စာတစ်ကြောင်းကိုရေးလိုက်။
ပြန်ဖျက်လိုက်။ အတွေးမှာ ပေါ်လာသည်ကို ပြန်ရေး ။ မဟုတ်သေးဘူး။ မဟုတ်သေး ဘူး။ ရေးချင်တာ
ဒါမဟုတ်ဘူး။ အော်.. ရေးသာ ရေးထားပါလေ။ ပြီးမှ မလိုအပ်သည်ကို ပြန်ဖျက်မည်။ ပြီးခဲ့သည့်ရက်တွေက
ဟော တစ်ပို့(စ်) ဟော တစ်ပို့(စ်) လို့ ပြောရလောက်အောင် လက်တွေ သွက်နေခဲ့သလောက် ဒီကနေ့
ဒီရက်တွေမှ ဘာဖြစ်တယ် မသိ။
ဘာရေးမည်ဆိုသည့်
အတွေးလဲရှိသည်။ ဇာတ်လမ်းလည်းရှိသည်။ ခေါင်းစဉ်လဲရှိသည်။ တစ်ကယ်တမ်းချရေး လိုက်သည့်
အခါ keyboard ပေါ်က လက်ကွက်တို့သည် Backspace သာ အနှိပ်များနေသည်။ ဟိုမရောက် ဒီမရောက်
ရေးလက်စfile များ လေးခုမျှ ရှိသည်။ အချောမသပ်ရသေး။ ပြန်ဖတ်လျှင်လည်း စိတ်တိုင်းမကျ။
ဖတ်နေရင်း ဖတ်နေရင်း ပျင်းလာသည်။ ဒီတော့. ဟင် ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်သည်ကို
ကိုယ်တိုင် စိတ်ဝင်စားမှုမရှိ။ မဖြစ်ဘူး ဒါ ပို့(စ်) တစ်ပုဒ် မဖြစ်နိုင်ဘူး။
ပြန်ဖျက်ပြီး
အသစ်ပြန်ရေးမှ။ ဟင်. ဖျက်လိုက်ရင် နှမျောစရာ။ တစ်ချို့စကားလုံးတွေ သိပ်ကြိုက်နေတယ်။
ပြန်ပြင်လိုက်ရင် ကောင်းသွားမှာ။ ဇာတ်လမ်းက မဆိုးဘူး။ သည်လိုနှင့် save button လေးနိပ်
file တစ်file သိမ်းလိုက်ပြန်သည်။ စိတ်တိုင်းမကျရင်
မရေးတာကောင်းပါတယ်။ ၂ ရက်မျှ စာမရေး စာမဖတ်ပဲ
နေမိသည်။ စာရေးချင်တယ် စာရေးချင်တယ် စာမရေးရလျှင် ထမင်းစားပြီး ရေမသောက်ရသလိုပဲ။ တစ်ခုခု
နင်နေသလိုမျိုး။ တစ်ခုခုလိုအပ်နေသလိုမျိုး။
File အသစ်လေးဖွင့် စာရေး။ ရေးနေရင်း ပြန်ဖတ်။
စိတ်တိုင်းမကျဘူး။ ကိုယ်တစ်ကယ်ချပြီးရေးပြချင်သည် က ပိုလေးနက်သည်။ ခပ်သွက်သွက်ရိုက်ထားသော
စကားလုံးများသည် ကိုယ့်စိတ်ထဲက ခံစားချက်ကို လိုက်မမှီ။ စကားလေးတွေထဲမှာ ခံစားချက်များ
ပေါ့နေသည်။ ပြန်ပြီးဖတ်လိုက်လျှင် စာဖတ်ရတာထောက်နေသည်။ ပြန်ပြင်ရေး လိုက်လျှင်လည်း
သည်နေရာမှာ ရေးချင်သည်က ဒီလိုမဟုတ်။ ကိုယ်ပေးချင်သည့် ရသပျောက်သွားလိမ့်မည်။
ခပ်ဆွေးဆွေး ဆိုသည့် စကားလုံးကို မသုံးပဲ
ဖတ်နေစဉ်အတွင်း ဆွေးသွားသည်ကိုရေးချင်သည်။ ပျော်လိုက် တာဟူသည့် စကားလုံးကိုမသုံးပဲ အပျော်များ ဖြစ်သွားစေချင်သည်။ အဖွဲ့အနွဲ့ နှင့်ပင်
ချစ်တတ်သွားစေချင်သည်။ မုန်းတတ်သွားစေချင်သည်။ ကြောက်သွားစေချင်သည်။ ဖတ်ပြီးသည့်အခါ
ရသတစ်စုံတစ်ရာ ဖတ်သူတို့၏ ရင်ထဲကျန်ရစ်စေချင်သည်။
ဒီစာကိုရေးတာ သိပ်များရှည်လွန်းနေသလား။ ဖတ်နေတဲ့သူများ
ပျင်းသွားမလား။ ပေါ့ရွှတ်ရွှတ်များ ဖြစ်နေသ လား။ အဲ စာလုံးပေါင်းကစစ်နေရင်းမှားပြန်ပြီ
။ ဘာပါလိမ့် မြန်မာစာသတ်ပုံကျမ်း http://myanmarwords.pikay.org
သွားဖတ်လေမှ။ရေးချင်တာက ချည်တိုင် . မှန်ပါ့မလား စာလုံးပေါင်း။ ခေါင်းစိုက်အောင်ရှာ
မတွေ့။ ပြီးမှ ရှာမယ်လေ ခုဆက်ရေးမယ်။ ဆက်ရေးသည် သုံးမျက်နှာ လောက်အရောက်တွင် စိတ်တိုင်းမကျပြန်.
