Monday 27 July 2009

........သြော်................

ဟာတာတာ ခံစားချက်တစ်ခုနဲ့
ဘာလိုမှန်းမသိတဲ့ တောင့်တခြင်း
တစ်ခုရယ်...
ပြီးတော့ ခြောက်သွေ့နေတဲ့
သစ်ကိုင်းခြောက်တွေနဲ့
နေခပ်ပူပြင်းပြင်းရယ်...
အထီးကျန်ဆန်သလိုနဲ့
လွမ်းသလိုလိုရယ်.....
ဟိုး အရင်လဲ ဒီလိုနေ့တွေ
ငါကျော်ဖြတ်ခဲ့တာပဲ..
ရယ်လို့ မောလို့
မျှော်လင့်ခြင်းတွေလဲ ဝေဆာလို့
ဝေဆာလို့ .....ဝေဆာလို့....
သြော်..........................။ ။

မ၇ိုးသောအိမ်မက်

မေ၇၇ွယ်ပေမယ့်လဲ ငါ့မှာ
အိမ်မက်တစ်ခုတော့ ၇ှိခဲ့တာပဲ..
မ၇ှာခဲ့ပေမယ့်လည်း
အချစ်တစ်ခုကိုတော့ ငါ၇ခဲ့တာပဲ...
မလိုချင်ခဲ့ပေမယ့်
အလွမ်းတွေကလည်း ၇က်ေ၇ာစွာပါပဲ..
အားလုံးကို ငါလက်ခံ ခဲ့ပေမယ့်
လက်လွတ်လိုက်၇တဲ့
ငါ့ချစ်ခြင်းတွေ အတွက်တော့
ခုထိ ငါ့၇င်မှာ နာကျင်နေတုန်းပဲ....

ပုံမှန်

နေ့တစ်နေ့ ကုန်ဆုံးပြီး
ပုံမှန်ဆိုတဲ့ အရာတွေလဲ
ငြိမ်သက်ခြင်းတွေနဲ့
မရယ်ခြင်ပဲ ရယ်နေရတဲ့
ဟန်ဆောင်ခြင်းတွေလဲ
ပျောက်ကွယ်လို့.....
ပုံမှန်ဆိုတဲ့ အရာကြီးကို
ငါစိတ်က ခွာခြလိုက်တဲ့
အချိန်.....
ရင်ခွင်မှာ ဟာကနဲ
ခံစားချက် တစ်ချို့
ခုန်ပေါက်ပြေးထွက်လာကြတယ်....
မွန်းကြပ်တဲ့ ခံစားမှုတစ်မျိုးနဲ့
ငါ့ရင်ခွင်မှာ ငါတမ်းတခြင်းကြီးစွာ
တောင့်တနေမိတဲ့ သံစဉ်တစ်ခု
ငါ.....မင်းကို အရမ်းလွမ်းနေတယ် ချစ်သူရယ်.........။ ။

ကဗျာ

ရင်ထဲမှာ တမ်းတမှုတွေနဲ့
မွန်းကြပ်မှု တွေဟာ
အတိုင်းအဆမဲ့ပဲ
ငါနာကျင်ရလွန်းလို့လဲ
တစ်ခါတစ်ခါမှာ
အသက်ရှုသံတွေဆို
ရပ်တန့် သွားမလောက်ပဲ
ဒါပေမယ့်................
ငါချစ်နေဆဲပဲ .....မျှော့်လင့်နေဆဲပဲ
လွမ်းနေဆဲ..တမ်းတနေဆဲပဲ
ဘယ်လောက်ပဲ မင်းနဲ့ပတ်သတ်ရင်
နာကျင်ခံစားရပေမယ့်လဲ
အသက်ရှုသံတွေ မရပ်သရွေ့ တော့
ငါဖက်တွယ်ထားခြင်သေးတယ်
ချစ်သူရယ်.......။ ။

ရင်ထဲကရာသီ

အိမ်အပြင်မှာ လျှပ်စီးတွေလျှက်ပြီ
မိုးတွေ သည်းနေတယ်
သည်းမှာပေါ့ ခုကမိုးရာသီကို
လေပြင်းတွေလဲ တိုက်နေလိုက်တာ...
ဒါပေမယ့် ငါရင်ထဲမှာလဲ
သည်းနေအောင် ရွာတဲ့မိုးတွေ
ရှိတယ် ချစ်သူ...
ပြင်းနေအောင် ရှုသွင်းနေရတဲ့
အသက်ရှုသံတွေလဲ ရှိတယ် ချစ်သူ...
ဒါပေမယ့်
ငါ့ ရင်ထဲက မိုးရာသီက
အမြဲတမ်းသည်းနေတာ
ဘယ်တော့မှ စဲမယ်ဆိုတာ
ငါမသိဘူး ချစ်သူ
ဘာလို့လဲ ဆိုတော့
ငါကိုယ်တိုင်ကိုက ကျေကျေနပ်နပ်ကြီးကို
ရွေးချယ်ခဲ့တဲ့ မိုးလေ.........................။