Monday 27 July 2009

ပုံမှန်

နေ့တစ်နေ့ ကုန်ဆုံးပြီး
ပုံမှန်ဆိုတဲ့ အရာတွေလဲ
ငြိမ်သက်ခြင်းတွေနဲ့
မရယ်ခြင်ပဲ ရယ်နေရတဲ့
ဟန်ဆောင်ခြင်းတွေလဲ
ပျောက်ကွယ်လို့.....
ပုံမှန်ဆိုတဲ့ အရာကြီးကို
ငါစိတ်က ခွာခြလိုက်တဲ့
အချိန်.....
ရင်ခွင်မှာ ဟာကနဲ
ခံစားချက် တစ်ချို့
ခုန်ပေါက်ပြေးထွက်လာကြတယ်....
မွန်းကြပ်တဲ့ ခံစားမှုတစ်မျိုးနဲ့
ငါ့ရင်ခွင်မှာ ငါတမ်းတခြင်းကြီးစွာ
တောင့်တနေမိတဲ့ သံစဉ်တစ်ခု
ငါ.....မင်းကို အရမ်းလွမ်းနေတယ် ချစ်သူရယ်.........။ ။

1 comment:

  1. ပြောချင်တဲ့စကားလုံးများကတော့ဗျာ
    ဒီကဗျာလေးက တိုက်ဆိုင်တယ်
    ကျွန်တော့်ခံစားချက်နဲ့တိုက်ဆိုင်ပါတယ်
း)

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......