Thursday 22 July 2010

Explosion




ရင်ခွင်မှာ ဗလောင်ဆူပြီး
ပေါက်ကွဲသံစဉ် တေးသွားတစ်ခုခုကို
ငါ့.....နှလုံးသွေးတွေ
ရပ်တန့်သွားသည့်တိုင်အောင်
မင်းနှလုံးသားက ကြားအောင်..
ငါ...အော်ဟစ်ညည်းဆိုပြလိုက်ချင်တယ်....

နှလုံးသားတွေ ထပ်တူညီပြီဆိုရင်
ဘယ်လောက်ပဲ ဝေးသောအရပ်မှာဖြစ်ဖြစ်
မင်းချစ်ချင်းကို ငါမြင်နိုင်သလို
ငါ့နှလုံးသားရဲ့ နာကျင်မှုတွေကိုလဲ
မင်းသိနိုင်တယ်တဲ့.....

တစ်ကယ်သာ အဲလိုဆို ...ခဲ့ရင်
ခု.... ငါ့နှလုံးသားတွေ ကြေမွနေကြတယ်..
ထွက်ပေါက်တွေ ပိတ်နေကြတယ်..
အရမ်းကို ငါမွန်းကြပ်နေတယ်..
ငါ့နှလုံးသားရဲ့ အချစ်ဆိုတဲ့
အခန်းငယ်ထဲမှာ နှလုံးသွေးတွေ
ပွက်ပွက်ဆူဆူနေကြတယ်..
အရာအားလုံးကို ငါတွန်းကန်ပစ်လိုက်ချင်တယ်.
ငါ..ငါ..ငါ..မင်းအနားကို ရောက်လာချင်နေတယ်..

ဒါမှမဟုတ်..
မင်းရော ငါ့အနားကို လာခဲ့မလား...
မရဲတရဲ ငါမျှော်လင့်နေပေမယ့်
တစ်ကယ်တော့ ....ခုချိန်မှာ
ငါဆုတောင်းမိတာ တစ်ခုထဲပဲ...
ငါတို့ နှလုံးသားတွေ ...ထပ်တူညီနေကြပါစေလို့....
အဲဒါလေး...အဲဒါလေး တစ်ခုထဲပါပဲ........

2 comments:

  1. ထပ်တူညီတဲ့နှလုံးသားတွေဖြစ်ကြဖို့တော့ သိပ်ကိုခက်ခဲတာပါဘဲ
    တကယ်လို့သာ ထပ်တူညီပြီဆိုရင်ဘယ်လောက်ဝေးဝေး
    စိတ်ချင်းက နီးနေကြမှာပါ..

    ReplyDelete
  2. ဆုတောင်းလေး အမြန်ပြည့်ပါစေကွယ်...

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......