဖို့ ကျွန်မဘ၀မှာအဲလောက် အချိန်မရခဲ့တာ အမှန်ပါ။ ဘ၀ကအဲလောက် မချိုမြိန်ခဲ့ပါဘူး။ အဲလောက်တောင်ပဲလားလို့ ပြောရင် ဟုတ်ပါတယ် အဲလောက်တောင်မှ ပါပဲ။
ဒီတော့ ကျွန်မအဖြစ်အပျက်လေးတစ်ခုပြောပြပါ့မယ်။ တစ်ကယ့် အဖြစ်အပျက်လေးပါ။ ကျွန်မတို့ ရပ်ကွက်ထဲမှာ သူများအကြောင်းဆိုရင် စိတ်ဝင်တစားဖြင့် အတော်ပြောတဲ့ အဒေါ်ကြီးတစ်ယောက်ရှိပါတယ်။
တစ်နေ့တော့ သူ့အလုပ်သမား တစ်ယောက်ရဲ့ အိမ်ကို အလုပ်ကိစ္စနဲ့ သူသွားဖြစ်ပါတယ်။ အဲဒီအိမ်မှာ ပိုလီယိုရောဂါရှိတဲ့ ကလေးတစ်ယောက်ရှိပါတယ်။ ညဏ်ရည်ကလဲ သိပ်မပြည့်ပါဘူး...သရေတွေဘာတွေလဲ မထိန်းနိုင်တဲ့ပိုလီယိုရောဂါသည်လေးပါ။ အဲဒီကလေးက သူ့ရဲ့လက် ကိုသွားကိုင်လိုက်တာကို သူ့မှာတော်တော်ရွံရှာပြီး အော့နှလုံးနာစရာလို ချက်ခြင်းရေတွေ ထဆေး ပြီးတော့ မိဘတွေကိုလဲ တော်တော်လေးပြောဆိုခဲ့ပါတယ်။ ကလေးမိဘတွေမှာ အလုပ်ရှင်ကလဲဖြစ် ဆင်းလဲဆင်းရဲဆိုတော့ ငိုပြီးနေယုံကလွဲ ရင်သူတို့ ဘာမှ မတတ်နိုင်ခဲ့ကြပါဘူး။ အဲဒီအချိန်မှာ သူ့ဆီမှာ ၈ လသားအရွယ်သမီးကလေးတစ်ယောက်လဲ ရှိနေပါတယ်။ မြေးဦးလေးလဲဖြစ် အသိုင်းအ၀ိုင်းမှာ ပထမဆုံးကလေးလဲဖြစ်တော့ သူ့သမီးလေးက တော်တော်လေး ကံကောင်းပါတယ်။အားလုံးလိုလို ၀ိုင်းချစ်နေကြတာကိုး။ အဲဒီအဖြစ်အပျက်ဖြစ်ပြီး တစ်ပတ်လောက်အကြာမှာတော့ သူ့ယောက်ကျားရဲ့ အမျိုးတွေရှိတဲ့ အညာကရွာဘက်ကို ကလေးကိုခေါ်ပြီး သူတို့ခရီးသွားကြပါတယ်။
အဲဒီမှာ ကလေးကခရီးပန်းပြီး ဖျားတော့တာပါပဲ။ ရွာဆိုတော့လဲ ထုံးစံအတိုင်း လူကြီးတွေကရှေးကျကျဆိုတော့ ကလေးကို အပူတွေကန်နေတာဆိုပြီးတော့ ခေါင်းတုံးပါတုံးလိုက်တော့ ကလေးက အပူတွေ ကြီးပြီး တက်တော့ တာပါပဲ။
ဒီတော့မှ ဆေးရုံတွေဘာတွေပြေးကြ ဘာကြနဲ့ နောက်ဆုံးတော့ ကြားထဲက ကလေးကမြေဇာပင်လို့ပြောရမှာပါပဲ။
