ကျွန်မငယ်ရွယ်စဉ်မှ
ယခု အသက် (လူလတ်ပိုင်း)အရွယ်ရောက်သည်အထိ သူငယ်ချင်းဟူ၍ သူမတစ်ယောက် တည်းသာ ရှိသည်။
ဘ၀တွင် ပြိုပြိုလဲလဲ ဖြတ်သန်းစဉ်ကလည်း သူမသည် ကျွန်မ၏ ဘေးနားရှိပေးခဲ့သည်။ ချောချော
မောမော လျှောက်သောလမ်းတွင်လဲ သူမသည် ပီတိပြုံးများဖြင့် မျှဝေခံစားပေးခဲ့သည်။ စိတ်တူ
ကိုယ်တူ ဘ၀မတူသော် ငြား တစ်ခါတစ်ရံ သူမနှင့် ကျွန်မသည် အကြောင်းအရာ အတော်များများ တိုက်တိုက်ဆိုင်ဆိုင်
တူနေတတ်သည်။
တစ်ခါတစ်ရံသူမသည်
ကလေးတစ်ယောက်ကဲ့ သို့ဆိုးနွဲ့မည်။ ချစ်စနိုးအနိုင်ယူတတ်သည်။ ခရားရေလွှတ် တစ်တွတ်တွတ်
ဆိုတတ်သော်ငြား စိတ်ရင်းကောင်းသော သူမသည် ချို့တဲ့သော ကျွန်မအတွက် အစဉ်အမြဲ ဖေးမပေး
တတ်သော သူဖြစ်သည်။ တစ်ခါတစ်လေ ကျွန်မက ဆိုမိသည်” ဟဲ့ ငါတို့ ညီအစ်မဖြစ်ရင် ကောင်းမယ်”
ဟု ဆိုသော် အခါ သူမက “ခုလဲ ညီအစ်မပဲ ဟာကို “ ဟု မျက်စောင်းထိုးကာ ပြန်ပြောတတ်သည်။
မည်သို့ပင်ဆိုစေ
သူမသည် ကျွန်မဘ၀၏ ကံဆိုးမှုများထဲမှ ရလာသော ဘ၀၏ ကံကောင်းခြင်း တစ်စုံတစ်ရာ ဖြစ်သည်ဟု
ခံယူထားသည်။ ကျွန်မ၏ အခက်အခဲဟူသမျှကို စိတ်ရော ကိုယ်ပါ လိုက်လံဖြေရှင်းပေးတတ်သူသည်
သူမပင် ဖြစ်သော်ငြား တစ်ကယ်တမ်း သူမတစ်ယောက်တည်း သူမအတွက် လိုအပ်ချိန်များတွင် ကျွန်မသည်
သူမနှင့် အဝေးမှာ ရှိနေတတ်သည်။ ထိုအချိန်မျိုးတွင် ကျွန်မ၏ စိတ်ထဲ အားမလို အားမရ တစ်စုံတစ်ရာကို
စိတ်မကောင်းဖြစ် မိနေတတ်သည်။ သူမကဖြင့် ဘာမှ စိတ်မကောင်းမဖြစ်နဲ့ အဲဒီလိုလေး ပြောပေးတာနဲ့တင်
အိုကေပြီဟု ပြန်ပြောတတ် သည့် သူမဖြစ်သည်။
ယခုတော့ဖြင့်
သူမ၏ ဘေးတွင် ဖေးမပေးမည့်သူ ပါရမီဖြည့်ဘက် သူမကိုနားလည်ပေးမည့်သူ တစ်ဦးရောက်ရှိ လာပြီဖြစ်သည်။
သူမသည်လည်း ဘ၀သစ်တစ်ခုကို စတင်ထူထောင်ခဲ့ပြီ ဖြစ်သည်။ ကျွန်မ၀မ်းသာရပါသည်။ ၀မ်းနည်း
မိသလိုလဲ ခံစားရသည်။ အနာဂတ်မှာ ကျွန်မတို့နှစ်ဦး အနေစိမ်းသွားမည်လား ပူပန်မိသည်။ ကျွန်မသည်လည်း
သူမ နည်းတူ ဘ၀သစ် တစ်ခုကို ပိုင်ဆိုင်ရတော့မည် ဖြစ်သည်။ ရှေ့ကဆိုခဲ့ သည့်အတိုင်း ဘ၀တွင်
တော်တော် များများ တိုက်တိုက်ဆိုင်ဆိုင် တူနေကြသော ကျွန်မတို့နှစ်ယောက်ဖြစ်သည်။ အရင်
. အရင်နှစ်များကဆိုလျှင် ကျွန်မတို့နှစ်ဦးလုံး သည် ကိုယ်ပိုင်ဘ၀တစ်ခုထူထောင်ဖို့ကို
စိတ်ကူးနှင့်ပင် မတွေးကြပေ။ ဟော စဉ်းစားပြီးဆိုပြန်တော့ သူမနှင့် ကျွန်မ သည် ရက်ပိုင်းမျှသာ