သို့နှင့် သို့နှင့်
ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတော့ ရယ်ချင်မိသည်။
အမယ် တစ်ကယ့် စာရေးဆရာ ၀ါရင့်ကြီးအလား။ တစ်ကယ်တော့ ကိုယ်ဟာ ဘလော့မဂါ့ တစ်ဂါပါလေ ဟု ဆွေလေးမွန်
ကိုယ့်ဘာသာကိုယ် ဖြေသိမ့်သည်။ ဟိုမရောက် သည်မရောက် ဆွေလေးမွန်တစ်ယောက် စာရေးရင်း ရေးရင်း
ကိုယ်လိုသလို ထွက်မလာသော ခံစားချက်များကြောင့်
ယခု ဒီပို့(စ်) ကိုရေးသည်ဟု မှတ်ပါလေ။
သေချာပါတယ် ဒီပို့(စ်)လေးသည် မည်သည့်ရသကိုမျှ
မပေးစွမ်းနိုင်ပါ။ လူစုံတုန်းလေး ကိုယ့်အကြောင်း
ကိုယ်ဖော်ရတာပါ။ ပြောပြချင်လို့မဟုတ်ပါဘူး (ခပ်တည်တည်နှင့် ဖတ်ပါ မပြုံးရ) ။
ပုံ
မဂါ့ တစ်ဂါ သူ :) :) :) :)
--
ပုံလေးကိုတော့ဖြင့် google ကနေပြီး ရှာဖွေ အသုံးပြုထားတာပါလို့ အကြောင်းကြားရင် မဒမ် (မဒမ်ကိုး) ရဲ့ BPP Challenge လေးကို ပြန်ဖြေလိုက်ရပါကြောင်းပြောရင်း ဆားချက်လိုက်ရပါတယ်ရှင့်။
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။
မဂါ့တဂါကမှ စာရေးဖြစ်သေးတယ် တကယ်ဂါတဲ့သူတွေကျတော့ ခပ်ကုပ်ကုပ်ရယ်။ ဖဦးထုပ်မှာ ပျော်နေကြလေရဲ့။း)
ReplyDeleteဟီး အမှန်တော့ ဆားချက်တာပါ သူကြီးမင်း :) :) :)
Deleteမပြုံးရ လို့ပြောထားလဲနဲနဲပြုံးမိတယ်ဆွေလေးရေ မဂါ့ တဂါ ဆိုပေလို့ပဲနော် .....
ReplyDeleteအမလဲ စာလုံးပေါင်းတွေမကြာခဏမှားတတ်လို့ဆရာဦးဟန်ကြည်က အမြဲပြင်ပေးရပါတယ် ခုလဲ သတ်ပုံကျမ်းလင့်လေးကိုယူထားမိပြန်တယ် ဘယ်တော့ထပ်မှားမလဲမသိသေးဘူး ....
အဲဒီလင့်လေးက အစ်မမြသွေးနီ ရဲ့ ပို့(စ်) လေးကနေ ယူထားတာ ဂျက်ရေ.
Deleteမဂါ့တဂါပေမယ့် စာရေးမှန်တာနဲ့တင် ရာထူးတက်ပေးလိုက်ပြီ ....ဂါစစ်စစ် :P
ReplyDeleteဘလော့ဂါအတော်များများ ပို့စ်တစ်ပုဒ်ရေးတိုင်း ခံစားချက် လှုပ်ရှားမှုလေးတွေ တူတူပဲထင်ပါရဲ့ မွန်လေးရေ။
ဆွေလေးမွန်တော့ တီတင့်ကျေးဇူးနဲ့ ရာထူးတက်ပြီ ဝေ့ :) :) :)
Deleteပစ်လာသွားတယ်..ပစ်လည်း အမလိုဖြစ်နေတာ....
ReplyDeleteဟုတ်တယ် စာရေးချင်လို့ ရေးပေးမယ့် မရတော့ စိတ်တိုင်းမကျဘူးဖြစ်နေတယ် :):):)
Deleteသမီးလည်းစက်ထဲအဲလိုတန်းလန်းတွေချည်းပဲ
ReplyDeleteအဲလို တန်းလန်းတွေ မရဘူးလေ မြန်မြန်ရေးဘာ အသစ်တင်ဘာ :) :) :)
Delete