သူရွံတယ်ဆိုတဲ့ ပိုလီယိုလိုဖြစ်သွားတော့တာပါပဲ။ အပူကြီးပြီးတက်လွန်းအားကြီးလို့ ကလေးကညဏ်ရည်မမှီတော့ပါ ပြီးတော့ သရေလဲမထိန်းနိုင်ပါ..နောက်တစ်ခုကတော့ လမ်းလဲမလျှောက်နိုင်တော့ပါ။
ကဲ.. ဘယ်လောက်ကြောက်ဖို့ကောင်းလဲ သူက သူရဲ့ပြောနေကြအတိုင်း ၀သီဖြစ်နေလို့ အဲဒီနေ့ ကပြောလိုက်တာပါ။ ဒါပေမယ့်တစ်ဖက်ကကြည့်တော့ သားသမီးလေ စိတ်ထိခိုက်တာပေါ့။ ဒီတော့ သူ့ကိုပြန်ထိတယ်လေ..ဒါပေမယ့် ဖြစ်တာက သူကိုယ်တိုင်မဟုတ်ဘူး ဘာမှအပြစ်မရှိတဲ့ လူ့လောကထဲကို ရောက်ကစ ကလေးတစ်ယောက်..ပြီးတော့ မွေးထဲက ဒီလိုဖြစ် နေတာဆိုလဲကလေးရဲ့ကံပေါ့လို့ပြောလို့ရတယ်။ ခုတော့ အဲဒီကလေးရဲ့ အနာဂတ်ကို စဉ်းစားကြည့်ပါ။ နောက်တစ်ခုကတော့ သူ့မှာနောက်ထပ် သားသမီးထပ်မရတော့တာပါ။ သူနောင်တရပါတယ် ..သူပြောခဲ့တာတွေအတွက်ပါ။ ဒါသူကိုယ်တိုင်ပြောပြခဲ့တာပါ..ဘာလို့လဲဆိုတော့ သူ့ရဲ့သမီးနဲ့ ကျွန်မနဲ့က အသက်တူတူလောက်ရှိပါတယ်။ သူ ကျွန်မကိုကြည့်ပြီး သူ့သမီးလေးအတွက် ယူကျိုးမရဖြစ်နေတာပါ။ သူ့သမီးလေးလဲ ဒီအရွယ်လူကောင်းဆိုရင် ကျွန်မလိုပဲ ပညာတွေသင်ပြီး ပျော်ပျော်ရွှင်ရွှင်နေရမှာပေါ့။ခုတော့..ခုတော့ ..သူအဲလိုပဲ နောင်တရနေဖို့ တတ်နိုင်ပါတော့တယ်။

ဒါဟာတွေ့ကြုံဖူးတာတွေထဲကမှ တစ်ခုပါ။ ဒီတော့ အတတ်နိုင်ဆုံး စိတ်ကိုဖြူစင်အောင် ထားပြီး ရခဲလှတဲ့ လူ့ဘ၀မှာ
ကောင်းတာကို များများလုပ် ကုသိုလ်များများယူပြီး အေးချမ်းတဲ့ စိတ်ကိုရအောင်ယူကြပါလို့ ကျွန်မကတော့ တိုက်တွန်းလိုက်ချင်ပါတော့တယ်။

1 comment:

  1. ကံတူအကျိုးပေးပေါ့ဗျာ
    အခုပြုအခုဖြစ်နေပြီနော်
    ဆင်ခြင်ရမယ့်ကဲ့ရဲ့မှု့တွေပေါ့ဗျာ
    ကလေးအတွက်တော့စိတ်မကောင်းဖူး
    သူလည်းအရင်ဘဝကပြုခဲ့ဖူးတဲ့ ကံကြောင့်
    အခုလိုဖြစ်တာလို့ပဲတွေးမိတယ်
    စိတ်တော့ကောင်းဖူး

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......