Saturday, 24 October 2009

ဒီနေ့စားတဲ့ နေ့လည်စာ

ဒီနေ့ အိမ်ကို သူငယ်ချင်းလာလည်မယ်ဆိုလို့ တတ်စွမ်းသလောက် ချက်ကျွေးလိုက်ပါတယ်။ ဒီတော့ ဘလော့ပေါ်ကသူငယ်ချင်းများလည်း ပုံလေးတွေကြည့်ပြီး အငွေ့စားနိုင်အောင် တင်ပေးလိုက်ပါတယ်။ မိဘ နဲ့အတူနေတဲ့ အချိန်မှာ
တော့ ဟိုဟင်းမစားဘူး ငါးပိရည်က လက်နံတယ်နဲ့ ခုတစ်ကယ်တစ်ယောက်တည်းနေတော့ တော်တော်ကြီးကို သိသာပါတယ်။ တော်သေးတာ တစ်ခုကတော့ ငယ်ငယ်က အဒေါ်တွေနဲ့ နေရတော့ အပိုကျိုးအောင်ဆိုပြီး အားလုံးခိုင်းထားတဲ့ အတွက် ခုချိန်မှာ ကျွန်မအတွက် တော်တော် အသုံးဝင်တယ်လို့ ပြောလို့ရပါတယ်။ ဒီတော့ ..ဘ၀တူလေးများအတွက် ပုံကြည့်ပြီး သရေကျ လို့ရအောင်တင်ပေးလိုက်တာပါ။ ဟင်းချက်နည်းကတော့ professional မဟုတ်တဲ့ အတွက်မပြောတော့ပါ။
ကဲ..အားရပါးရတာ စားကြပေတော့..အငွေ့ပါ...:P :P




ဒါလေးကတော့ ကြက်အသည်းအမြစ်နဲ့ အားလူးဟင်း



ဒါလေးက ပဲပင်ပေါက်ကြော်



ဒါလေးကတော့ သခွားသီး တို့စရာနဲ့ ငါးပိချက်ပါ။


ဒါလေးကတော့ မီးဖိုပေါ်က မချရသေးတဲ့ ကိုက်လန် ဟင်းချို..သူငယ်ချင်းလာရင် ပြန်နွေးမလို့လေ..မီးဖိုပေါ်က မချရသေးတာ။



ဒါကတော့ ဟင်းပွဲတွေကို စားပွဲပေါ်တင်ထားတာပါကွယ်...

အ၀စားသွား ပါဆယ်တော့ ရဘူးနော်..ဒါဗြဲ...

2 comments:

  1. ကိုက်လန်ဟင်းချိုတွေ အကုန်စားသွားတယ်
    ကြက်အသဲမြစ်နဲ့ အာလူးကတော့ စားလိုက်တာကုန်ပြီ
    ပဲပင်ပေါက်ကြော်ကလည်း မရှိတော့ဘူးစားလိုက်တာ.
    အင်း တို့စရာနဲ့ ငါးပိချက်ကတော့ ပြောင်သလင်းခါသွားပြီ....

    ReplyDelete
  2. ငါးပိချက်နဲ့သခွားသီးအတို့စားသွားပါတယ်။
    မုန်လာဥ၊ကြက်ဥနဲ့လဘက်ခြောက်ပုံပြင်လေး
    ကြိုက်ပါတယ်။နောက်လဲလာအားပေးပါအုံးမယ်
    ညီမရေ။ပျော်ရွှင်ပါစေနော်။

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......