ခြားပြီး ဘ၀သစ်တစ်ခုကို ထူထောင်မိကြသည်။
သူမ၏
ဘ၀လေး ကို အေးချမ်းသာယာသော မိသားစုဘ၀လေးတစ်ခု ဖြစ်စေချင်မိသည်။ သူမ၏ ဘ၀ကို သက်သက်သာသာ
ပေါ့ပေါ့ပါးပါး ဖြင့် သက်ဆုံးတိုင် ပျော်ရွှင်ခြင်းတို့ဖြင့် စည်းနှောင်အပ်သော မိသားစုလေးတစ်ခု
ဖြစ်ပါစေလို့လည်း ရင်တွင်းမှ လှိုက်လှိုက်လှဲ
လှဲ ဆုမွန်ခြွေမိသည်။ မင်္ဂလာပွဲကို သူမကပင် ကိုယ်တိုင်လိုက်လံ စီမံခဲ့သောကြောင့် ပင်ပန်းသည်ဟု
အော်နေသော သူမကိုကြည့်ပြီး အားနာမိသည်။ ကျွန်မသည် ပွဲနီးမှ သူမနားရောက် ခဲ့ရသည် မဟုတ်ပါလား။
သူမကိုထိထိရောက်ရောက် ဘာမျှ မကူညီနိုင်သည့်အပြင် သူမထံမှပင် ဟိုဟာလေးလိုက် လုပ်ပေးပါ။
ဒါလေး ကူညီပါဆိုပြီး အလုပ်တွေပေးခဲ့သေးသည်။
အနာဂတ်တွင်
သူမနှင့်ကျွန်မသည် အရင်နှစ်တွေကလို သွားအတူ
စားအတူ လာအတူ ဖြစ်ချင်မှပဲ ဖြစ်ပါလိမ့် မည်။ သို့ပေမယ့် ကျွန်မယုံကြည်မိသည် အနေဝေးခဲ့သော်ငြား အေးခဲသွားမည့် ချစ်ခြင်းမဟုတ်။
ကျွန်မတို့နှစ်ဦး ၏ စိတ်နှလုံးတွင် အစဉ်အမြဲ ခိုဝင်ချည်နှောင်နေမည့် နွယ်ကဲ့သို့ သံယောစဉ်မျိုးဖြစ်မည်။
မည်သည့်အခါမျှ ပျောက်ကွယ် သွားမည်မဟုတ်။ အစဉ်အမြဲ အမှတ်ရစရာတို့ဖြင့် ပြည့်နှက်နေမည့် နွေးထွေးနေမည့် သံယောစဉ် ဖြစ်သည်။ ကျွန်မ ဟောင်ဟောင်ကို
ပြန်တော့မည်ဟု ဖုန်းဆက်တော့ သူမ၏အသံသည် ခက်အက်အက်။
အရင်နှစ်တွေကလည်း
ယခုကဲ့သို့ပင် ငိုသံခပ်အက်အက်နှင့်ကျန်ခဲ့လျှင် စိတ်မချစွာဖြင့် အမေ့ကို ကျွန်မက မှာတမ်းတွေ
ခြွေမိတတ်သည်။ ယခုတော့ သူမ၏ဘေးတွင် ပါရမီဖြည့်ဘက်တစ်ယောက်ရှိခဲ့ပြီ။ သူမအားကိုးလို့ရမည့်
ရင်ခွင်တစ်စုံကို သူမပိုင်ဆိုင် ခဲ့ပြီ။ ကျွန်မပြန်သည့်အချိန်တွင် သူမသည် ငိုသံခက်အက်အက်မရှိလောက်တော့ဟု
အစက ခန့်မှန်းထားမိသည်။ သို့သော် သူမသည် မပြောင်းလဲသေးပေ။ သူမ၏ ငိုသံခပ်အက်အက်ကို ကြားရသည်အခါ
ကျွန်မပင် နှုတ်ကဆိုစကား တို့သည် အပျော်အပျက်ဖြစ်သောငြား မျက်ဝန်းတွင် ၀မ်းသာပီတိတို့ဖြင့်
မျက်ရည် ၀ိုင်းခဲ့ရသည်။ တစ်ကယ်ဆိုလျှင် ကျွန်မသည်
အပြန်ခရီးတွင် မည်သည့်အခါမျှ ငိုတတ်သည့်သူမဟုတ်.. ငိုပြီးကျန်ခဲ့ သူသည် သူမသာဖြစ်သည်။
ယခုအချိန်တွင်တော့
ကျွန်မ၏ စိတ်ထဲတွင် ကိုယ်အမြတ်တနိုး ယုယုယယ ထားသော တစ်စုံတစ်ရာ ပစ္စည်း လေးတစ်ခုကို
တစ်ခြားသူလက်ထဲ စိတ်ချလက်ချ မထည့်နိုင်သည့် ခံစားမှုမျိုး ရှိနေသည်။ သူမကရော ကျွန်မအတွက်
ထို ကဲ့သို့ခံစားရမည်လား မသိနိုင်ပါ။ ကျွန်မသတိရမိတိုင်း ထိုပစ္စည်းလေးသည် ကျွန်မနှင့်အဝေးမှာ
ရှိနေသည်ဟူ သော ခံစားချက်သည် ကျွန်မ၏ စိတ်ထဲတွင် ကြီးစိုးနေသည်။ သို့ပေမယ့် တစ်ခုဖြေသာသည်က
သူမတစ်ဦးတည်း သို့မဟုတ် ကျွန်မကစပြီးဖြစ်စေ ဘ၀တစ်ခုကို ထူထောင်လိုက်လျှင် ကျန်နေမည့်
သူအတွက် ကျွန်မတို့ နှစ်ဦးစလုံး စိတ်ချနိုင်မည် မဟုတ်ပေ။ ယခုမူ ထွက်ခွာသွားခဲ့သော်ငြား
နှစ်ဦးစလုံး၏ ဘေးနားတွင် လက်တွဲဖော်တို့ ရှိနေပြီ ဖြစ်ရာ စိတ်ချလက်ချ ကိုယ့်ဘ၀လမ်းကိုယ်
လျှောက်လှမ်းနိုင်ကြသည်။
ထို့ကြောင့်
နောင်အနာဂတ်တွင် ကျွန်မ၏ လက်စွဲ သူငယ်ချင်းလေးသည် အရင်လို ကျွန်မ၏ ဘေးနားတွင် အ စဉ်အမြဲ
မရှိနိုင်တော့ပေ။ သို့သော် အနာဂတ်တွင် ဆက်လက်ခင်မင်ကြမည်။ ညီအစ်မအရင်းသဖွယ် ဆက်လက်
ဖေးကူကြမည်။ သူမ၏ တိုးတိုးတိုင်ပင်ဖော်သည် ကျွန်မဖြစ်သလို ကျွန်မ၏ တိုင်ပင်ဖော်သည်
သူမအဖြစ် ဆက်လက်ရပ်တည်ကြမည်။ ကျွန်မ၏ လက်စွဲလေး ယခုအချိန်မှစပြီး ကံကောင်းခြင်းတို့ဖြင့်
သာယာလှပသော ဘ၀လေးကို အစဉ်အမြဲ ပိုင်ဆိုင်နိုင်ပါစေ။
ကျွန်မ၏ လက်စွဲလေး သူမ၏ကိုယ်ကိုင် မိသားစုလေးနှင့်အတူ သက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေဟု
မင်္ဂလာဆုမွန်ကောင်း ဆုတောင်းပေးရင်း လက်စွဲ လေးရဲ့ ဘ၀တစ်ကွေ့ ကျွန်မရဲ့ ဘ၀တစ်ကွေ့ အလှည့်အပြောင်းအနေဖြင့်
ဒီပို့စ်လေးကို အမှတ်တရ ရေးလိုက်မိပါတယ်ရှင်။
ချစ်သော ဘလော့ဂါ မောင်နှမများနှင့်တစ်ကွ ဆွေလေးရဲ့ ဘလော့လေးကိုကို လာရောက် အားပေး ကြကုန်သော စာဖတ်သူအပေါင်းတို့လည်း နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ ကြပါစေရှင်.
တွေ့ဆုံကြုံကွဲ ဖြစ်မြဲ ဓမ္မတာ ဆိုသလိုပေါ့။
ReplyDeleteစိတ်မကောင်းစရာပေမဲ့ အချိန်ကြာလာရင် ပေါ့ပါးသွားတတ်တာမျိုးပါ။
မိတ်ဆွေတွေအများကြီးနဲ့ ခွဲခဲ့ဖူးတယ်။ ၀မ်းနည်းခဲ့ဖူးတယ်။ နှစ်တွေ အရမ်းကြာလာတော့ အေးအေးဆေးဆေး ဖြစ်သွားတာပါဘဲ။ နှစ်ဦးလုံး အဆင်ပြေကြပါစေ။
အမရေ
ReplyDeleteဖြူစင်တဲ့ သံယောဇဉ်ကြိုးဆိုတာ
အမြဲတမ်းတည်ရှိနေမှာပါ...
ကိုယ်မှာလည်း အဲလိုသူငယ်ချင်းမျိုးရှိခဲ့ဖူးတယ်...။
ReplyDeleteဘ၀ရဲ့အကွေ့ပေါင်းများစွာမှာ ကြုံရဆုံရကွဲကြရတာ ဓမ္မတာပေါ့ မွန်လေးရေ....
ReplyDeleteနှစ်သစ်နဲ့အတူမွန်လေးလည်း ကိုယ်စိတ်နှစ်ပါးကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝပါစေလို့...